SPS and Quarantine

Powered by Drupal

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အစားအသောက်တင်ပို့သည့်လုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးဆိုင်ရာ အချက်အလက်များ

ဂျပန်နိုင်ငံ၊ ကျန်းမာရေး၊ အလုပ်သမားရေးရာနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန(MHLW)က သစ်ကြားသီး(Walnut) တင်သွင်းမှုအပေါ် ဖြေလျော့ပေးမှုနှင့်ပတ်သက်၍ ကြေငြာချက်ထုတ်ပြန်

        ဂျပန်နိုင်ငံ၊ ကျန်းမာရေး၊ အလုပ်သမားရေးရာနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန(MHLW)၊ Head of the Office of Import Food Safety ၊ Food Inspection and Safety Division မှ သစ်ကြားသီး တင်သွင်းမှုအပေါ် Aflatoxin ပါဝင်မှုစစ်ဆေးခြင်းကို ဖြေလျော့ပေးခြင်းနှင့် ပတ်သက်၍ အသိပေးကြေငြာချက်ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

          MHLW(Japan)အနေဖြင့် ဂျပန်နိုင်ငံ၏ စားသောက်ကုန်များ တင်သွင်းမှုစစ်ဆေးခြင်း လုပ်ငန်းစဉ်များကို နှစ်စဉ် ပြန်လည်သုံးသပ်လျက်ရှိပြီး ယခု ၂၀၂၁ ခုနှစ်အတွက် အစားအစာသန့်ရှင်းရေးအက်ဥပဒေ၏ အပိုဒ် ၂၆၊ အပိုဒ်ခွဲ ၃ ပါ  Aflatoxin ပါဝင်မှုစစ်ဆေးခြင်း အမိန့်အရ ဂျပန်နိုင်ငံအတွင်းသို့ တင်သွင်းသည့် သစ်ကြားသီးများ (Walnuts)အပေါ် Aflatoxin ပါဝင်မှု စစ်ဆေးခြင်းအမိန့်ကို ဖယ်ရှားပြီးဖြစ်ကြောင်း၊ သို့သော် တင်သွင်းလာသည့် Walnut များကို အခြားသော စားသောက်ကုန်အပိုင်း စစ်ဆေးခြင်း လုပ်ငန်းစဉ်များဖြင့် ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ Aflatoxin ပါဝင်မှု စစ်ဆေးခြင်းနှင့် သက်ဆိုင်သော စိစစ်မှုဖယ်ရှားခြင်းအမိန့်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်ကျင့်သုံးလျက်ရှိကြောင်း သိရှိရပါသည်။

References :

https://www.mhlw.go.jp/english/topics/importedfoods/21/notice-2021-0330-...

https://www.mhlw.go.jp/english/topics/importedfoods/21/appendix1.html

https://www.mhlw.go.jp/english/topics/importedfoods/21/21-04.html

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ စိုက်ပျိုးရေးထုတ်ကုန်အချက်အလက်များအား တင်သွင်းရာတွင် ထိရောက်စွာ ဈေးကွက်ရှာဖွေနိုင်ရေးအတွက် လိုအပ်သည့်အချက်အလက်များ (21.7.2020)

လယ်ယာထွက်ကုန်သီးနှ့များစိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးပြုသော ပိုးသတ်ဆေးအပါအဝင် ဓါတုဆေးသုံးစွဲမှုအခြေအနေ

Subscribe to RSS - SPS and Quarantine