Languages

အင်ဒိုနီးရှားနိုင်ငံတွင် ဆန်စက်များနှင့် ဆန်သိုလှောင်မှုအချက်အလက်များ ကောက်ယူမည်

Powered by Drupal

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် စားနပ်ရိက္ခာအကျပ်အတည်းကို ကြိုတင်ခန့်မှန်းနိုင်ရေးအတွက် အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီးဌာနသည် အမျိုးသားရဲတပ်ဖွဲ့၏ စားနပ်ရိက္ခာလုပ်ငန်းအဖွဲ့နှင့် ပူးပေါင်း၍ နိုင်ငံတစ်ဝန်းရှိ ဆန်စက်များနှင့် ဆန်စပါးဖြည့်တင်းမှု (ထောက်ပံ့ရေး) ဆိုင်ရာ အချက်အလက်များကို စုဆောင်းကောက်ခံသွားမည်ဖြစ်ကြောင်း သိရပါသည်။

အယ်နီညိုရာသီဥတုနှင့်  အခြားသောအကျပ်အတည်းများကို  ရင်ဆိုင်နေရသည့်အတွက် အမျိုးသား ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန် ဝန်ကြီးဌာနရှိ ဝန်ထမ်းအဆင့်အားလုံးကို တိုက်တွန်းလိုပါကြောင်း စိုက်ပျိုးရေးဝန်ကြီး Syahrul Yasin Limpo က ၂၉-၈-၂၀၂၃ ရက်၊ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်တွင် ဆန်စက်ပေါင်း ၁၆၉,၇၈၈ ခုရှိပြီး  အသေးစားဆန်စက် အရေအတွက် ၁၆၁၄၀၀ ခု၊ အလတ်စားဆန်စက် ၇၃၃၂ ခု နှင့် အကြီးစားဆန်စက် ၁၀၅၆ ခု ပါဝင်ကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ အခြေခံစစ်တမ်းကောက်ယူမှု စာရင်းအင်းများအရ သိရှိရပါသည်။

အယ်နီညို ရာသီဥတုနှင့် စက်တင်ဘာလအထိ ကြာမြင့်နိုင်မည်ဟု မျှော်လင့်ရသည့် ခြောက်သွေ့ ရာသီတို့ကို ရင်ဆိုင်နိုင်ရန် နိုင်ငံတစ်ဝန်းရှိ ဒေသသုံးခုတွင် မတူညီသော ဇုန်သုံးခုကို  ဖွဲ့စည်းထားကြောင်း၊ အနီရောင်ဇုန်သည် ရေပေးဝေမှု မလုံလောက်သော ဒေသများဖြစ်ကြောင်း၊ အဝါရောင်ဇုန်သည် ရေလုံလောက်စွာ ပေးဝေနိုင်သည်ဟု ယူဆရသော နယ်မြေဖြစ်ကြောင်းနှင့် အစိမ်းရောင်ဇုန်သည် ရေပေါများသောဒေသဖြစ်သည်ဟု သတ်မှတ်ထားကြောင်း သိရပါသည်။

ပြည်နယ် ၃၈ ခု ရှိရာ ပါပူဝါ၊ ဘာလီနှင့် ဘန်တန်တို့သည် အနီရောင်ဖြစ်ပြီး၊ အများစုမှာ အဝါရောင်နှင့် အချို့မှာ အစိမ်းရောင်ဒေသဖြစ်ကြောင်းနှင့် ခိုင်မာအားကောင်းရန်လိုအပ်ကြောင်း စိုက်ပျိုးရေးဝန်ကြီး Limpo က ပြောကြားခဲ့ပါသည်။

Source: Antara News, 29 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)