ဖြေရှင်းဆောင်ရွက်ပေးမှုများ
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပန်းလှိုင်လမ်း၌ ဖွင့်လှစ်ထားသော Active Bar Restaurant သို့ (၂၈.၁၀.၂၀၂၅) ရက်နေ့တွင် သွားရောက်စားသောက်ခဲ့ရာမှ မော်တော်ကား၏ ညာဖက် နောက်မီးခွက်ကွဲအက်သွားမှုနှင့် စပ်လျဉ်းသည့် ကိစ္စအား (၅.၁၁.၂၀၂၅) နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ လာရောက်တိုင်ကြားခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်နေ တိုင်ကြားသူတစ်ဦးသည် အွန်လိုင်းမှတစ်ဆင့် အစားအသောက်များမှာယူခဲ့ရာ သက်တမ်းကုန် (Expire Date) နေသော ပဲကြော်(၂)ဘူးပေးပို့လာသောကြောင့် စားသုံး သူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် ဆက်သွယ်တိုင်ကြားလာပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် နေတိုင်ကြားသူတစ်ဦးသည် ကုမ္ပဏီတစ်ခုထံမှ တန်ဖိုးငွေ ကျပ်(၅၃)သိန်း၊ ပစ္စည်းအလဲ (၃)နှစ်နှင့် လက်ခမဲ့ (၂)နှစ် အာမခံဖြင့် ဆိုလာတပ်ဆင်ခဲ့ရာ Error မကြာခဏဖြစ်ပြီး Error တစ်ကြိမ် ပြင်ဆင်ပေးရန် တစ်လအနည်းဆုံးကြာ ပါကြောင်း၊ လာရောက်ပြင်ဆင်ပေးရန် ကုမ္ပဏီသို့ ဆက်သွယ်ပြောကြားရာတွင် ပစ္စည်းမရှိ၊ ပစ္စည်း ပြတ်နေသည်ဟုပြောကာ ဆော


ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် Online Shop တစ်ခုထံမှ ဆိုလာစလိုက်(350W) ၃လုံးကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ဝယ်ယူခဲ့ရာ ပစ္စည်းပို့ပေး ရောက် ရှိလာသည့်အချိန်တွင် ဆိုလာစလိုက် 350 W အစား 50 W ကိုပေးပို့လာသည့်အတွက် စားသုံးသူရေးရာဦးစီးဌာနသို့ စာဖြင့် ပေးပို့ တိုင်ကြားလာပါသည်။

