နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အား ၈.၁၀.၂၀၂၂ ရက်နေ့တွင် အောက်ဖော်ပြပါအတိုင်း ဖွဲ့စည်းခဲ့ပါသည်-
၁။ | ပြည်ထောင်စု၀န်ကြီး စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန |
ဥက္ကဌ |
၂။ | ဒုတိယ၀န်ကြီး ပြည်ထဲရေး၀န်ကြီးဌာန |
အဖွဲ့ဝင် |
၃။ | ဒုတိယ၀န်ကြီး စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန |
အဖွဲ့ဝင် |
၄။ | အမြဲတမ်းအတွင်းဝန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
၅။ | ညွှန်ကြားရေးမှူးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်ထဲရေးဝန်ကြီးဌာန |
အဖွဲ့၀င် |
၆။ | ညွှန်ကြားရေးမှူးချုပ် ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ဥပဒေရေးရာဝန်ကြီးဌာန |
အဖွဲ့၀င် |
၇။ | ညွှန်ကြားရေးမှူးချုပ် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန |
အဖွဲ့၀င် |
၈။ | ညွှန်ကြားရေးမှူးချုပ် မူပိုင်ခွင့်ဦးစီးဌာန စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန |
အဖွဲ့၀င် |
၉။ | ညွှန်ကြားရေးမှူးချုပ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန |
အဖွဲ့၀င် |
၁၀။ | စားသုံးသူကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူ (၁) ဦး | အဖွဲ့၀င် |
၁၁။ | ညွှန်ကြားရေးမှူးချုပ် စားသုံးသူရေးရာဦးစီးဌာန စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန |
အတွင်းရေးမှူး |