Languages

ဖိလစ်ပိုင်နိုင်ငံ၏ တတိယသုံးလပတ် စပါးအထွက်ပမာဏ ကျဆင်းဖွယ်ရှိခြင်း

Powered by Drupal

ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ် သြဂုတ်လအထိ အချက်အလက်များအရ ဇူလိုင်လမှ စက်တင်ဘာလအတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ မက်ထရစ်တန်ချိန် ၃.၈၈ သန်း ထွက်ရှိရန် ခန့်မှန်းထားပြီး ၂၀၂၂ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၀.၃ ရာခိုင်နှုန်း ကျဆင်းမည်ဟု ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့ (PSA) က ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ် တတိယသုံးလပတ်၌ ဖိလစ်ပိုင်နိုင်ငံ၏ စပါးရိတ်သိမ်းနိုင်မည့် စိုက်ပျိုးမှုဧရိယာသည် ၉၂၆၉၅၀ ဟက်တာဖြစ်၍ ယခင်နှစ်ကာလတူ စပါးရိတ်သိမ်းဧရိယာဟက်တာ ၉၃၁၇၅၀ အပေါ် ၀.၅ ရာခိုင်နှုန်း လျော့နည်းလျက်ရှိသည်။ လက်ရှိကာလတွင် ရိတ်သိမ်းနိုင်မည့် ဧရိယာစုစုပေါင်း၏ ၁၈.၁ ရာခိုင်နှုန်းနှင့်ညီမျှသော ၁၆၈၀၇၀ ဟက်တာခန့်ကို ရိတ်သိမ်းခဲ့ပြီး စပါးတန်ချိန် ၆၉၃၅၁၀ ရရှိခဲကြောင်း၊ ၂၀၂၃ ခုနှစ် တတိယသုံးလပတ်အတွက် စပါးစိုက်ပျိုးထားရှိမှုအခြေခံ၍ တစ်ဟက်တာ အထွက်နှုန်းမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၀.၅ ရာခိုင်နှုန်း တိုးတက်လျက် ၄.၀၉ တန်နှုန်းရရှိနိုင်ကြောင်း PSA က ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် တတိယသုံးလပတ်၌ ရိတ်သိမ်းရန်ကျန်သည့် စပါးစိုက်ဟက်တာ ၇၅၈၈၈၀ အနက် အပင်ပေါက်အဆင့်တွင် ၁၄.၇ ရာခိုင်နှုန်း၊ မျိုးပွားမှုအဆင့်တွင် ၅၅.၅ ရာခိုင်နှုန်းနှင့် အရွယ်ရောက်သည့်အဆင့်တွင် ၂၉.၈ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။

Source: Manila Times, 19 Sept 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)