Languages

တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုကို ၂ဝ ရာခိုင်နှုန်း မြှင့်တင်ရန် ကမ္ဘောဒီးယားက စီစဉ်လျက်ရှိ

Powered by Drupal

ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံသို့ ကြိတ်ခွဲပြီးဆန် ၂ဝ ရာခိုင်နှုန်း ပိုမိုတင်ပို့သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Hun Manet က ပြောကြားခဲ့ပါသည်။ အဆိုပါကြေညာချက်ကို ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဘာတီခရိုင်၊ တာခဲအိုပြည်နယ်အခြေစိုက် စက်ရုံ ၁၈ ရုံမှ အလုပ်သမား ၁၈၁ဝ၄ ဦးနှင့် အစည်းအဝေးကျင်းပ ပြုလုပ်စဉ် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးဌာနများမှ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြပါသည်။

ဝန်ကြီးချုပ် Hun Manet က တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုမြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းရှိ အလုပ်သမားထောင်ပေါင်းများစွာအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် ကြီးမားသောရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံ၏ပို့ကုန် အထူးသဖြင့် လယ်ယာကဏ္ဍပို့ကုန်များတန်ဖိုးကို တိုးတက်စေခဲ့ကြောင်း၊ ကမ္ဘောဒီးယားမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုကို ၂၀ ရာခိုင်နှုန်းမြှင့်တင်ရန် တရုတ်နိုင်ငံသမ္မတ Xi Jinping က သဘောတူညီထားပြီးဖြစ်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍရှိ လုပ်ငန်းရှင်များအနေဖြင့် ဆန်တင်ပို့ရာတွင် ဈေးနှုန်း၊ အရည်အသွေးနှင့် အရေအတွက်တို့ကို အာမခံနိုင်ရန်ဆောင်ရွက်သွားမှသာ အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း၊ပုဂ္ဂလိကကဏ္ဍနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်း များအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် တိုက်တွန်းပြောကြားခဲ့ပါသည်။

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အထူးသဖြင့် တရုတ်နိုင်ငံရှိ ပြည်နယ်မြို့ကြီးများအပါအဝင် နိုင်ငံများစွာသို့ ဆန်တင်ပို့ရန် ရည်မှန်းထားသဖြင့် အရည်အသွေး စံချိန်စံညွှန်းမြင့်မားသော လယ်ယာထွက်ကုန်များကိုသာမက အရေအတွက်ကိုပါ တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ဝန်ကြီးချုပ်က Hun Manet က လယ်ယာစိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနသို့  ညွှန်ကြားထားကြောင်း သိရှိရသည်။

Source: Khmer Times, 20 Sept 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)