ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ဆန်စပါးဒေသဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့ဖွဲ့စည်းခြင်း

Powered by Drupal

       ၃.၁၂.၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် တိုင်းဒေသကြီး(၁) လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဝင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ငွေ၊ (ဒု-ခရိုင်ဦးစီးမှူး) ဒေါ်နှင်းနှင်းခိုင်၊ ဝက်လက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတာဝန်ခံ ဦးမျိုးအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ဖြူဖြူလွင်တို့နှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဥက္ကဌဦးကျော်သူသောင်းစိန်နှင့်ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များ၊ စိုက်ပျိုးထုတ်လုပ်သူတောင်သူများပါဝင်သည့် ဆန်စပါးဒေသဆိုင်ရာကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းရေး ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

     ဝက်လက်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်ဝင်းမှ အဖွဲ့ဖွဲ့စည်း ဆောင်ရွက်ရခြင်း အကြောင်းအရင်းများအား ရှင်းလင်းခဲ့ပြီး ခရိုင်ဦးစီးမှူး ဦးကျော်ငွေမှ အလုပ်အမှုဆောင် ဖွဲ့စည်းရမည့် စည်းမျဉ်းစည်းကမ်းနှင့်နည်းလမ်းများကို ရှင်းလင်းခဲ့ပါသည်။ ထို့နောက် မြို့နယ်ဆန်စက်လုပ်ငန်းရှင်အသင်းဥက္ကဌ ဦးကျော်သူသောင်းစိန်က အသင်းအဖွဲ့အစည်းများသည် ကဏ္ဍတစ်ရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျပြီး မြို့နယ်ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးကြီးပါကြောင်း ဆွေးနွေးခဲ့ပါသည်။

       တက်ရောက်လာသူများထဲမှ ကဏ္ဍအလိုက်အစုအဖွဲ့ဖွဲ့ စည်းရေးညှိနှိုင်း ဆောင်ရွက်ရာ ဆန်စက်လုပ်ငန်းရှင်များအစုအဖွဲ့၊ ဆန်စပါးကုန်သည်များ အစုအဖွဲ့၊ တောင်သူများ အစုအဖွဲ့နှင့် အခြားအသင်းဝင်နှင့် ပညာရှင်များ ပါဝင်သော အစုအဖွဲ့၊ စုစုပေါင်း အစုအဖွဲ့(၄)ဖွဲ့၊ လူဦးရေ (၄၀)ဦးဖြင့် ဖွဲ့စည်းကြပြီး အဆိုပါအစုအဖွဲ့တစ်ခုချင်းဆီမှ ဆန်စက်လုပ်ငန်းရှင်များ (၃)ဦး၊ ဆန်စပါးကုန်သည်များအစုအဖွဲ့ (၃)ဦး၊ တောင်သူများအစုအဖွဲ့ (၃)ဦး၊ ဆန်စပါးပညာရှင် အစုအဖွဲ့ မှ (၁)ဦး ၊ စုစုပေါင်း (၁၀)ဦးဖြင့် ဝက်လက်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့အား ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန