Main menu

ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal
15 Dec 2025

   ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် Online Shop  တစ်ခုထံမှ ဆိုလာစလိုက်(350W) ၃လုံးကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့်  ဝယ်ယူခဲ့ရာ ပစ္စည်းပို့ပေး ရောက် ရှိလာသည့်အချိန်တွင် ဆိုလာစလိုက် 350 W အစား  50 W  ကိုပေးပို့လာသည့်အတွက်  စားသုံးသူရေးရာဦးစီးဌာနသို့ စာဖြင့် ပေးပို့ တိုင်ကြားလာပါသည်။

19 Nov 2025

      ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းနေ တိုင် ကြားသူတစ်ဦးသည် အီလက်ထရောနစ်ပစ္စည်း ပြုပြင်ရောင်း ဝယ်ရေးဆိုင်တစ်ဆိုင် နှင့်ပတ်သက်၍ Robotic Vaccum အား ပြင်ဆင်ရန် ဆိုင်သို့ ပေးပို့ထားသော်လည်း (၄)လကြာသည်အထိ ပြင်ဆင်ပေးမှုမရှိသောကြောင့် စားသုံးသူရေးရာ ဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် တိုင်ကြားလာပါသည်။

19 Nov 2025

     မွန်ပြည်နယ်၊ မော်လမြိုင်မြို့နေ တိုင်ကြားသူတစ်ဦးသည် သောက်ရေသန့်လုပ်ငန်းတစ်ခုထံမှ (၂၀လီတာ)သောက်ရေသန့် ဘူးဝယ်ယူသုံးစွဲခဲ့ရာ အခြားအမှတ်တံဆိပ်( အသားတံဆိပ်)ပါ သောက်ရေသန့်ဘူးခွံထဲတွင် ထည့်သွင်းပြီး အခြားအမှတ်တံဆိပ် (အသားတံဆိပ်)ပေါ်မှ ၎င်း၏အမှတ်တံဆိပ် အား စတစ်ကာကပ်၍ ရောင်းချနေသည့်အတွက် စားသုံးသူအား ထင်ယောင်ထင်မှားဖြစ် စေသည့်အပြင် စတစ်ကာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိစစ်ဆေးပေးနိုင်ပါရန် စားသ

Pages