အခြေခံစားသောက်ကုန်ဈေးနှုန်းများအား ကွင်းဆင်းမေးမြန်းခြင်း

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ မြို့မဈေးအတွင်း/ အပြင်ရှိ ကုန်စုံဆိုင်များသို့ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်ဦးစီးမှူးကြီးကြပ်၍ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် နေ့စဉ်  သွားရောက်စစ်ဆေးဆောင်ရွက်လျက်ရှိရာ (၂၃-၉-၂၀၂၄) ရက်နေ့တွင် ဆီများရောင်းချနေမှုအခြေအနေများကိုသိရှိရန် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။

         ထိုသို့စစ်ဆေးရာတွင် မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အသားငါး၊ အခြေခံစားသောက်ကုန်ဈေးနှုန်းများကို ဒေသတွင်းထုတ်လှုပ်နိုင်မှုအပေါ်အခြေခံသော သင့်တင့်သည့်ဈေးနှုန်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချခြင်းရှိ/ မရှိနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုလုပ်စေရန် နေ့စဉ်ဈေးနှုန်းကောက်ယူကွင်းဆင်းမေးမြန်းလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)