Languages

အိန္ဒိယနိုင်ငံတွင် နွေသီးနှံစိုက်ဧက ၅၀ ရာခိုင်နှုန်းတိုးချဲ့ရန် စီစဉ်နေသည့် သတင်း

Powered by Drupal

အိန္ဒိယနိုင်ငံတွင် နွေသီးနှံစိုက်ဧက ၅၀ ရာခိုင်နှုန်းတိုးချဲ့ရန် စီစဉ်နေသည့် သတင်း

အိန္ဒိယအစိုးရသည် နွေသီးနှံစိုက်ဧရိယာကို ၅၀ % အထိ တိုးချဲ့ရန် စီစဉ်ထားပြီး ၂၀၂၀ ပြည့်နှစ် အတွင်း ဟက်တာ ၃.၄သန်း စိုက်ပျိုးခဲ့ရာက ၂၀၂၁ ခုနှစ်တွင် ဟက်တာ ၅.၁သန်းအထိ မြှင့်တင်သွားရန် ရှိကြောင်း၊ “အဓိကအလေးပေးထားတာကတော့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ အထွက် မြှင့်တင်ဖို့ဖြစ် ကြောင်း၊ သီးနှံတွေဟာ ရေလိုအပ်ချက်နည်းပြီး အစားအသောက်ပိုင်းကိုလည်း တန်ဖိုးတပ်တိုးစေပါတယ် ဟု” စိုက်ပျိုးရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဉီးက ပြောကြားခဲ့ပါသည်။ စိုက်ပျိုးရေးဝန်ကြီးဌာန သည် သောကြာနေ့တွင် ပြုလုပ်မည့် နွေသီးနှံ စိုက်ပျိုးရေးရာသီ ညီလာခံ၌ နွေသီးနှံအထွက်နှုန်း မြှင့်တင်ရေး မဟာဗျူဟာနှင့် စီမံကိန်းကို ထုတ်ပြန်သွားမည် ဖြစ်ပါသည်။ “နွေသီးနှံတွေကို သွင်းရေရရှိတဲ့ ပြည်နယ် ၁၃ ခုအတွင်း မတ်လနှင့် ဇွန်လကြား၌ စိုက်ပျိုးပါသည်။ ဒါဟာ ဆောင်းသီးနှံ အပြီး မိုးသီးနှံ မစတင်ခင်မှာ တောင်သူတွေကို ဝင်ငွေ အခွင့်အလမ်း တစ်ခုရ စေပါတယ်” ဟု အရာရှိက ပြောကြားခဲ့ပါသည်။ အိန္ဒိယတွင် နွေသီးနှံကို စိုက်ပျိုးမြေယာ စုစုပေါင်းအနက် ၂ % တွင်သာ စိုက်ပျိုး ကြောင်း ပြောကြားခဲ့ပါသည်။ “

စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်စာရင်းများအရ ယခုနှစ်တွင် အဓိက ဆည်ကြီး ၁၂၈ စင်း၏ရေ လက်ကျန်မှာ ၁၀နှစ်တာ ပျမ်းမျှနှုန်းထက် ၂၂% ပိုများကြောင်း သိရှိရပါသည်။ ၎င်းက ဆည်မြောင်းရေကို လုံးလုံးလျားလျား မှီခိုရသော နွေသီးနှံများတွင် သွင်းရေအချိန်မှီ ရရှီစေရေး အထောက်အကူ ဖြစ်နိုင်ပါကြောင်း၊ အစိုးရက မျိုးကောင်းမျိုးသန့်၊ ပိုးသတ်ဆေးနှင့် ဓါတ်မြေသြဇာ များ တောင်သူထံ အချိန်မီ ဖြန့်ဖြူးနိုင်ရန်လည်း ဆောင်ရွက်ထားကြောင်း သိရှိရပါသည်။ “ ဘီဟာ၊ ဂူဂျရတ်၊ မဇျွဒေသ၊ ကာနာတာကာနှင့် အန္ဓရဒေသပြည်နယ်တွေဟာ နွေကာလအတွင်း သီးနှံ အများဆုံး စိုက်ပျိုးတဲ့ဒေသတွေဖြစ်ပါကြောင်း၊အထူးသဖြင့် ပဲမျိုးစုံပါဝင်သည့်နွေသီးနှံစိုက်ပျိုးမှုဟာ မြေကြီးရဲ့ နိုက်ထရို  ဂျင်ဓါတ်ကို ဖြည့်စွမ်းပေးပြီး မိုးသီးနှံအတွက် မြေပြင်ဆင်ပေးရာ ရောက်ပါကြောင်း” ပြောကြား ခဲ့ပါသည်။ အစိုးရသည် နွေကာလအတွင်း စိုက်ပျိုးမှုမှာ နှံစား၊ ပဲမျိုးစုံနှင့် ဆီထွက် စုစုပေါင်းအထွက်နှုန်း တန်ချိန် ငါးသိန်းရရှိရန် မျှော်မှန်းထားကြောင်း  “ကိုဗစ်ကပ်ရောဂါ ဖြစ်နေချိန်တွင်  ပြောင်းဖူး၊ နှံစား ပြောင်း၊ လူး၊ ဆပ်စသည့် အာဟာရဖြစ်သည့် နှံစားသီးနှံတွေကို ကမ္ဘာ့စျေးကွက်ဝယ်လိုအား မြင့်တက် လာခဲ့ပြီး၊ တောင်သူများသည် ၎င်းသီးနှံများအား စိုက်ပျိုးရာမှ  ပို့ကုန်အခွင့်အလမ်း ပွင့်လာနိုင်ပြီး ဝင်ငွေ ကောင်း မြင့်တက်လာနိုင်ပါကြောင်း၊ တောင်သူများသည် သီးနှံများ စိုက်ပျိုးရာမှ ပို့ကုန် အခွင့်အ လမ်း ပွင့်လာနိုင်ပြီး ဝင်ငွေကောင်း  ရရှိလာနိုင်ပါကြောင်း၊ တောင်သူတွေအနေနဲ့ ရေလိုအပ်ချက်နည်းတဲ့ အာဟာရဖြစ် နှံစားသီးတွေ စိုက်ပျိုးဖို့  အစိုးရက အားပေးနေကြောင်း သိရှိရပါသည်။

ရင်းမြစ်- The Economic Times