Main menu

HighLight News

Powered by Drupal

Solar ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

          ၁၂.၁၂.၂၀၂၅ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ Solar ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး ဦးတင်အောင်ကျော်က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ အာမခံချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူက စည်ပင်သာယာရေးနှင့် သက်ဆိုင်သော ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် အချက်အလက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ မွန်ပြည်နယ်မြန်မာ့လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူက မိမိတို့ဌာနနှင့် သက်ဆိုင်သော ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် အချက်အလက်များ နှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ တက်ရောက်လာသူများမှ သိလိုသည်များကို အသီးသီး မေးမြန်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားအား (၁၅:၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

လုပ်ငန်းအသစ်ထူထောင်သည့် ကုမ္ပဏီအား မြေပြင်ကွင်းဆင်းစစ်ဆေး

       ၁၃.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသော မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ Ko Pai Lay & Ma Thuzar Co,Ltd ၏ ကုမ္ပဏီသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသည့် မြန်မာကုမ္ပဏီတစ်ခုဖြစ်သော Ko Pai Lay & Ma Thuzar Co,Ltd ကုမ္ပဏီတည်ထောင်ထားမှုနှင့် ပတ်သက်၍ ကုမ္ပဏီရုံးခန်း လိပ်စာတွင် အမှန်တကယ် ဖွင့်လှစ်ထားခြင်းရှိမရှိ၊ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှုရှိမရှိ၊ ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

          ၁၂.၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် အထည်အလိပ်ရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်ဆိုင်ရာကိစ္စနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

        ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားခြင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ မော်လမြိုင်မြို့နယ်တာဝန်ခံက အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားရာတွင် တင်ပြရမည့်အထောက်အထားများဖြစ်သည့် လုပ်ငန်းတည်ရှိသည့်လိပ်စာ မှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ (လုပ်ငန်းအမည်ပါရှိရန်)၊ ပိုင်ရှင်အတွက် ရပ်ကွက်ထောက်ခံစာ (နေထိုင်ကြောင်းဖြစ်ရန်)၊ ရဲစခန်းထောက်ခံစာ (ပိုင်ရှင်ပြစ်မှုကင်းရှင်းကြောင်း) Business Logo၊ ပိုင်ရှင်မှတ်ပုံတင်၊ ပတ်စ်ပို့ဓါတ်ပုံတို့၏ မူရင်းများကိုသာ ဓာတ်ပုံရိုက်၍ တွဲပေးရမည် ဖြစ်ကြောင်း၊ မိမိလျှောက်ထားသည့် ပစ္စည်းအမျိုးအစားနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံမြို့နယ်အတွင်းရှိ ပြည်သူလူထုအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

          ၁၂.၁၂.၂၀၂၅ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ ဓမ္မမေဒနီဘုန်းကြီးကျောင်း၌ သထုံမြို့နယ်အတွင်းရှိ ပြည်သူလူထုများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းမှ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် လိုက်နာရမည့်တာဝန်များအကြောင်း ဟောပြောဆွေးနွေးပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် ထိုနည်းလမ်းများထဲမှ Consumer Call Center သို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းအား လက်တွေ့ဖုန်းခေါ်ဆို ဆွေးနွေးပြသခဲ့သည်။ ထိုဟောပြောဆွေးနွေးပွဲသို့ ပြည်သူ (၄၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ်အတွင်းရှိ မှတ်ပုံတင်ထားသော သိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်စာရင်းများ လုပ်ဆောင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

          မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်စပါးသိုလှောင်ရုံများ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်စာရင်းများ လစဉ်မှန်မှန်ဖြည့်သွင်းနိုင်ရေးတို့နှင့် စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်နှင့် မြို့နယ်တာဝန်ခံတို့သည် ၁၂.၁၂.၂၀၂၅ ရက်နေ့ ညနေပိုင်းအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ ဆန်စပါးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ MyRo တွင် သိုလှောင်ရုံမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များအနေဖြင့် ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်စာရင်းများ လစဉ်ပုံမှန်စာရင်းရေးသွင်းကြရန်၊ ဆန်စပါးဈေးနှုန်းတည်ငြိမ်ရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချနိုင်ရေးအလို့ငှာ ဆန်စပါးများစုပုံ သိုလှောင်ထားရှိမှုမရှိစေရေး၊ ဆန်စီးဝင်စီးထွက်မှုအခြေအနေများ၊ ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ဆန်စပါးလုပ်ငန်းရှင်များနှင့် ဆန်စက်လုပ်ငန်းရှင်များ၏ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံမြို့မဈေးရှိ စတိုးဆိုင်၌ အရန်သင့်အစားအစာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ခြင်း

     ၁၂.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်သထုံခရိုင်၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ သထုံမြို့မဈေးရှိ အရန်သင့်အစားအစာအမျိုးမျိုး ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အရန်သင့်အစားအစာအမျိုးမျိုးအပေါ်၌ ကုန်အညွှန်းအမှတ်အသားအား မြန်မာဘာသာဖြင့်ပြည့်စုံစွာ ဖော်ပြခြင်းရှိ/ မရှိ စစ်ဆေးခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် ရှိ/မရှိ စစ်ဆေးပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော အရန်သင့်အစားအစာ အမျိုးမျိုးကိုသာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

အွန်လိုင်းမှတ်ပုံတင်လျောက်ထားခြင်းနှင့် စပ်လျဉ်း၍  မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် (၁၆.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် “Goon Pet Food & Accessories ” Online Shop မှတိရစ္ဆာန်မွေးမြူရေးလုပ်ငန်သုံးပစ္စည်းများ”အား အမှတ် (၄၁) လမ်း၊ ဗိုလ်ကလေးဈေးတိုက်ဈေးရုံရှေ့၊ ဗိုလ်တထောင်မြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နှင့် ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေ အဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရွှေကျီးကုမ္မဏီ မုန့်ထုတ်လုပ်ရေးလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် (၁၅.၁၂.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၆း၀၀)နာရီအချိန်ခန့်တွင်  ရွှေကျီးကုမ္မဏီ မုန့်ထုတ်လုပ်ရေးလုပ်ငန်းအား အမှတ်(၈၉)၊ ကနောင်မင်းသားကြီးလမ်း၊ အရှေ့ဒဂုံမြို့နယ်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရွှေကျီးအမှတ်တံဆိပ်မုန့်အမျိုးအမျိုးတွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါရှိခြင်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရပြီး ရွှေကျီးမုန့်လုပ်ပုံအဆင့်ဆင့်ကိုမေးမြန်းပြီး ၎င်းတို့ပြုလုပ်နေသော ရွှေကျီးမုန့်အမျိုး မျိုးတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/ မရှိ၊  ကုန်စည်၏ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ပတ်ဝန်းကျင်သန့်ရှင်းမှု သက်ဆိုင်ရာဌာနထောက်ခံချက်များရှိ/ မရှိ စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေတွင်ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

တာမွေမြို့နယ်၊   Orange Mart သို့ ဈေးနှုန်း၊ ဈေးကွက်အခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှဦးရန်နိုင်ထွန်း (အကြီးတန်းစာရေး)နှင့် ဝန်ထမ်းများသည် တောင်ဥက္ကလာပမြို့နယ်၊ တာမွေမြို့နယ်၊   Orange Mart သို့ (၁၆.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၂:၀၀)နာရီအချိန်တွင် သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာတွင် တာမွေမြို့နယ်၊ Orange Mart တွင်ရောင်းချလျက်ရှိသော  ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများကောက်ခံခြင်း၊ ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်းရှိ/ မရှိနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိတို့ ကိုသွားရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဦးစားပေးရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

တာမွေမြို့နယ်၊ မေတ္တာညွှန့်ဈေးသို့ ဈေးနှုန်း၊ ဈေးကွက်အခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       (၁၆.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ‌ ဦးရန်နိုင်ထွန်း(အကြီးတန်းစာရေး)နှင့် ဝန်ထမ်းများသည် ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်း၍ တာမွေမြို့နယ်၊ မေတ္တာညွှန့်ဈေးသို့သွား ရောက်၍ ဈေးနှုန်း၊ ဈေးကွက်အခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဦးရန်နိုင်ထွန်း(အကြီးတန်းစာရေး)က ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများကောက်ခံခြင်း၊ ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိ၊ ကုန်ပစ္စည်းကန့်သတ် ရောင်းချခြင်းရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း (၁၈ )ရှိ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ) နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူရောင်းချရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - HighLight News