Languages

အယ်လ်နီညို၏ သက်ရောက်မှုများအား ဖြေရှင်းရန် FAO နှင့် လာအိုအစိုးရတို့ ပူးပေါင်းလုပ်ဆောင်

Powered by Drupal

လာအိုနိုင်ငံ၌ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်ခြောက်သွေ့မှုဖြစ်ပေါ်ခြင်းမှ လယ်ယာ စိုက်ပျိုးထုတ်လုပ်မှုနှင့် စားနပ်ရိက္ခာဖူလုံမှုအပေါ် သက်ရောက်ထိခိုက်နိုင်မှုများအား ကိုင်တွယ် ဖြေရှင်းနိုင်ရန်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) နှင့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ် ဆောင်လျက်ရှိပါသည်။ လာအိုနိုင်ငံ အလုပ်သမားနှင့်လူမှုဖူလုံရေး ဝန်ကြီးဌာန၊ သဘာဝအရင်း အမြစ်နှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာနတို့မှ တာဝန်ရှိ သူများနှင့် FAO အဖွဲ့မှ ကိုယ်စားလှယ်များသည် ၁၅-၉-၂၀၂၃ နေ့တွင် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပလျက် အယ်လ်နီညိုဖြစ်စဉ်ကြောင့် သက်ရောက်မှုများကို လျော့ပါးသက်သာစေရေး ရာသီ ဥတုခန့်မှန်းချက်များ ကြိုတင်မှန်းဆခြင်း၊ ကနဦးသတိပေးချက်ထုတ်ပြန်ခြင်း၊ ရန်ပုံငွေ အစီအစဉ် များ ထူထောင်ခြင်း၊ စံလုပ်ထုံးလုပ်နည်းများ ရေးဆွဲခြင်းတို့ကို ဆောင်ရွက်သွားရန် ညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။

Source: Xinhua, 26 Sept 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)