ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဆန်စပါး ဒေသဆိုင်ရာကော်မတီအဖွဲ့ အလုပ်အမှုဆောင် ရွေးချယ်ဖွဲ့စည်း

Powered by Drupal

          ၁၀.၁၂.၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကန့်ဘလူမြို့နယ် ဆန်စပါးဒေသဆိုင်ရာကော်မတီ အဖွဲ့အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကို ကျန်းမာရေးနှင့်အားကာစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ မြို့နယ်အထိ ချိတ်ဆက် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များ၊ တောင်သူများ စုပေါင်းပြီး ဆန်စပါးမြို့နယ်အမှုဆောင် ရွေးချယ်ခဲ့ပါသည်။

          အခမ်းအနားကို မွန်းလွှဲ(၂)နာရီတွင်စတင်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်လှိုင်မှ onlineဖြင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်သူသောင်းစိန်မှ အလုပ်အမှုဆောင်ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ ထိုနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းမှ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အောက်ခြေအဆင့်တွင် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တက်ရောက်လာသည့် စက်ပိုင်၊ ကုန်သည်၊ တောင်သူများမှ မိမိတို့ ကန့်ဘလူမြို့နယ် ဆန်စပါး ဒေသဆိုင်ရာကော်မတီ အလုပ်အမှုဆောင်(၁၀)ဦးအား ရွေးချယ်ခဲ့ပြီး ဆန်စပါး ထုတ်လုပ်ရောင်းဝယ်မှုတွင် အဓိကပါဝင်သည့် တောင်သူ၊ စက်ပိုင်၊ ကုန်သည်များ ညီညွတ်စွာပူးပေါင်းဆောင်ရွက်၍ လယ်ယာ ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပါသည်။ အခမ်းအနားသို့ စုစုပေါင်း(၂၄)ဦး တက်ရောက်ကြောင်း သိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန