ဖြေရှင်းဆောင်ရွက်ပေးမှုများ
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ပထမခြောက်လပတ်(ဧပြီလမှစက်တင်ဘာလ)အတွင်း စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ Website Complain System မှတဆင့် တိုင်ကြား လာမှု(၉)မှုနှင့် Consumer Call Center မှတဆင့် တိုင်ကြားလာမှု(၃)မှု၊ စုစုပေါင်းတိုင်ကြားလာမှု (၁၂)မှုရှိပြီး တိုင်ကြားမှုများမှာ အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးဝန်ဆောင်မှုဖြင့် တိုင်ကြား လာမှု(၅)မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ပတ်သက်
ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးမှ ဆက်သွယ်ရေးကုမ္ပဏီတစ်ခု၏ ဝန်ဆောင်မှုနှင့်ပတ်သက်၍ မိမိရယူထားခြင်းမရှိသော ဝန်ဆောင်မှုအတွက် ဖုန်းဘေလ်များဖြတ်တောက်ခံနေရသောကြောင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် ဆက်သွယ်တိုင်ကြားလာပါသည်။
ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦး သည် အင်တာနက်ကုမ္ပဏီတစ်ခု၏ ဝန်ဆောင်မှုနှင့် ပတ်သက်၍ အင်တာနက်လိုင်း ပြတ်တောက်နေမှုအား သတ်မှတ်ရက်အတွင်း ပြင်ဆင်မပေးနိုင်ခြင်း၊ Customer Service အဆင်မပြေခြင်းနှင့် လိုင်းမကြာခဏပြတ်တောက်ခြင်းတို့ကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။