Languages

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

    အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇူလိုင်လ(၅)ရက်နေ့မှ ဇူလိုင်လ (၁၁)ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ်၁၄၀၀မှ ကျပ်၂၀၀၀အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ်၅၀၀မှ ကျပ်၂၀၀၀အတွင်း၊ ပန်းဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ်၅၀၀မှ ကျပ်၁၃၀၀အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ်၂၆၀၀မှ ကျပ်၂၈၀၀အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ်၂၅၀၀မှ ကျပ်၄၀၀၀အတွင်း၊ ရွှေဖရုံသီးတစ်လုံးလျှင် ကျပ်၆၀၀မှ ကျပ်၅၀၀၀အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ်၁၂၀၀မှ ကျပ်၁၈၀၀အတွင်း၊ မုန်ညှင်းထုပ်တစ်ပိဿာလျှင် ကျပ်၂၂၀၀မှ ကျပ်၂၅၀၀အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ်၁၇၀၀မှ ကျပ်၂၃၀၀အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ်၇၂၀၀မှ ကျပ်၇၅၀၀အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ်၆၉၀၀မှ ကျပ်၇၂၀၀အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ်၅၀၀၀မှ ကျပ်၅၅၀၀အတွင်း၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ်၂၀၀မှ ကျပ်၃၀၀အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ်၆၀မှ ကျပ်၁၀၀အတွင်း၊ ခရမ်းသီး(ရှည်)တစ်ပိဿာလျှင် ကျပ်၁၀၀၀မှ ကျပ်၁၅၀၀အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ်၂၀မှ ကျပ်၁၀၀အတွင်း၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း)တစ်ပိဿာလျှင် ကျပ်၂၂၀၀မှ ကျပ်၂၈၀၀အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)တစ်လုံးစီလျှင် ကျပ်၁၅၀၀မှ ကျပ်၆၀၀၀အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း(၂၆၉၇၅၀)ကျော်၊ ခရမ်းသီး(ရှည်)ပိဿာပေါင်း(၁၂၂၂၀)ကျော်၊ ဘူးသီးအလုံးပေါင်း(၁၈၃၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၃၀၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၃၆၀၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း(၂၄၅၀၀)ကျော်၊ မုန်ညှင်းထုပ်ပိဿာပေါင်း(၈၄၈၅)ကျော်၊ ဖရဲသီးလုံးပေါင်း(၆၀၀၀)ကျော်  စသည်ဖြင့် အသီးသီးကုန်အဝင်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)