မြင်းခြံခရိုင်၏ပဲစဉ်းငုံ(မိုးဦး)စိုက်ပျိုးထားရှိမှုနှင့် တစ်ဧကကုန်ကျစရိတ်

     အပူပိုင်းဒေသဖြစ်သာ မြင်းခြံခရိုင်သည် ဆည်ရေသောက် အသင့်တင့်ရှိ၍ ပဲမျိုးစုံ၊ ပြောင်း၊ မြေပဲ၊ ဆီထွက်သီးနှံနှင့် ကြက်သွန်နီများစိုက်ပျိုးလျက်ရှိရာ ပဲစဉ်ငုံ(မိုးဦး) သီးနှံကိုလည်း စိုက်ပျိုး ထားရှိကြောင်းသိရှိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဘဏ္ဍာနှစ်တွင် မြင်းခြံခရိုင်ချုပ်အနေဖြင့် စိုက်ပျိုးထားရှိသော ပဲစဉ်းငုံ(မိုးဦး) စိုက်ဧကပေါင်း (၁၀၂၁၆၅) ဧက စိုက်ပျိုး ထားရှိကြောင်း ခရိုင် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ မြို့နယ် များအနေဖြင့် စိုက်ပျိုး ထားရှိမှုမှာ မြင်းခြံမြို့နယ်တွင် (၆၀၀၃)ဧက၊ တောင်သာမြို့နယ်တွင် (၁၈၃၆၁) ဧက၊ နွားထိုးကြီး မြို့နယ်တွင် (၇၇၈၀၁)ဧကစိုက်ပျိုးထားရှိကြောင်း၊ (၂၇၂၆)ဧက ပဲစဉ်းငုံသီးနှံကို ‌မေလနှင့် ဇွန်လ တို့တွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းထွက် ပေါ်ကြောင်း၊ တစ်ဧက ကုန်ကျ စရိတ်အနေဖြင့် (၃၇၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊  သက်ကြီး ရွှေဒင်္ဂါးမျိုး များကို  စိုက်ပျိုးကြကြောင်း၊ ယခင်နှစ် ထွက်ပေါ်ချိန် ပဲစဉ်းငုံ တစ်တင်းလျှင် (၁၀၇၅၀၀) ကျပ်ပေါက်ဈေးများရှိကြောင်း၊ အထွက်နှုန်းအနေဖြင့်(၁၀)တင်းခန့်ထွက်ရှိကြောင်း၊ တစ်ဧကအကျိုး အမြတ်အနေဖြင့်(၇၀၅၀၀၀)   ကျပ်ရှိကြောင်း၊  ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် ပဲစဉ်းငုံ နီ တစ်တင်းလျှင် (၇၈၀၀၀) ကျပ်၊ အဖြူတစ်တင်းလျှင် (၇၃၃၀၀) ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ တောင်သူများကိုယ်တိုင် မြင်းခြံမြို့ပေါ်ရှိ ပွဲရုံများသို့လာရောက် ‌ရောင်းချ ကြောင်း၊ ထိုပွဲရုံများမှတဆင့် မန္တလေးမြို့နှင့် ရန်ကုန်မြို့သို့ တင်ပို့ ရောင်းချကြောင်း၊ မိုးကိုမျှော် ပြီးစိုက်ပျိုးရသော သီးနှံဖြစ် သောကြောင့် ရာသီဥတုကောင်း မွန်ပါကအထွက်နှုန်း ပိုမိုထွက် ရှိနိုင်မည်ဖြစ်ကြောင်း၊ ထွက်ပေါ်ချိန်တွင် ဈေးကောင်းပါက အကျိုးအမြတ် ပိုမိုရရှိနိုင် မည်ဖြစ် ကြောင်း ပဲစဉ်ငုံစိုက်တောင်သူ တစ်ဦး၏ ပြောပြ ချက်အရသိရှိရ သည်။

DOCA (မန္တလေး)