Main menu

ကလေး အသုံးအဆောင် နှင့် ကစားစရာ ပစ္စည်းများ

Powered by Drupal

ကုန်စည်အမျိုးအစား

ကလေးအသုံးအဆောင်ပစ္စည်းများ

ကုန်စည်အမျိုးအမည်  

Burping Garfield

ထုတ်လုပ်သည့် ကုမ္ပဏီအမည်

Hungry Jack’s Pty Ltd

ထုတ်လုပ်မှုအမှတ်စဉ်

2024/20220

ထုတ်ကုန်‌ရောင်းချခဲ့သည့်နေရာ

Nationally Online

 

အန္တရာယ်

အသက်ဆုံးရှုံးစေနိုင်ခြင်း

ဆောင်ရွက်သည့်ပုံစံ

မိမိသဘောဆန္ဒအလျောက်ပြန်လည်သိမ်းဆည်းခြင်း

ဆောင်ရွက်ရသည့်အကြောင်းအရင်း

အဆိုပါကစားစရာအရုပ်သည် ဓါတ်ခဲအသေး ပါဝင်သော ပစ္စည်များလိုက်နာရမည့် စံသတ်မှတ်ချက်များကို လိုက်နာမှု မရှိခြင်းနှင့် ကြိုတင်သတိပေးဖော်ပြချက်များ ပါရှိခြင်းမရှိ သဖြင့် ကလေးငယ်များ အသုံးပြုနေချိန်တွင် ဓါတ်ခဲပြုတ် ထွက်ပြီး မျိုချမိပါက အသက်ရှူကျပ်စေခြင်းမှတဆင့် အသက် ဆုံးရှုံးနိုင်ခြင်းတို့ကြောင့် သိမ်းဆည်းရခြင်း ဖြစ်ပါသည်။

 

 

အသိပေးထုတ်ပြန်သည့်နိုင်ငံ        

ဩစတေးလျ

ထုတ်ပြန်သည့်နေ့ရက်                 

11 Jun 2024

သတင်းရင်းမြစ်

https://www.productsafety.gov.au/recalls/hungry-jacks-pty-ltd-%E2%80%94-garfield-toy

ထုတ်ပြန်သည့်နေ့ရက်                -         ၁၄.၇.၂၀၂၃

အမျိုးအစား                                 -         လူအသုံးအဆောင်ပစ္စည်း

ကုန်စည်                                      -         Nabaiji Baby Inflatable Float with built-in harness

ထုတ်လုပ်သူအမည်                 -        Decathalon

ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်           - ရေနစ်ခြင်း        

ဆောင်ရွက်သည့်ပုံစံ                      -         မိမိသဘောဆန္ဒအလျောက် ပြန်လည်သိမ်းဆည်းခြင်း

အန္တရာယ်ဖြစ်စေသောအကြောင်းအရင်းများ   -ကုန်စည်သည် သုံးစွဲနေစဉ်အတွင်း မှောက်သွားနိုင်သည့် အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်ကြောင်းတွေ့ရှိရပါသည်။ အသုံး  ပြုသည့် ကလေးအနေဖြင့် ဘောကွင်းတွင်ပါရှိသော ခါးပတ်ဖြင့် တွဲ၍ ချည်နှောင်ထားခံရခြင်းကြောင့် သုံးစွဲ နေစဉ်အတွင်း ကုန်စည်ချို့ယွင်းချက်ကြောင့် မှောက်သွား သည့် အခါတွင် ဘောကွင်းနှင့်အတူ တစ်ပါတည်း မှောက်သွားနိုင်ပြီး  မှန်ကန် သော အနေအထား (အတည့်အနေအထား)သို့ ပြန်လည် ရောက်ရှိနိုင်ခြင်းမရှိတော့ဘဲ ဦးခေါင်းသည် ရေအောက်သို့ ရောက်ရှိသွားနိုင်၍ ရေနစ်ခြင်းကို ဖြစ်ပေါ်စေကာ အသက် အန္တရာယ် ထိခိုက်နိုင်ခြင်း စသည့် အခြေအနေများ ဖြစ်ပေါ်နိုင် သည့် အတွက် ပြန်လည်သိမ်းဆည်း ရခြင်းဖြစ်ပါသည်

ထုတ်ပြန်သည့်နိုင်ငံ                    -        စင်ကာပူနိုင်ငံ

သတင်းရင်းမြစ်                   - https://www.consumerproductsafety.gov.sg/files/product-safety-alerts-and...

ထုတ်ပြန်သည့်နေ့ရက်                -         ၆.၁၁.၂၀၂၃

အမျိုးအစား                                 -         လူအသုံးအဆောင်ပစ္စည်း

ကုန်စည်                                      -         Rainbow Road Board Book Series

ထုတ်လုပ်သည့် ကုမ္ပဏီအမည်   -        Make Believe Ideas Ltd (MBI)

ထုတ်လုပ်မှု အမှတ်စဥ်             -     Dinosaur’s First Words(9781803374772)

                                                Unicorn’s Colours (9781803374796)

                                                Old MacDonald Had a Farm (9781803376806)

                                                Animal Counting (9781803374819)

                                                Things that Go! (9781803374833)

ဆောင်ရွက်သည့်ပုံစံ                      -         မိမိသဘောဆန္ဒအလျောက် ပြန်လည်သိမ်းဆည်းခြင်း

အန္တရာယ်ဖြစ်စေသောအကြောင်းအရင်းများ   -စာအုပ်များကို ချုပ်ထားသော အဝိုင်းကွင်းလေးများသည် စာအုပ်မှ အလွယ်တကူပြုတ်ထွက်သွားနိုင်ခြင်းနှင့် ကျိုးပဲ့နိုင်ခြင်း အခြေ အနေရှိသဖြင့် ကလေးငယ်များ မျိုချ မိပါက အသက်ရှု လမ်းကြောင်းဆိုင်ရာ ဘေးအန္တရာယ် ဖြစ်စေနိုင်သည့်အတွက် အဆိုပါ စာအုပ် အမှတ်စဉ် (၅) ခုကို  MBI မှ ပြန်လည်သိမ်းဆည်းရခြင်းဖြစ်ပါသည်။ ထုတ်ပြန်သည့်နိုင်ငံ                            -        စင်ကာပူနိုင်ငံ

သတင်းရင်းမြစ်                   -https://www.consumerproductsafety. gov.sg/consumers/safety-alerts-and-recalls/children-products/

ထုတ်ပြန်သည့်နေ့ရက်                   -         ၂၃-၃-၂၀၂၃

အမျိုးအစား                                  -         ကလေးကစားစရာပစ္စည်း

ကုန်စည်                                     -         BLÅVINGAD Fishing Game Multi-color

ထုတ်လုပ်သူအမည်                       -         IKEA

Model                                        -         BLÅVINGAD

ဆောင်ရွက်သည့်ပုံစံ                       -         မိမိသဘောဆန္ဒအလျောက် ပြန်လည်သိမ်းဆည်းခြင်း

အန္တရာယ်ဖြစ်စေသောအကြောင်းအရင်းများ - BLÅVINGAD  ရောင်စုံငါးဖမ်းဂိမ်းစက်ကြောင့် သုံးစွဲသည့် ကလေးငယ်များတွင်  အသက်ရှုရခက်ခဲခြင်းကို ဖြစ်ပေါ်စေနိုင်ကြောင်း တွေ့ရှိရပါသဖြင့် ပြန်လည်သိမ်းဆည်းခြင်း ဖြစ်သည်။  အဆိုပါအရုပ်ပေါ်ရှိသံမှိုအချို့သည် ပြုတ်ထွက်လွယ်ပြီး ထိုသို့ပြုတ်ထွက်မှုကြောင့် အသုံးပြုသည့် ကလေးများတွင် အသက်ရှုပိတ်ဆို့ခြင်းကို ဖြစ်ပေါ်စေနိုင်သည့်အတွက် စားသုံးသူမှ တိုင်ကြားလာခြင်း မရှိ သော်လည်း IKEA မှ ပြန်လည်သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဂိမ်းစက်ကို ဝယ်ယူထားသူများအနေဖြင့် အသုံးပြုမှုအား ချက်ခြင်းရပ်တန့်ရန်နှင့် IKEA ပစ္စည်းရောင်းချသည့်ဆိုင်တွင် ပြန်လည်အပ်နှံနိုင်ပြီး ဝယ်ယူထားသည့် ကုန်ကျငွေကို ပြန်လည်တောင်းခံနိုင်ပြီး ဝယ်ယူထားသည့် အထောက်အထား ပြေစာတင်ပြရန် မလိုအပ်ကြောင်း ဖော်ပြထားပါသည်။

ထုတ်ပြန်သည့်နိုင်ငံ                       -         စင်္ကာပူနိုင်ငံ

 

ထုတ်ပြန်သည့်နေ့ရက်                 -       ၇.၄.၂၀၂၂

အမျိုးအစား                               -     ကလေးအသုံးအဆောင်ပစ္စည်း

ကုန်စည်                                    -    ကလေးပတ်နာရီ (Smiggle Fun Character Slapband Watch)

ကုတ်နံပါတ်                                       444313

ဆောင်ရွက်သည့်ပုံစံ                    -      မိမိသဘောဆန္ဒအလျောက်ပြန်လည်သိမ်းဆည်းခြင်း

ဆောင်ရွက်ရသည့်အကြောင်းအရင်း-     နာရီ၏ဓါတ်ခဲများထည့်သွင်းထားသော အပိုင်းသည် ကလေးများအတွက် လုံခြုံစိတ်ချရမှု ပြည့်ပြည့်ဝဝ မရှိခြင်းနှင့် လွယ်လွယ်ကူကူ ပြုတ်နိုင်၊ ဖြုတ်နိုင်ခြင်းတို့ကြောင့် ဖြစ်ပါသည်။

အန္တရာယ်ဖြစ်စေနိုင်သောအကြောင်းအရင်း - ဘတ်ထရီအား မျိုချမိခြင်း သို့မဟုတ် တနည်းနည်းဖြင့် ခန္ဓာကိုယ် အတွင်းပိုင်းသို့ ရောက်ရှိသွားမည်ဆိုလျှင် အပြင်း အထန် နာကျင်ခြင်းစေခြင်းနှင့် အသက်ရှူလမ်းကြောင်းအား ပိတ်ဆို့ပြီး အသက်အန္တရာယ်ထိခိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါ သည်။

အသိပေးထုတ်ပြန်သည့်နိုင်ငံ         -      မလေးရှားနိုင်ငံ

Pages