Languages

ပဲမျိုးစုံကို အခြေခံရည်ညွှန်းဈေးဖြင့် အိန္ဒိယအစိုးရက တိုးမြှင့်ဝယ်ယူဖွယ်ရှိ

Powered by Drupal

အိန္ဒိယနိုင်ငံ၌ တောင်သူလယ်သမားများ၏ စိုက်ပျိုးဧရိယာတိုးချဲ့မှုနှင့် သီးနှံများ တိုးမြှင့် ထုတ်လုပ်မှုကို တွန်းအားပေးရန် ရည်ရွယ်လျက် အတွင်းဝန်များကော်မတီ၏ အတည်ပြုချက်အရ ၂၀၂၃-၂၄ ခုနှစ် သီးနှံစိုက်ပျိုးရာသီအတွက် ဈေးနှုန်းထောက်ပံ့မှုအစီအစဉ်အောက်တွင် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့အား အရေအတွက် ကန့်သတ်ချက်ဖြင့် ဝယ်ယူခြင်းကို ဖယ်ရှားလိုက်ကြောင်း အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာနက ၆-၆-၂၀၂၃ နေ့၌ ကြေညာချက် ထုတ်ပြန်ထားခဲ့ပါသည်။

ယခုအခါ အိန္ဒိယအစိုးရသည် အဆိုပါ ပဲမျိုးစုံအပြင် အချို့သော ဆီထွက်သီးနှံများကို အနိမ့် ဆုံးထားရှိဝယ်ယူမည့် အခြေခံရည်ညွှန်းဈေးနှုန်းများ (MSPs) ဖြင့် ယခုနှစ်အတွင်း ပိုမိုတိုးမြှင့် ဝယ် ယူရန် စဉ်းစားလျက်ရှိကြောင်း၊ မကြာသေးမီက ကျင်းပခဲ့သော ဗဟိုဇုန်နယ်ကောင်စီ၏ အစည်း အဝေး၌ လယ်သမားများထံမှ သီးနှံများကို MSP ရည်ညွှန်းဈေးနှုန်းများဖြင့် ၁၀၀ ရာခိုင်နှုန်းပြည့် ဝယ်ယူသွားရန် နိုင်ငံပိုင်ကော်ပိုရေးရှင်းဖြစ်သော NAFED စိုက်ပျိုးရေးသမဝါယမအသင်းချုပ် လီမိ တက်သို့ တိုက်တွန်းမည်ဟု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Amit Shah က ပြောကြားခဲ့ကြောင်း၊ လက်ရှိကာလတွင် သီးနှံအချို့၏ ဈေးနှုန်းများသည် MSP ရည်ညွှန်းဈေးနှုန်းများ၏ အထက် သို့မဟုတ် ဝန်းကျင်၌ ရောင်းဝယ်လျက်ရှိရာ အစိုးရ၏ ဝယ်ယူရေးလုပ်ငန်း ဆောင်ရွက်မှုမှာ သီးနှံကုန်စည်ဒိုင်များအလိုက် ဖြစ်ပေါ်နေသည့် ဈေးနှုန်းများအပေါ် မူတည်လျက်ရှိကြောင်းဖြင့် Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

သီးနှံကုန်စည်အဝယ်ဒိုင်များ၌ ဖြစ်ပေါ်သော ဈေးနှုန်းများသည် အစိုးရက အနိမ့်ဆုံးထားရှိ လျက် အထောက်အပံ့ပြု ဝယ်ယူပေးမည့် အခြေခံရည်ညွှန်းဈေးနှုန်းများ၏ အောက်သို့ ကျဆင်းမှု ရှိချိန်တွင် ဈေးနှုန်းထောက်ပံ့မှုအစီအစဉ်အရ အစိုးရသည် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ ထုတ်လုပ် မှုပမာဏ စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းအထိကို အဆိုပါ MSP ဈေးနှုန်းများဖြင့် ဝယ်ယူမည်ဖြစ်သည်။ သို့ရာတွင် ပြည်နယ်များမှ တောင်းဆိုမှုရှိပါက စိုက်ပျိုးထုတ်လုပ်မှု စုစုပေါင်းပမာဏ၏ ၄၀ ရာခိုင် နှုန်းအထိ MSP ဈေးနှုန်းဖြင့် ဗဟိုအစိုးရက ဝယ်ယူပေးမည်ဖြစ်သည်။

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၂၃ ခုနှစ် မိုးသီးနှံရာသီတွင် ပဲမျိုးစုံ စိုက်ဧရိယာမှာ ဟက်တာ ၁၂၃.၅၇ သိန်းရှိပြီး ယခင်နှစ်ကာလတူစိုက်ပျိုးနိုင်မှု ဟက်တာ ၁၂၈.၉၈ သိန်းအောက် ၄.၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ လက်ရှိကာလတွင် အိန္ဒိယနိုင်ငံတစ်ဝန်း ကုန်စည် အဝယ်ဒိုင်များ၌ ပျမ်းမျှ‌ဈေးနှုန်းများမှာ ပဲစင်းငုံ ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ၉၅၆၁ နှုန်းဖြင့် MSP ဈေးနှုန်း ရူပီး ၇၀၀၀ ၏ အထက်တွင် ရောင်းဝယ်လျက်ရှိသည်။ မတ်ပဲပျမ်းမျှ ဈေးနှုန်းမှာ ၁ ကွင်တယ်လျှင် ရူပီး ၆၉၃၁ နှုန်းဖြင့် MSP ဈေးနှုန်း ၆၉၅၀ ရူပီး၏ ဝန်းကျင်၌ လည်း ကောင်း၊ ပဲတီစိမ်းအား ၁ ကွင်တယ်လျှင် ပျမ်းမျှ ရူပီး ၇၈၇၇ နှုန်းဖြင့် MSP ဈေးနှုန်း ၈၅၅၈ ရူပီး၏ အောက်တွင်လည်းကောင်း ရောင်းဝယ်မှုရှိကြောင်း သိရှိရသည်။

Source: The Hindu Business Line, 10 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)