Languages

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သည် ၂၀၂၄ ခုနှစ် မေလအထိ ဆက်လက်ဖြစ်ပေါ်နိုင်

Powered by Drupal

အာရှဒေသအတွင်း၌ ကြာမြင့်စွာ ပူပြင်းခြောက်သွေ့မှုများနှင့် မိုးခေါင်ရေရှားမှုတို့ကြောင့် ဖြစ်ပေါ်လာသည့် သမုဒ္ဒရာရေမျက်နှာပြင် ပူနွေးလာသည့် အယ်လ်နီညိုဖြစ်စဉ်သည် အနည်းဆုံး ၂၀၂၄ ခုနှစ် မေလအထိဖြင့် ဆက်လက်ဖြစ်ပွားနိုင်ကြောင်း အမေရိကန် မိုးလေဝသအေဂျင်စီအဖွဲ့ (NOAA) ၏ လက်အောက်ရှိ ရာသီဥတုခန့်မှန်းရေးဌာန (Climate Prediction Center - CPC) က ပြောကြားခဲ့ပါသည်။

CPC ၏ အောက်တိုဘာလ ၁၆ ရက်၊ တနင်္လာနေ့က ထုတ်ပြန်ခဲ့သော သတင်းတွင် အယ်လ် နီညိုသည် ကမ္ဘာ့မြောက်ခြမ်း၌ ၂၀၂၄ ခုနှစ်တွင် နွေဦးရာသီကာလဖြစ်သည့် မတ်လမှ မေလ အတွင်း ၈၀ ရာခိုင်နှုန်းဖြင့် ဆက်လက်ဖြစ်ပွားနိုင်ချေရှိကြောင်းဖြင့် ဖော်ပြထားပါသည်။ အဆိုပါ ကာလအတွင်း၌ ENSO-Neutral ဟုခေါ်သည့် အယ်လ်နီညိုမဟုတ် လာနီညာမဟုတ်သည့် အခြေ အနေများဆီသို့ တိုက်ဆိုင်စွာပြန်ရောက်သွားနိုင်ကြောင်းဖြင့် သိရပါသည်။

မီယာမီတက္ကသိုလ်မှ ပညာရှင်တစ်ဦး၏ အဆိုအရ ပိုမိုအားကောင်းသည့် အယ်လ်နီညိုသည် ကမ္ဘာတစ်ဝှမ်းတွင် ဆောင်းရာသီ၏ အပူချိန်နှင့် မိုး/နှင်းများ ရွာသွန်းမှု၏ ပုံစံများအပေါ်တွင် သက်ရောက်မှု အားကောင်းနိုင်ကြောင်း၊ ဝါရှင်တန်တက္ကသိုလ်မှ လေထုသုတေသန သိပ္ပံပညာရှင် တစ်ဦးက ယခုနှစ်တွင် သမုဒ္ဒရာအပူချိန် မြင့်တက်လာရန် မျှော်လင့်ထားသလောက် လေထုသည် တုံ့ပြန်မှုမရှိသေးကြောင်း၊ ယခင်အယ်လ်နီညိုနှစ်များ၏ အစောပိုင်းကာလကဲ့သို့ မိုးဆီးနှင်းများ ရွာသွန်းမှုမှာ များပြားခြင်းမရှိသေးဘဲ အချိန်များစွာ ယူနေရသည့် အခြေအနေရှိနိုင်ကြောင်းဖြင့် ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်၊ မေလအထိ အယ်လ်နီညိုသည်  ဆက်လက်ဖြစ်ပွားနိုင်မှုသည် အိန္ဒိယနိုင်ငံတွင် မုတ်သုံအကြိုမိုးရွာသွန်းမှုအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း၊ အဓိကအားဖြင့် အရှေ့တောင် အာရှ ဒေသများတွင် ကာလကြာရှည်ခြောက်သွေ့သည့်ကာလကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ ဆန်နှင့် စား အုန်းဆီကဲ့သို့သော အဓိကသီးနှံများ၏ ထုတ်လုပ်မှုအပေါ် ထိခိုက်ဆုံးရှုံးနိုင်ဖွယ်ရှိကြောင်း သိရ ပါသည်။

