Languages

အိန္ဒိယနိုင်ငံ၌ ဆောင်းဂျုံစိုက်ပျိုးရာတွင် ရာသီဥတုဒဏ်ခံနိုင်သောမျိုးများ အသုံးပြုမည်

Powered by Drupal

အိန္ဒိယနိုင်ငံ၌ ဆောင်းသီးနှံရာသီ စိုက်ပျိုးမှုများသည် အောက်တိုဘာလမှ စတင်မည်ဖြစ်ရာ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် ဂျုံစိုက်ပျိုးမှုဧရိယာ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့်တွင် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသောမျိုးများကို အသုံးပြုရန် အစိုးရက စီစဉ်လျက် ရှိကြောင်း သိရှိရသည်။

ရာသီဥတုပြောင်းလဲမှု၏ စိန်ခေါ်မှုများရှိနေသော်လည်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန သည် ယခင်နှစ် ဆောင်းသီးနှံရာသီ၌ ဂျုံစိုက်ပျိုးထွက်ရှိမှု တန်ချိန် ၁၁၂.၇၄ သန်းထက် ပိုမိုလျက် ၂၀၂၃-၂၄ ခုနှစ် ဆောင်းသီးနှံရာသီတွင် ဂျုံတန်ချိန် ၁၁၄ သန်းအထိ ထွက်ရှိရန် လျာထား ဆောင် ရွက်လျက်ရှိသည်။

ဆောင်းသီးနှံ စိုက်ပျိုးရေး မဟာဗျူဟာချမှတ်မှုဆိုင်ရာ အမျိုးသားအဆင့် ညီလာခံတစ်ရပ် ၌ စိုက်ပျိုးရေးဝန်ကြီးဌာနမှ အတွင်းဝန် Manoj Ahuja က ရာသီဥတုပြောင်းလဲသည့် ဖြစ်စဉ်များ သည် စိုက်ပျိုးရေးကဏ္ဍအပေါ် သက်ရောက်မှုများရှိသဖြင့် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသော မျိုးများအား အသုံးပြုခြင်းမှာ မဟာဗျူဟာတစ်ရပ်ဖြစ်ကြောင်း၊ ယခုနှစ်၌ အပူဒဏ်ခံနိုင်သော ဂျုံ မျိုးများကို စုစုပေါင်းစိုက်ပျိုးမှုဧရိယာ၏ ၆၀ ရာခိုင်နှုန်းအထိ တိုးချဲ့စိုက်ပျိုးမည်ဖြစ်ကြောင်း၊ ပြည် တွင်း၌ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော သီးနှံမျိုးပေါင်း ၈၀၀ ကျော် ရရှိနိုင်ပြီး ၎င်းမျိုးများကို သီးနှံ မျိုးစေ့ထုတ်လုပ်မှုကွင်းဆက်အတွင်း ပါဝင်မှုရှိလာစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အိန္ဒိယ နိုင်ငံအနေဖြင့် မိုးရွာသွန်းမှု ပုံသဏ္ဌာန်ပြောင်းလဲခြင်းကို ကြုံတွေ့လာရကြောင်း၊ ယခုနှစ်၌ ဇွန်လ တွင် မိုးရွာသွန်းမှု လျော့ကျခဲ့ပြီး ဇူလိုင်လ၌ မိုးရေချိန် ပိုမိုရရှိလျက် ဩဂုတ်လတွင် တစ်ဖန်ပြန်၍ ခြောက်သွေ့မှုကို ကြုံတွေ့ခဲ့ရကြောင်း၊ စက်တင်ဘာလတွင်မူ မိုးရွာသွန်းမှုမှာ အလွန်များပြားခဲ့ ကြောင်း၊ ပြည်နယ်အချို့တွင် အောက်တိုဘာ - နိုဝင်ဘာလများတိုင် မုတ်သုံကျွင်းကျန်မှုရှိနိုင်ပြီး အယ်လ်နီညိုဖြစ်စဉ်သည် ဆက်လက်အားကောင်းနေမည်ဟု အိန္ဒိယ မိုးလေဝသဌာနက ခန့်မှန်း ထားကြောင်း၊ ပြည်နယ်အစိုးရများအနေဖြင့် ဆောင်းသီးနှံရာသီ စိုက်ပျိုးရေးအတွက် ကြိုတင်ပြင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဗဟိုအစိုးရသည် ရာသီဥတုပြောင်းလဲသည့် ဖြစ်စဉ်များကြောင့် စိုက်ပျိုးရေးအပေါ် ထိခိုက်မှုမှ သက်သာမှုရရှိစေရန် ကျေးရွာပေါင်း ၄၅၀ အတွက် အရေးပေါ် အစီ အမံများ ချမှတ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်၌ အပူလှိုင်းကျရောက်မှုကို ကြုံတွေ့ခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ် သီးနှံရာသီတွင် အပူဒဏ်ခံနိုင်သော ဂျုံမျိုးများကို စုစုပေါင်း ဂျုံစိုက်ပျိုးမှုဧရိယာ ဟက်တာသန်း ၃၀ ၏ ၄၇ ရာခိုင် နှုန်းအထိ စိုက်ပျိုးရန် အိန္ဒိယအစိုးရက တောင်သူလယ်သမားများသို့ တွန်းအားပေး ဆောင်ရွက်ခဲ့ သည်။ အိန္ဒိယနိုင်ငံ၌ ဂျုံစိုက်ပျိုးမှုသည် ဆောင်းသီးနှံရာသီ၏ အဓိကသီးနှံအဖြစ် အောက်တိုဘာ လတွင် စတင်စိုက်ပျိုးလျက် မတ် - ဧပြီလများ၌ ရိတ်သိမ်းလေ့ရှိကြောင်း သိရှိရသည်။

Source: Economic Times, 26 Sept 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)