Main menu

ပို့ကုန်အရည်အသွေးစီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ

Powered by Drupal

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် တရုတ်ပြည်သူ့မ္မတနိုင်ငံ AQSIQ (ယခု GACC) တို့အကြား မြန်မာနိုင်ငံမှ ဆန်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ရန် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေးသဘောတူစာချုပ်ကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ဆန်ကွဲပါ တင်ပို့နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပြန်လည် ပြင်ဆင်လက်မှတ်ရေးထိုးခဲ့ပါသည်။ ၂၀၂၀ ခုနှစ်အတွက် တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်များတင်ပို့နိုင်ရေးအတွက် စစ်ဆေးပေးရန် လျှောက်ထားလာသည့် ကုမ္ပဏီ (၄၃) ခုမှ ဆန်စက်စုစုပေါင်း (၁၀၃) စက်ကို တရုတ်နိုင်ငံ၏ SPS Protocol နှင့် ကိုက်ညီမှ

၂၀၁၄ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိမည့် ပဲတီစိမ်းများအား ဥရောပနိုင်ငံများသို့ တင်ပို့ရာတွင် ၎င်းနိုင်ငံမှ ကျင့်သုံး ဆောင်ရွက် လျက်ရှိသော ဥပဒေသတ်မှတ်ချက်များနှင့်ကိုက်ညီစွာ စိုက်ပျိုးထုတ်လုပ်တင်ပို့သွားနိုင်ရေး အနီးကပ်ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များပါဝင်သည့် မြန်မာပဲများတင်ပို့နိုင်ရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ပဲတီစိမ်း စတင်စိုက်ပျိုးချိန်မှ ထုတ်လုပ်ချိန်အထိ လုပ်ငန်းစဉ် အဆင့်ဆင့်အား ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး တောင်သူများအား ကောင်းမွန်သော စိုက်ပျိုးရေး နည်းစနစ် (Good Agricultural Practice-GA