Languages

အမေရိကန်နိုင်ငံ ရာသီဥတုဌာနက အယ်လ်နီညိုဖြစ်ပွားမှုအခွင့်အလမ်းမှာ ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ အထိ ၉၅ ရာခိုင်နှုန်း အထိ ဆက်လက်ဖြစ်ပေါ်နေမည်ဟုခန့်မှန်းထား

Powered by Drupal

လွန်ခဲ့သောသီတင်းပတ် (၄) ပတ်ကျော်ကာလခန့်တွင် အိန္ဒိယသမုဒ္ဒရာအနောက်ပိုင်း ဒေသအပြင် ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် ပင်လယ်ရေမျက်နှာပြင် အပူချိန်များမြင့်တက်မှုနှင့်အတူ ပူနွေးသောရေပြင်ရာသီဥတု အခြေအနေ ဖြစ်ပေါ်လေ့ရှိသည့် အယ်လ်နီညို ရာသီဥတုလက္ခဏာမှာ ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။ အမေရိကန် ရာသီဥတုအဖွဲ့အစည်း မိုးလေဝသ ခန့်မှန်းသည့်ဌာနက အယ်လ်နီညိုဖြစ်ပွားမှုအခွင့်အလမ်းများသည် ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလမှ ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ၉၅ ရာခိုင်နှုန်း အထိ ဆက်လက်ဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့ပါ သည်။

ဓာတုရောင်ခြည်လှိုင်းရှည်ဖြာထွက်မှုကဲ့သို့သော မူမမှန်သောဖြစ်ရပ်များမှာ ဆက်လက်ဖြစ်ပေါ်နေပြီး အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြသည့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံများ တစ်ဝိုက်တွင် အပူစီးကူးမှုနှင့် မိုးရွာသွန်းမှုတို့ကို လျော့နည်းစေခဲ့ ကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံအနီးတွင် ၂ဝ၂၃ ခုနှစ် ဇူလိုင်လလယ်မှစတင်၍ ယင်းကဲ့သို့မူမမှန်ဖြစ်ရပ်များမှာ ဖြစ်ပေါ်နေခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် အမျိုးသားသမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေးဌာနက ပြောကြားခဲ့ပါသည်။ အဆိုပါဌာန၏ ခန့်မှန်းချက်အရ အယ်လ်နီညို သို့မဟုတ် လာနီညာအခြေအနေများမှာ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ကမ္ဘာ့မြောက်ဖက်ခြမ်းတွင် ၂ဝ၂၃-၂ဝ၂၄ ဆောင်းရာသီကာလတစ်လျှောက် အယ်လ်နီညို ရာသီဥတုမှာ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း၊ ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလမှ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ပြင်းထန်သောအယ်လ်နီညိုရာသီဥတုဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း သိရှိရပါသည်။

၂ဝ၂၃ ခုနှစ်အတွင်း မုတ်သုန်ရာသီမှာ ဇူလိုင်လတွင် ပုံမှန်အထက် မိုးရွာသွန်းပြီး ဩဂုတ်လ တွင် ၃၂ ရာခိုင်နှုန်းအောက် မိုးရွာသွန်းမှု လျော့နည်းမှုများဖြစ်ပေါ်ခဲ့ပါသည်။ အယ်လ်နီညိုရာသီဥတုသည် အာရှဒေသတွင် မိုးခေါင်ရေရှားမှုနှင့် ခြောက်သွေ့သောရာသီဥတုကို ဖြစ်ပေါ်စေခဲ့ပြီး ရာသီဥတုလက္ခဏာမှာ ပိုမိုတိုးတက်လာခဲ့ကြောင်း အာရှဒေသများ၏ အစီရင်ခံစာများမှ သိရှိရပါသည်။

Source: The Hindu Business Line , September 06, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)