လုပ်ငန်းရှင်များအားကုန်အညွှန်းအမှတ်အသားအလေးထားဆောင်ရွက်ရေး အသိပေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံသည် စားသုံးသူ ကာကွယ် ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ၁၅.၁၂.၂၀၂၀ ရက်နေ့ မွန်းလွဲ (၁)နာရီချိန်တွင် မုန့်မျိုးစုံ လုပ်ငန်းရှင် (၄)ဦးအားလည်းကောင်း မွန်းလွဲ(၃)နာရီချိန်တွင် သောက်ရေသန့်လုပ်ငန်းရှင်(၃)ဦးအား လည်းကောင်း ဒုတိယပြည်နယ်ဦးစီးမှူးရုံး၌ ဖိတ်ကြားတွေ့ဆုံ၍ လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များ ပြည့်စုံမှန်ကန်စွာဖော်ပြရေး စားသုံးသူများ ဘေးဥပါဒ် အန္တရာယ် ကင်းရှင်းစေရေး နှင့် စားသုံးသူအခွင့်အရေးများအား အလေးထားဆောင်ရွက်ပေးရေးတို့အတွက် ဒုတိယ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ဆက်လက်၍ လုပ်ငန်းရှင်များမှ မိမိ တို့လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များအား အလေးထားဆောင်ရွက်နေကြောင်း လိုအပ်သောအချက်များပြန်လည်ထည့်းသွင်းဖော်ပြသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်များအား အသိပေးဆွေးနွေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန