Main menu

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သတ်မှတ်ချက်များနှင့်အညီ ဆန်၊ ဆန်ကွဲနှင့် ပြောင်းဆံတင်ပို့နိုင်ရေး ဆောင်ရွက်ချက်များ

Powered by Drupal
Tue, 04/05/2022 - 15:25 -- admin

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန တို့ပူးပေါင်း၍ ဆန်၊ ဆန်ကွဲနှင့် ပြောင်းဆံ တို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်ခွင့်ရရှိရေး ဆောင်ရွက်လျက်ရှိပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ GACC နှင့်ချုပ်ဆိုထားသည့် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ်ပါအချက်များနှင့်အညီ ဆန်၊ ဆန်ကွဲနှင့် ပြောင်းဆံတင်ပို့မည့် ကုမ္ပဏီများ၏ စက်ရုံများနှင့် သိုလှောင်ရုံများတွင် ကုန်ကြမ်းနှင့်ကုန်ချောထားရှိမှု၊ လုပ်သားများ ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး၊ ဆန်စက်များ၏ အဆင့်အတန်း၊ ပြောင်းအခြောက်ခံစက် နှင့် နေလှမ်းကွင်း စသည့်အချက်များအား အဓိက စစ်ဆေးလျက်ရှိပါသည်။

      ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှစ၍ ဘဏ္ဍာရေးနှစ်အလိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်၊ ဆန်ကွဲ နှင့်ပြောင်းဆံ တင်ပို့ခွင့်ရရှိထား သည့် ကုမ္ပဏီများစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်

ဘဏ္ဍာရေးနှစ်

ကုမ္ပဏီအရေအတွက်

တင်ပို့ခွင့်သက်တမ်း

စတင်ရရှိသည့်နေ့

ကုန်ဆုံးမည့်နေ့

ဆန်နှင့်ဆန်ကွဲ

(က)

၂၀၂၁-၂၀၂၂

၄၃

၁-၁၂-၂၀၂၁

၃၀-၁၁-၂၀၂၆

(ခ)

၂၀၂၂-၂၀၂၃

၁၈

၆-  ၆-၂၀၂၂

   ၆-  ၆-၂၀၂၇

စုစုပေါင်း

၆၁

 

 

ပြောင်းဆံ

(က)

၂၀၂၂-၂၀၂၃

၁၁၂

-

-

     ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဆန်၊ ဆန်ကွဲတင်ပို့မည့်ကုမ္ပဏီ ၇၆ ခုကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ GACC တွင် မှတ်ပုံတင်ခွင့်ရရှိရေး ဆောင်ရွက်လျက်ရှိပါသည်။