မိုးလေဝသအေဂျင်စီ CPC ၏ ထုတ်ပြန်ချက်အရ ပစိဖိတ်သမုဒ္ဒရာ၏ အလယ်ပိုင်းနှင့် အရှေ့ ဘက်တို့တွင် အီကွေတာ ပင်လယ်ရေမျက်နှာပြင်၏ အပူချိန်များ (Equatorial sea surface temperatures – SSTs) သည် ပျမ်းမျှအထက်တွင် ရှိနိုင်ကြောင်း၊ အယ်လ်နီညိုကြောင့် အပူပိုင်း ပစိဖိတ်ဒေသ၏ လေထုမှာ မူမမှန်မှုများဖြစ်ပေါ်နိုင်ကြောင်း၊ စက်တင်ဘာလ၏ နောက်ဆုံးအပတ် တွင် Date Line ဖြစ်သည့် ပစိဖိတ်ဒေသ၏ အလယ်ပိုင်းအနီးတွင် SST မူမမှန်များမှာ ပို၍ ဖြစ်ပေါ် ခဲ့ကြောင်းဖြင့် သိရသည်။

လွန်ခဲ့သည့် ရက်သတ္တပတ် ၄ ပတ်အတွင်း၌ အီကွေတာဆိုင်ရာ SST များသည် ပစိဖိတ် သမုဒ္ဒရာ၏ ဒေသအများစု၊ အနောက်အိန္ဒိယသမုဒ္ဒရာနှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့ တစ်လျှောက် တွင် ပျမ်းမျှထက်ကျော်လွန်နေခဲ့ကြောင်း CPC အဖွဲ့က ပြောကြားခဲ့သည်။

CPC ၏ ပြောကြားမှုအရ Equatorial SSTs များသည် အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတစ်ဝိုက်တွင် ပျမ်းမျှအောက်ရှိနေခြင်းမှာ အိန္ဒိယအတွက် အားတက်ဖွယ်ကောင်း သော ဖွံ့ဖြိုးတိုးတက်မှုဖြစ်ကြောင်း၊ အဓိကအားဖြင့် အိန္ဒိယသမုဒ္ဒရာ၏ အရှေ့ပိုင်းနှင့် အနောက် ပိုင်း (Indian Ocean Dipole) တို့တွင် SSTs ကွာဟချက်မှာ အားကောင်းလာပြီး ဒီဇင်ဘာလအထိ သာ ကြာမြင့်နိုင်ဖွယ်ရှိကြောင်းဖြင့် သိရပါသည်။

စက်တင်ဘာလနှောင်းပိုင်းမှစ၍ မြေအောက်အပူချိန် ပုံမှန်မဟုတ်မှုများသည် ဆက်လက် ရှိနေခဲ့ကြောင်း၊ အယ်လ်နီညိုသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ - မတ်လမှတစ်ဆင့် ဆက်လက်ဖြစ်ပွား နိုင်ချေမှာ ၉၅ ရာခိုင်နှုန်းရှိကြောင်းဖြင့် အမေရိကန်မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။

ထို့နောက်တွင် အယ်နီညိုသည် ၂၀၂၄ ခုနှစ် မေလမှ ဇူလိုင်လအတွင်း ENSO-Neutral ဟု ခေါ်သည့် အယ်လ်နီညိုမဟုတ် လာနီညာမဟုတ်သည့် အခြေအနေများသို့ ပြန်လည်ရောက်ရှိနိုင်သဖြင့် သက်ရောက်မှုဒဏ်များမှာ တဖြည်းဖြည်း လျော့နည်းသွားနိုင်ကြောင်း၊  အလယ်အလတ်မှ အားကောင်းသော အယ်လ်နီညိုမှာ ၂၀၂၄ ခုနှစ် မေလမှ မတ်လအတွင်း၌ ပိုမိုဖြစ်ပွားနိုင်ကြောင်း CPC မှ ပြောကြားခဲ့သည်။

Source: The Hindu Business Line, 17 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)