Languages

လာအို-တရုတ် မီးရထားလမ်းပိုင်းမှ ကုန်စည် တန်ချိန် ၃ သန်းကျော် သယ်ယူပို့ဆောင်ခဲ့

Powered by Drupal

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း လာအို-တရုတ်မီးရထားလမ်းပိုင်းတွင် ကုန်စည်တန်ချိန် ၃,၁ဝ၁,၄ဝဝ တန်သယ်ယူပို့ဆောင်နိုင်ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၃၈% တိုးမြင့်ခဲ့ကာ တစ်နေ့လျှင် ပျမ်းမျှ ၁၁,၉၂၈ တန် သယ်ယူပို့ဆောင်နိုင်ခဲ့ကြောင်း၊ အမြင့်ဆုံးတစ်နေ့လျှင် ပျမ်းမျှ ၁၅,၂၅၀ တန်သယ်ယူပို့ဆောင်နိုင်ခဲ့ကြောင်း လာအို-တရုတ်မီးရထားကုမ္ပဏီမှ ဒုတိယညွှန်ကြားရေးမှူး Mr. Anongdet Phetkaisone က သတင်းထောက်များအား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

လာအိုနိုင်ငံမှ တရုတ်နိုင်ငံသို့ အဓိကတင်ပို့သည့် ကုန်ပစ္စည်းများမှာ သစ်သီးဝလံ၊ ပီလောပီနံမှုန့်၊ မုယောစပါး၊ ရာဘာ၊ ဘီယာ၊ သံရိုင်း၊ ကျောက်နှင့် ဓာတုဓာတ်မြေသြဇာများပါဝင်ပြီး ပို့ကုန်ပမာဏအားဖြင့် တန်ချိန် ၂,၇၅၂,၂ဝဝ သန်းဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံမှ လာအိုနိုင်ငံသို့ တင်သွင်းသည့် ကုန်စည်မှာ တန်ချိန် ၃၄၄,၇ဝဝ ရှိကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့အထိ တရုတ်နိုင်ငံသို့ လာအိုနိုင်ငံ၏ ကုန်စည်ပို့ဆောင်မှုအနေဖြင့် ပို့ကုန်တန်ချိန် ၅,၃၈၁,၉ဝဝ တန်တင်ပို့နိုင်ခဲ့ပြီး ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ၈,၂၂၉ တန်နှင့် အများဆုံးတစ်နေ့လျှင် ၁၅,၂၅၀ တန် တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

လာအိုနိုင်ငံမှ တရုတ်နိုင်ငံသို့ အဓိကတင်ပို့သည့် သစ်သီးဝလံ၊ ပီလောပီနံမှုန့်၊ မုယောစပါး၊ ရာဘာ၊ ဘီယာ၊ သံရိုင်းနှင့် ဓာတုဓာတ်မြေသြဇာတို့၏ ပို့ကုန်တန်ချိန် ၄,၅၆ဝ,၈ဝဝ ရှိပြီး သွင်းကုန် တန်ချိန် ၇၇ဝ,၉ဝဝ တန်ရှိကြောင်း ဖော်ပြထားပါသည်။

လာအို-တရုတ် မီးရထားလမ်း စတင်ဖွင့်လှစ်သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်အထိ ခရီးသည်စုစုပေါင်း ၃,၁၉၇,၆ဝဝ ကို သယ်ယူပို့ဆောင်နိုင်ခဲ့ ပြီး တစ်နေ့လျှင် ပျမ်းမျှခရီးသည် ၄,၈၈၉ ဦးနှင့် တစ်နေ့လျှင် ခရီးသည် ၁ဝ,၁၉၇ ဦးခန့် စံချိန်တင် သယ်ယူပို့ဆောင်လာနိုင်ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်စက်တင်ဘာလ ၁၇ ရက်နေ့အထိ ခရီးသည် ၁,၇၅၉,၉ဝဝ ဦးကို သယ်ယူပို့ဆောင်ခဲ့ပြီး ယခင် ၂၀၂၂ ခုနှစ်နှင့် ကာလတူနှိုင်းယှဉ်ပါက ၁၀၃.၇ ရာခိုင်နှုန်း တိုးမြင့်လာကြောင်းနှင့် တစ်နေ့လျှင် ပျမ်းမျှခရီးသည် ၆,၇၆၈ ဦး သယ်ယူပို့ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

 Source: Lao News Agency, September 25 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)