တရုတ်နိုင်ငံ မှ တရားမဝင်တင်သွင်းသော ကုန်ပစ္စည်း(၈)မျိုးနှင့်Dali Beer များအား ဖျက်ဆီးခြင်း

Powered by Drupal

   ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး(လက်ထောက် ညွှန်ကြားရေးမှူး)သည် မိတ်ဖက်ဌာနများဖြစ်သော ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ တရုတ်နိုင်ငံဘက်မှ တရား မဝင်တင်သွင်းလာသည့် အကောက်ခွန်ဦးစီးဌာနမှဖမ်းဆီးမိခဲ့သော ကုန်ပစ္စည်း(၈)မျိုး၊ ကြက်အသည်း (၅၀၀)ဖာ၊ တရုတ်နိုင်ငံလုပ် ပဲယို(၁ x ၁၄ Kg)(၄၀၀)ဖာ၊ တရုတ်နိုင်ငံလုပ်ခေါက်ဆွဲခြောက်ထုပ်(၈၁g x ၃၀ Bags)၊ သကြားရည်(၁ x ၂၅kg)(၅၀)ပုံး၊ သကြားရည်(၄ x ၆ Kg) (၂၅)ပုံး၊ တရုတ်နိုင်ငံလုပ် ငါး သံဗူး(၆ x ၁.၈) (၄၅)ဖာ၊ ထောပတ်ဆီ(၁ x ၁၀ Kg) (၈၀)ဖာ၊ အုန်းသီးမှုန့်အိတ်(၁ x ၂၅Kg) နှင့် Dali Beer(၁ x ၂၄Kg)(၁၀၀၀)ဖာ၊ ကုန်ပစ္စည်း(၈)မျိုး၏ စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ်(၁၄၅,၃၀၀၀၀)ခန့်အား အခွန်ဦးစီးဌာနရုံးဝန်း အနောက်ဘက်၌ ၁၁.၁၂.၂၀၂၀ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် မီးရှို့ခြင်းနှင့် လမ်းကြိတ်စက် ဖြင့်ကြိတ်၍ ဖျက်ဆီးခဲ့ခြင်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကချင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန