စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူရေးရာဦးစီးဌာနတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို အပတ်စဉ်ကျင်းပပြုလုပ်

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို Zoom Application အသုံးပြု၍ Virtual Meeting ဖြင့် အပတ်စဉ် ကျင်းပပြုလုပ်လျက်ရှိရာ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဆောင်ရွက်ပြီးလုပ်ငန်းများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့်အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်မည့် ပံ့ပိုးမှုတို့ကို ဆွေးနွေးကြပါသည်။ အဆိုပါ ဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဦးစီးမှူးမှ လိုအပ်သည်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို လမ်းညွှန်မှုပြုလုပ်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန