ကလေး အသုံးအဆောင် နှင့် ကစားစရာ ပစ္စည်းများ
ကုန်စည်အမျိုးအစား |
ကလေးအသုံးအဆောင်ပစ္စည်း |
ကုန်စည်အမျိုးအမည် |
Hennes & Mauritz (H&M) ကလေးညဝတ်အင်္ကျီ |
ထုတ်လုပ်သည့် ကုမ္ပဏီအမည် |
- |
ထုတ်လုပ်မှုအမှတ်စဉ် |
2024/20244 |
ထုတ်ကုန်ရောင်းချခဲ့သည့်နေရာ |
Nationally Online
|
အန္တရာယ် |
မီးလောင်လွယ်နိုင်ခြေရှိခြင်း
|
ဆောင်ရွက်သည့်ပုံစံ |
မိမိသဘောဆန္ဒအလျောက်ပြန်လည်သိမ်းဆည်းခြင်း |
ဆောင်ရွက်ရသည့်အကြောင်းအရင်း |
ကလေးများအတွက် ချုပ်လုပ်ထားသော (H&M) ညဝတ် အင်္ကျီသည် စံချိန်စံနှုန်းများနှင့် ကိုက်ညီမှုမရှိခြင်း၊ ထုတ်ကုန် တွင် လိုအပ်သော မီးဘေးအန္တရာယ် သတိပေးချက်များ ပါဝင်မှု မရှိခြင်းနှင့် အင်္ကျီတွင် အသုံးပြုထားသည့် ပိတ်စအသားသည် အသုံးပြုချိန်တွင် မြင့်မားသည့် အပူချိန် သို့မဟုတ် မီးတောက် များနှင့်ထိတွေ့မိပါက အလွယ်တကူ မီးလောင်နိုင်သောကြောင့် ပြန်လည် သိမ်းဆည်းရခြင်း ဖြစ်ပါသည်။
|
အသိပေးထုတ်ပြန်သည့်နိုင်ငံ |
ဩစတေးလျ |
ထုတ်ပြန်သည့်နေ့ရက် |
၉-၇-၂၀၂၄ |
သတင်းရင်းမြစ် |
https://www.productsafety.gov.au/recalls/hm-hennes-mauritz-childrens-pyjama-with-feet |
ကုန်စည်အမျိုးအစား |
ကလေးအသုံးအဆောင်ပစ္စည်းများ |
ကုန်စည်အမျိုးအမည် |
Burping Garfield |
ထုတ်လုပ်သည့် ကုမ္ပဏီအမည် |
Hungry Jack’s Pty Ltd |
ထုတ်လုပ်မှုအမှတ်စဉ် |
2024/20220 |
ထုတ်ကုန်ရောင်းချခဲ့သည့်နေရာ |
Nationally Online
|
အန္တရာယ် |
အသက်ဆုံးရှုံးစေနိုင်ခြင်း |
ဆောင်ရွက်သည့်ပုံစံ |
မိမိသဘောဆန္ဒအလျောက်ပြန်လည်သိမ်းဆည်းခြင်း |
ဆောင်ရွက်ရသည့်အကြောင်းအရင်း |
အဆိုပါကစားစရာအရုပ်သည် ဓါတ်ခဲအသေး ပါဝင်သော ပစ္စည်များလိုက်နာရမည့် စံသတ်မှတ်ချက်များကို လိုက်နာမှု မရှိခြင်းနှင့် ကြိုတင်သတိပေးဖော်ပြချက်များ ပါရှိခြင်းမရှိ သဖြင့် ကလေးငယ်များ အသုံးပြုနေချိန်တွင် ဓါတ်ခဲပြုတ် ထွက်ပြီး မျိုချမိပါက အသက်ရှူကျပ်စေခြင်းမှတဆင့် အသက် ဆုံးရှုံးနိုင်ခြင်းတို့ကြောင့် သိမ်းဆည်းရခြင်း ဖြစ်ပါသည်။
|
အသိပေးထုတ်ပြန်သည့်နိုင်ငံ |
ဩစတေးလျ |
ထုတ်ပြန်သည့်နေ့ရက် |
11 Jun 2024 |
သတင်းရင်းမြစ် |
https://www.productsafety.gov.au/recalls/hungry-jacks-pty-ltd-%E2%80%94-garfield-toy |
ထုတ်ပြန်သည့်နေ့ရက် - ၁၄.၇.၂၀၂၃
အမျိုးအစား - လူအသုံးအဆောင်ပစ္စည်း
ကုန်စည် - Nabaiji Baby Inflatable Float with built-in harness
ထုတ်လုပ်သူအမည် - Decathalon
ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ် - ရေနစ်ခြင်း
ဆောင်ရွက်သည့်ပုံစံ - မိမိသဘောဆန္ဒအလျောက် ပြန်လည်သိမ်းဆည်းခြင်း
အန္တရာယ်ဖြစ်စေသောအကြောင်းအရင်းများ -ကုန်စည်သည် သုံးစွဲနေစဉ်အတွင်း မှောက်သွားနိုင်သည့် အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်ကြောင်းတွေ့ရှိရပါသည်။ အသုံး ပြုသည့် ကလေးအနေဖြင့် ဘောကွင်းတွင်ပါရှိသော ခါးပတ်ဖြင့် တွဲ၍ ချည်နှောင်ထားခံရခြင်းကြောင့် သုံးစွဲ နေစဉ်အတွင်း ကုန်စည်ချို့ယွင်းချက်ကြောင့် မှောက်သွား သည့် အခါတွင် ဘောကွင်းနှင့်အတူ တစ်ပါတည်း မှောက်သွားနိုင်ပြီး မှန်ကန် သော အနေအထား (အတည့်အနေအထား)သို့ ပြန်လည် ရောက်ရှိနိုင်ခြင်းမရှိတော့ဘဲ ဦးခေါင်းသည် ရေအောက်သို့ ရောက်ရှိသွားနိုင်၍ ရေနစ်ခြင်းကို ဖြစ်ပေါ်စေကာ အသက် အန္တရာယ် ထိခိုက်နိုင်ခြင်း စသည့် အခြေအနေများ ဖြစ်ပေါ်နိုင် သည့် အတွက် ပြန်လည်သိမ်းဆည်း ရခြင်းဖြစ်ပါသည်
ထုတ်ပြန်သည့်နိုင်ငံ - စင်ကာပူနိုင်ငံ
သတင်းရင်းမြစ် - https://www.consumerproductsafety.gov.sg/files/product-safety-alerts-and...
ထုတ်ပြန်သည့်နေ့ရက် - ၆.၁၁.၂၀၂၃
အမျိုးအစား - လူအသုံးအဆောင်ပစ္စည်း
ကုန်စည် - Rainbow Road Board Book Series
ထုတ်လုပ်သည့် ကုမ္ပဏီအမည် - Make Believe Ideas Ltd (MBI)
ထုတ်လုပ်မှု အမှတ်စဥ် - Dinosaur’s First Words(9781803374772)
Unicorn’s Colours (9781803374796)
Old MacDonald Had a Farm (9781803376806)
Animal Counting (9781803374819)
Things that Go! (9781803374833)
ဆောင်ရွက်သည့်ပုံစံ - မိမိသဘောဆန္ဒအလျောက် ပြန်လည်သိမ်းဆည်းခြင်း
အန္တရာယ်ဖြစ်စေသောအကြောင်းအရင်းများ -စာအုပ်များကို ချုပ်ထားသော အဝိုင်းကွင်းလေးများသည် စာအုပ်မှ အလွယ်တကူပြုတ်ထွက်သွားနိုင်ခြင်းနှင့် ကျိုးပဲ့နိုင်ခြင်း အခြေ အနေရှိသဖြင့် ကလေးငယ်များ မျိုချ မိပါက အသက်ရှု လမ်းကြောင်းဆိုင်ရာ ဘေးအန္တရာယ် ဖြစ်စေနိုင်သည့်အတွက် အဆိုပါ စာအုပ် အမှတ်စဉ် (၅) ခုကို MBI မှ ပြန်လည်သိမ်းဆည်းရခြင်းဖြစ်ပါသည်။ ထုတ်ပြန်သည့်နိုင်ငံ - စင်ကာပူနိုင်ငံ
သတင်းရင်းမြစ် -https://www.consumerproductsafety. gov.sg/consumers/safety-alerts-and-recalls/children-products/
ထုတ်ပြန်သည့်နေ့ရက် - ၂၃-၃-၂၀၂၃
အမျိုးအစား - ကလေးကစားစရာပစ္စည်း
ကုန်စည် - BLÅVINGAD Fishing Game Multi-color
ထုတ်လုပ်သူအမည် - IKEA
Model - BLÅVINGAD
ဆောင်ရွက်သည့်ပုံစံ - မိမိသဘောဆန္ဒအလျောက် ပြန်လည်သိမ်းဆည်းခြင်း
အန္တရာယ်ဖြစ်စေသောအကြောင်းအရင်းများ - BLÅVINGAD ရောင်စုံငါးဖမ်းဂိမ်းစက်ကြောင့် သုံးစွဲသည့် ကလေးငယ်များတွင် အသက်ရှုရခက်ခဲခြင်းကို ဖြစ်ပေါ်စေနိုင်ကြောင်း တွေ့ရှိရပါသဖြင့် ပြန်လည်သိမ်းဆည်းခြင်း ဖြစ်သည်။ အဆိုပါအရုပ်ပေါ်ရှိသံမှိုအချို့သည် ပြုတ်ထွက်လွယ်ပြီး ထိုသို့ပြုတ်ထွက်မှုကြောင့် အသုံးပြုသည့် ကလေးများတွင် အသက်ရှုပိတ်ဆို့ခြင်းကို ဖြစ်ပေါ်စေနိုင်သည့်အတွက် စားသုံးသူမှ တိုင်ကြားလာခြင်း မရှိ သော်လည်း IKEA မှ ပြန်လည်သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဂိမ်းစက်ကို ဝယ်ယူထားသူများအနေဖြင့် အသုံးပြုမှုအား ချက်ခြင်းရပ်တန့်ရန်နှင့် IKEA ပစ္စည်းရောင်းချသည့်ဆိုင်တွင် ပြန်လည်အပ်နှံနိုင်ပြီး ဝယ်ယူထားသည့် ကုန်ကျငွေကို ပြန်လည်တောင်းခံနိုင်ပြီး ဝယ်ယူထားသည့် အထောက်အထား ပြေစာတင်ပြရန် မလိုအပ်ကြောင်း ဖော်ပြထားပါသည်။
ထုတ်ပြန်သည့်နိုင်ငံ - စင်္ကာပူနိုင်ငံ