Domestic and Foreign Trade News

Date:

၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ကျွန်းလှမြို့နယ်၏ ကွမ်းရွက်ဈေးနှုန်း များအနေဖြင့် ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ကွမ်း ရွက်(ကြီး)တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း၊ ကွမ်းသီးစိတ် ဈေးနှုန်းများမှာ အရည်အသွေးပေါ် မူတည်၍ ကွမ်းသီးစိတ်(ရှယ်) တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ကွမ်းသီးစိတ် (လတ်) တစ်ပိဿာလျှင် (၃၁၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကွမ်းသီးစိတ်များကို ကွမ်းယာဆိုင်များမှ အဓိက ဝယ်ယူကြောင်း သိရ သည်။

DOCA(စစ်ကိုင်း)

Date:

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးသည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေး ဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ၊ ယခုအခါ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ် ဟင်းသီးဟင်းရွက်များ ရောင်းချလျက်ရှိကြောင်း သိရသည်။

Date:

  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Date:

၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် စားဖိုဆောင် သီးနှံများကို နေ့စဉ်ရောင်းချလျက်ရှိရာ   ဂျင်း(ချင်း)တက်ဈေးနှုန်းများအနေဖြင့်  လက္ကား(၁) ပိဿာလျှင်(၆၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၆၃၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ကြက်သွန်ဖြူ ရှမ်းဥအလုံးကြီး တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ဗမာဖြူတစ်ပိဿာလျှင် ၁၀၀၀ကျပ်ဖြင့် ရောင်းချ ကြောင်း၊ ကြက်သွန်နီအလုံးကြီး တစ်ပိဿာလျှင် ၁၈၀၀ကျပ်၊ အလုံးသေးတစ်ပိဿာလျှင် ၁၆၀၀ကျပ်ဖြင့် ရောင်းချကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါကယခုပတ်အတွင်း ကြက်သွန်နီဈေးတည်ငြိမ်လျက်ရှိကြောင်း သိရသည်။

Date:

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် နေရာအနှံ့အပြားတွင် မန်ကျည်း ပင်များ အလေ့ကျပေါက်ရောက်ပြီး ဒေသခံပြည်သူများက မန်ကျည်းသီးမှည့်ချိန်တွင် ခူးဆွတ်ကာ ရောင်းချကြောင်း၊ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်းသီး မှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်ကို လူကြိုက်များ၍ အရောင်း အဝယ်ပိုဖြစ်ကြောင်း သိရသည်။

Date:

   အုန်းပင်ကို မြန်မာနိုင်ငံအနှံ့အပြားနှင့် ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ အများ အပြား ပေါက်လေ့ရှိပါသည်။ မုံရွာမြို့အတွင်းသို့ ကနီ၊ တွင်းမဒေသထွက် အုန်းသီးများ အဓိက ဝင်ရောက်လျှက်ရှိပြီး လမ်းဘေးတစ်လျောက် ဈေးသည်များမှ ရောင်းချလျှက်ရှိကြောင်း သိရသည်။ အုန်းသီးကို ဘုရားပွဲ၊ တရားပွဲ၊ ကန်တော့ပွဲများ ပြင်ဆင်ရာတွင် အသုံးပြု ကြသလို မိရိုးဖလာ ကန်တော့ပွဲများတွင်လည်း အုန်းသီးကို ထည့်သွင်းအသုံးပြုကြသည်။ အုန်းရည်မှာ ကျန်းမာရေးအတွက်လည်း အထူးသင့်လျော်ပြီး သဘာဝအသီး ဖျော်ရည် တစ်မျိုးလည်း ဖြစ်သည်။ အုန်းရည်က အာရုံကြောတွေနဲ့ ကြွက်သားတွေအတွက်လည်း အထူး ကောင်းမွန် သော အသီးတစ်မျိုးဖြစ်ပါသည်။

Date:

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် ဖလံတောင်ဝှေးပင်များကို အခြားစားပင်သီး ပင်များကဲ့သို့ စိုက်ပျိုးခြင်းမရှိသော်လည်း ကန့်ဘလူမြို့နယ်နေရာအနှံ့အပြားတွင် အများအပြား လေ့ကျပေါက်ရောက်ကြသည်။  ဖလံတောင်ဝှေးပင်သည် ဥမှအလေ့ကျပေါက်သော ဩဂဲနစ်စစ် စစ်ဖြစ်ပါသည်။ ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောဒေသများမှ လယ်တော၊ ယာတောများနှင့် မိမိတို့အိမ်တွင် အလေ့ကျပေါက်ရောက်သော ဖလံတောင်ဝှေး ပင်၏ အဖျားပိုင်းများကိုချိုးယူ၍ အစည်းလေးများပြုလုပ်ကာ ဖလံတောင်ဝှေးများကို  ကန့်ဘလူ မြို့မဈေးတွင် လာရောက်ရောင်းချကြောင်း သိရသည်။

