Languages

နိုင်ငံရေးတင်းမာမှုကြောင့် ကနေဒါမှ အိန္ဒိယသို့ ပဲနီလေးတင်ပို့မှု နှောင့်နှေးလျက်ရှိ

Powered by Drupal

ကနေဒါနိုင်ငံဝန်ကြီးချုပ် Justin Trudeau က ကနေဒါနိုင်ငံအနေဖြင့် ၂ဝ၂၃ ခုနှစ်ဇွန်လ အတွင်းက ဗြိတိန်နိုင်ငံ၊ ကိုလံဘီယာမြို့တွင် Sikh ခွဲထွက်ရေးခေါင်းဆောင်တစ်ဦးကို လုပ်ကြံ သတ်ဖြတ်ရာတွင် အိန္ဒိယနိုင်ငံအစိုးရကိုယ်စားလှယ်များပါဝင်နေသည်ဟု စွပ်စွဲပြောဆိုလိုကြောင်း ပြောကြားခဲ့ပြီးနောက် ကနေဒါနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပဲနီလေးရောင်းချမှုမှာ နှောင့်နှေးလျက်ရှိ သည်။ ကနေဒါနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ပဲနီလေးအဓိကတင်သွင်းနေသည့် နိုင်ငံဖြစ်ပြီး အိန္ဒိယ နိုင်ငံသို့ရောင်းချမှုများကို လျှော့ချလိုက်ခြင်းသည် ရိတ်သိမ်းရာသီအတွင်း ကနေဒါနိုင်ငံမှ လယ် သမားများရရှိသည့် ပဲနီလေးဈေးနှုန်းများကို နိမ့်ကျနိုင်စေဖွယ်ရှိပါသည်။ ထို့ပြင် အဆိုပါဖြစ်ရပ် ကြောင့် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းပဲနီလေးဈေးနှုန်းများကို ဖောင်းပွမှုဖြစ်စေခဲ့ကာ ၂ဝ၂၄ ခုနှစ်တွင် ပြုလုပ်မည့်အိန္ဒိယနိုင်ငံ၏ရွေးကောက်ပွဲအတွက် နိုင်ငံရေးစွန့်စားမှုအလားလာများ ဖြစ်ပေါ်စေခဲ့ ပါသည်။

အိန္ဒိယနိုင်ငံတွင် ၂ဝ၂၂ ခုနှစ်က ဂျုံထွက်ရှိမှုလျော့နည်းကျခဲ့သဖြင့် ဂျုံတင်ပို့မှုကို တားမြစ် ပိတ်ပင်ခဲ့ပြီးနောက် ၂ဝ၂၃ ခုနှစ်တွင် ဘာစမာတီမဟုတ်သောဆန်ဖြူများ ရောင်းချမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အဆိုပါဆန်များ တင်ပို့မှုကို တားမြစ်ပိတ်ပင်ခဲ့ပါသည်။ အိန္ဒိယ နိုင်ငံတွင် အဓိကတင်သွင်းသည့်ကုမ္ပဏီဖြစ်သော Olam Agri ၏ ဒုတိယဥက္ကဌဖြစ်သူ Nitin Gupta က အိန္ဒိယနိုင်ငံနှင့် ကနေဒါနိုင်ငံတို့အကြား လက်ရှိဖြစ်ပေါ်နေသည့် တင်းမာမှုများကြောင့် နှစ် နိုင်ငံမှ ကုန်သွယ်မှုကန့်သတ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း အိန္ဒိယနိုင်ငံမှ အရာထမ်းများက စိုးရိမ် လျက်ရှိကြပါသည်။ အိန္ဒိယနိုင်ငံအစိုးရသည် ကနေဒါနိုင်ငံသားများအား ဗီဇာထုတ်ပေးခြင်းကို ရပ် ဆိုင်းထားပြီး အိန္ဒိယနိုင်ငံနှင့် ကနေဒါနိုင်ငံတို့သည် မိမိတို့နိုင်ငံများမှ သံတမန်များအား နှင်ထုတ်ခဲ့ ကြသည်။

ကနေဒါနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုအပေါ်  တိုက်ရိုက်အကျိုးသက်ရောက်မှု ဖြစ်စေမည့်လုပ်ရပ်ကို လုပ်ဆောင်နေခြင်းမရှိကြောင်းနှင့် အိန္ဒိယနိုင်ငံမှ ပဲနီလေးဝယ်ယူသူများ သည် ၂ဝ၂၃ ခုနှစ်အစောပိုင်းကာလတွင် ကနေဒါနိုင်ငံမှရောင်းချသောပဲနီလေးများကို ဝယ်ယူခဲ့ ကြောင်း သိရှိရပါသည်။ Mr. Trudeau က အိန္ဒိယနိုင်ငံအပေါ် ဝေဖန်မှုများ ပြုလုပ်ခဲ့သည့်အချိန်မှ စတင်၍ ကနေဒါနိုင်ငံမှပဲနီလေးရောင်းချမှုအပေါ်အိန္ဒိယနိုင်ငံ၏ကမ်းလှမ်းချက်များမှာ ၆ ရာခိုင် နှုန်း လျော့နည်းကျဆင်းခဲ့ကာ အိန္ဒိယနိုင်ငံတွင် ပဲနီလေးတစ်တန်လျှင် ဒေါ်လာ ၇၇ဝ ဖြစ်ခဲ့ပါ သည်။ လက်ရှိကာလတွင်လည်း အိန္ဒိယနိုင်ငံတွင် ပဲနီလေးဈေးနှုန်းများမှာ မြင့်တက်လျက်ရှိပါ သည်။ အိန္ဒိယနိုင်ငံမှ ပဲနီလေးဝယ်ယူသူများမှာ နှောင့်နှေးလျက်ရှိသော်လည်း ကမ္ဘာ့ပဲနီလေးဝယ် လိုအားမှာ ဆက်လက်ခိုင်မာနေဆဲဖြစ်ကြောင်း ကနေဒါနိုင်ငံမှပို့ကုန်တင်ပို့သူတစ်ဦးက ပြောကြား ခဲ့ပါသည်။

ကနေဒါနိုင်ငံသည် ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံသို့ ပဲနီလေးအများဆုံး ရောင်းချသည့်နိုင်ငံဖြစ်ခဲ့ပြီး တန်ချိန် ၄၈၅, ၄၉၂ တန်၊ ဒေါ်လာ ၃၇ဝ သန်းဖိုးရောင်းချခဲ့ကြောင်း၊ ၂ဝ၂၃ ခုနှစ် ဧပြီလမှဇူလိုင်လအတွင်း အိန္ဒိယနိုင်ငံသည် ကနေဒါနိုင်ငံမှပဲနီလေးကို ယခင်နှစ်ကာလ တူထက် ၄၂ဝ ရခိုင်နှုန်းပိုမိုရောင်းချနိုင်ခဲ့ကာ တန်ချိန် ၁၉ဝ, ၇၈၄ တန်ရောင်းချနိုင်ခဲ့ပါသည်။ အိန္ဒိယနိုင်ငံပဲမျိုးစုံနှင့်သီးနှံအဖွဲ့အစည်း၏ဥက္ကဌဖြစ်သူ Bimal Kothari က အိန္ဒိယနိုင်ငံသည် နှစ်စဉ်ပဲနီလေးတန်ချိန် ၂.၄ သန်းအား စားသုံးလျက်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုမှာ တန်ချိန် ၁.၆ သန်းပိုမိုလျော့နည်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံမှဝယ်ယူသူများသည် ဩစတြေးလျနိုင်ငံမှ ပဲနီလေးဝယ်ယူရန် အခွင့်အလမ်း ရှာဖွေလျက်ရှိကြပြီး ကနေဒါနိုင်ငံမှဝယ်ယူမှုများ နှောင့်နှေးသွားခဲ့ကြောင်း မွန်ဘိုင်းအခြေစိုက် ပဲနီလေးအရောင်းအဝယ်လုပ်သူတစ်ဦးက ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမှာ အလွန်မြင့်မားလျက်ရှိပြီး ကနေဒါနိုင်ငံမှပဲနီလေးများကို အိန္ဒိယနိုင်ငံမှ အရေးတကြီးလိုအပ်လျက်ရှိနေပါသည်။ ပဲနီလေးတင်သွင်းမှုကို ကန့်သတ်မည့်နည်းလမ်းများမှာ ငွေကြေးဖောင်းပွမှုကို ပိုမိုဖြစ်ပေါ်စေမည်ဖြစ်သဖြင့် အိန္ဒိယနိုင်ငံအနေဖြင့် ယင်းကဲ့သို့သောလုပ် ဆောင်မှုမျိုးကို ရှောင်ရှားသွားမည်ဟုလည်း သိရှိရပါသည်။

Source: Economic Times, September 27, 2023. (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)