Main menu

ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal
23 Sep 2024

    ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးမှ ဆက်သွယ်ရေးကုမ္ပဏီတစ်ခု၏ ဝန်ဆောင်မှုနှင့်ပတ်သက်၍  မိမိရယူထားခြင်းမရှိသော ဝန်ဆောင်မှုအတွက် ဖုန်းဘေလ်များဖြတ်တောက်ခံနေရသောကြောင့်  စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် ဆက်သွယ်တိုင်ကြားလာပါသည်။

16 Aug 2024

    ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦး သည် အင်တာနက်ကုမ္ပဏီတစ်ခု၏ ဝန်ဆောင်မှုနှင့် ပတ်သက်၍ အင်တာနက်လိုင်း ပြတ်တောက်နေမှုအား သတ်မှတ်ရက်အတွင်း ပြင်ဆင်မပေးနိုင်ခြင်း၊ Customer Service အဆင်မပြေခြင်းနှင့် လိုင်းမကြာခဏပြတ်တောက်ခြင်းတို့ကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

16 Aug 2024

     ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးမှ ဘုရင့်နောင်ကားဝန်းရှိ ကုန်စည်ပို့ဆောင်ရေးကားဂိတ်မှတစ်ဆင့် ဆိုလာပြား(၂၂)ချပ်အား ကျောက်ပန်းတောင်းမြို့သို့ တင်ပို့ရာတွင် ဆိုလာပြား (၇)ချပ်မှာ သုံးစွဲ၍ မရ နိုင်သည်အထိ ပျက်စီးသွားသဖြင့် လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း တာဝန်ယူဖြေရှင်းပေးမှု မရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင် လာရောက် တိုင်ကြားလာပါသည်။

Pages