
အင်ဒိုနီးရှားနိုင်ငံတွင် အယ်လ်နီညိုဖြစ်စဉ်၏ဆိုးကျိုးသက်ရောက်နိုင်မှုမှ ကြိုတင်ကာကွယ်သည့် အနေဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလအထိ လစဉ် ဆန်တန်ချိန် ၂၁၀၀၀၀ အား ဖြန့်ဝေမည့် ကူညီထောက်ပံ့ရေးအစီအစဉ်ကို ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။ အင်ဒိုနီးရှား နိုင်ငံရှိ ပြည်နယ် ၇ ခုတွင်သာ အယ်လ်နီညို၏ ပူပြင်းခြောက်သွေ့မှုဒဏ်ကို ရင်ဆိုင်ရဖွယ်ရှိသော် လည်း အဆိုပါ ထောက်ပံ့ရေးအစီအစဉ်ကို နိုင်ငံတစ်ဝန်းလုံးသို့ ဖြန့်ကျက်ဆောင်ရွက်ခြင်းဖြစ် သည်။
အင်ဒိုနီးရှား၏ နှစ်စဉ်ပျမ်းမျှ ဆန်စပါးစိုက်ပျိုးထုတ်လုပ်နိုင်မှုမှာ ဆန်တန်ချိန် သန်း ၃၀ ခန့် ရှိပြီး ယခုနှစ်တွင် အယ်လ်နီညို၏ သက်ရောက်မှုကြောင့် ဆန်တန်ချိန် ၁.၂ သန်းခန့် အထွက်လျော့ ကျနိုင်ကြောင်း စိုက်ပျိုးရေး ဒုတိယဝန်ကြီး Harvick Hasnul Qolbi က အတည်ပြု ပြောကြားခဲ့ သည်။ အင်ဒိုနီးရှား သမ္မတ Joko Widodo ကမူ သာမန်အားဖြင့် နိုင်ငံ၏ အရန်ဆန်သိုလှောင်မှုမှာ တန်ချိန် ၁.၂ သန်းဖြစ်သော်လည်း ယခုအခါ တန်ချိန် ၂ သန်းအထိ သိုလှောင်ထားရှိပြီးဖြစ်၍ စိုးရိမ် ဖွယ်မရှိကြောင်း ပြောကြားထားပါသည်။
Source: BNN Network, 19 Sept 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)