မြိတ်မြို့ပေါ်ရှိ ဈေး၊ကုန်တိုက်နှင့် စတိုးဆိုင်များတွင်ရောင်းချလျှက်ရှိသည့် အလှကုန်များနှင့်အစားအသောက်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

         ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ  ၁၀ ရက်နေ့တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနတို့ပူးပေါင်း၍ မြိတ်မြို့၊ ပါရမီရပ်၊ ပါရမီစျေးကြီး၌ ရောင်းချနေသော အစားသောက်များ၊ အလှကုန်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပါရမီစျေးကြီးအတွင်းရောင်းချနေသောဆိုင်များ၌ စားသုံးသူပြည်သူများ၀ယ်ယူစားသုံးရာတွင် ဘေးဥပဒ်အန္တရာယ်ကင်းရှင်းမှုရှိစေရန်နှင့် ရောင်းချသော အစားအသောက်/အလှကုန်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိနှင့် သက်ဆိုင်ရာဌာနများမှတားမြစ်ထားသောကုန်ပစ္စည်းများ ရောင်းချနေခြင်းရှိ/မရှိ စျေးကွက်စောင်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

      အလားတူ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စားသုံးသူ ရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တို့ပူးပေါင်း၍ မြိတ်မြို့ပေါ်ရှိ ကုန်တိုက်နှင့် စတိုးဆိုင်များ၌ရောင်းချလျှက်ရှိသည့် ကလေးနို့မုန့်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့် အညီဆောင်ရွက်ထားခြင်းရှိ/မရှိနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ နို့စို့ကလေး နှင့်ကလေးငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားသောက်များစျေးကွက်တင်ခြင်းဆိုင်ရာ အမိန့်ပါပြဌာန်းချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

       အလားတူ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ကုန်တိုက်များနှင့် စတိုးဆိုင်များတွင်  စားသောက်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)အညီ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ နို့စို့ကလေးနှင့် ကလေးငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ စျေးကွက်တင်ခြင်းဆိုင်ရာအမိန့်ပြဌာန်းချက်နှင့် ကိုက်ညီမှု ရှိ/မရှိစျေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ကြောင်းသတင်းရရှိပါသည်။။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန