Main menu

ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ဝယ်ယူရာတွင် စစ်ဆေးသင့်သည့်အချက်များ

Powered by Drupal

စားသုံးသူများအနေဖြင့် ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတို့ကို ရွေးချယ်ဝယ်ယူရာတွင် အောက်ဖော်ပြပါအချက်အလက်တို့ကို စစ်ဆေးဆောင်ရွက်သင့်ပါသည်-

  • ကုန်စည်၏ အရည်အသွေး၊ အရေအတွက်၊ ပါဝင်သောပစ္စည်းများ၊ အသုံးပြုပုံ၊ ဈေးနှုန်း၊ ဝန်ဆောင်မှုနှုန်းထားနှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ပေးအပ်နိုင်သည့်အချိန်တို့ နှင့်စပ်လျဉ်း၍ လိမ်လည်လှည့်ဖြားခြင်း ရှိ၊ မရှိ။
  • ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှု ရှိ၊ မရှိ။
  • သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများက သတ်မှတ်ထားသည့် စံချိန်စံညွှန်း၊ အရည် အသွေးတို့နှင့် ကိုက်ညီမှု ရှိ၊ မရှိ။
  • ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြထားမှု ရှိ၊ မရှိ။
  • ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ လိုအပ်သောသတင်း အချက်အလက် များကို သိရှိနိုင်ရေး စုံစမ်းမေးမြန်းရန်နိုင်ရန်အတွက် လိပ်စာ၊ ဖုန်းနံပါတ်များ ရေးသား ဖော်ပြထားမှု ရှိ၊ မရှိ။
  • ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ အပြစ်အနာအဆာ၊ ချို့ယွင်းချက်များကို ဖုံးကွယ်ထားခြင်း ရှိ၊ မရှိ။
  • ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတွင် ပါဝင်ရမည့် သတင်းအချက်အလက်များကို ပြည့်စုံခိုင်မာမှု မရှိဘဲ ချဲ့ကားဖော်ပြထားခြင်း ရှိ၊ မရှိ။