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် သလဲသီးများကို ရောင်းချလျက်ရှိပါသည်။ သလဲသီးများကို နေအိမ်ခြံစည်းရိုးများတွင်စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် အသီးများကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြောင်းသိရသည်။

Date:

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ပူစီနံနံပင်များကို  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။  

Date:

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

  စစ်ကိုင်းတိုင်းဒေသကြီးတွင် နှစ်စဉ် ရာသီအလိုက် သစ်သီးသီးနှံများ ရောင်းချလျက်ရှိရာ ယခုနှစ်တွင် သီးနှံဈေးကွက်အတွင်း ဖရဲသီးဈေးကွက်၌ ဝယ်လိုအားကောင်းပြီး ဈေးကောင်း ရရှိလျက် ရှိကြောင်း ဖရဲသီးရောင်းချသူများထံမှ သိရပါသည်။

Date:

  ဇရစ်ရိုးပင်သည် ဆူးရှိသော အပင်ငယ် တစ်မျိုးဖြစ်ပြီး အရွက်နှင့် အရိုးတံပါ(၂) မျိုး စလုံး စား၍ရသော အပင်တစ်မျိုး ဖြစ်ပါသည်။ ကျေးရွာများတွင် စိမ့်စမ်းရေမှ ဖြစ်ပေါ်လာပြီး စမ်းချောင်းငယ်များ၊ စိုစွတ်သော မြေများတွင် ဇရစ်ရိုးပင်များ ပေါများစွာ ပေါက်ရောက်ကြပါ သည်။ မိုးရာသီတွင် ဇရစ်ရိုးပင်များ ပေါများစွာပေါက်ရောက်ပြီး ယခုနွေရာသီတွင် ဇရစ်ရိုးများ ရှားပါးလာပါသည်။ နွေရာသီ ဇရစ်ရိုးများပေါ်ချိန်တွင် ဇရစ်ရိုးပင်မှ ဇရစ်ရိုးနုများကို ဒေသခံများက မိသားစု ဝင်ငွေရရှိရေးအတွက် ခူး၍ ပြန်လည်ရောင်းချကြပါသည်။ နွေရာသီ ဖြစ်သည့်အတွက် ဇရစ်ရိုးများတစ်စည်းလျှင် (၃၀၀-၄၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပ

Date:

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် နေ့စဉ်လာရောက် ရောင်းချသူများ၊ ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ဒေသတွင်းနှင့် အခြားဒေသများမှ ဝယ်ယူရောင်းချလျက်ရှိရာ ယခုအခါ တွင် လမ်းပန်းဆက်သွယ်ရေး အခက်ခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ် မြင့်တက် လျက်ရှိရာမှ အသား/ငါး ဈေးနှုန်းများထဲမှ အမဲသားဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

Date:

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်း ခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးတွက် အသက်မွေးဝမ်းကြောင်း ပြုသူများရှိသည့်အနက် သပြေပန်းကိုလည်းချိုးပြီး ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။

Date:

  ၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့ရှိ ပြည်သူတစ်ချို့သည့် စိုက်ပျိုးရေးကိုအခြေခံ၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာမှ စားဖိုဆောင်သီးနှံ ဖြစ်သည့် သခွား သီး၊ ရုံးပတီသီး၊ ခရမ်းသီး၊ ဘူးသီး၊ ချဉ်ပေါင်ရွက်စသည်တို့ကိုလည်း စိုက်ပျိုးထားရှိကြပြီး သခွားသီး မျိုးများဖြစ်သည့် ရိုးရိုးဗမာသခွားသီးနှင့် တိုင်ထောင် သခွားသီးဟူ၍ နှစ်မျိုးစိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။

Date:

  ၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းသို့ ယခုရာသီအချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုး ကြသော ရွှေဖရုံသီးများကို ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းသို့ လာရောက်ပို့ဆောင် ရောင်းချကြ ပြီး ရာသီချိန်မဟုတ်သည့် ကာလများတွင် ရွှေဖရုံသီးများကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချရကြောင်း သိရှိရပါ သည်။

Date:

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက်များတွင် ရှားပါးသော ရာသီ၌ ရောင်းချရန်အတွက် ဒေသအတွင်းထွက်ရှိသည့် မျှစ်များ လှိုင်လှိုင် ပေါ်ချိန်တွင် မျှစ်ချဉ်/မျှစ်ချို တို့ကို နှစ်လည်ခါကြူရောင်းချရန်အတွက် စဉ့်အိုးများ အင်တုံများ ပလပ် စတစ်အကြည်အိပ်များနှင့် သိပ်ထားပြီး မျှစ်ချို/မျှစ်ချဉ်တို့ကို ရောင်းချကြပါ သည်။