Main menu

နိုင်ငံတကာနှင့် ဒေသတွင်းသဘောတူစာချုပ်များတွင် ပေါင်းစည်းဆောင်ရွက်ခြင်း

Powered by Drupal

မြန်မာနိုင်ငံအတွင်းသို့ သံနှင့် သံမဏိထုတ်ကုန်များကို အရည်အသွေး စံချိန်စံညွှန်း သတ်မှတ်ချက်မရှိဘဲ ပြည်ပမှ တင်သွင်းနေမှု ကြောင့် ပြည်တွင်းစံသတ်မှတ်ချက်များနှင့်အညီ ပြည်တွင်း၌ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချနေသော သံနှင့်သံမဏိ ကုမ္ပဏီများ အနေဖြင့် စိန်ခေါ်မှု၊ အခက်အခဲများနှင့် ကြုံတွေ့ရင်ဆိုင်နေကြရသဖြင့် ပြည်ပမှ သံနှင့် သံမဏိပစ္စည်းများ တင်သွင်းမှုအပေါ် စံချိန်စံညွှန်းများ သတ်မှတ်ပြီး စစ်ဆေးမှုများဆောင်ရွက်နိုင်ရေးအတွက် လေ့လာသုံးသပ်ရေးလုပ်ငန်းအစုအဖွဲ့ကို အဖွဲ့ဝင်(၂၂)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် (၇) ရပ် ချမှတ်ခဲ့ကာ ၎င်းလုပ်ငန်းတာဝန်များအား အကောင်အထည်ဖော်နိုင်ရေး သက်ဆိုင်ရာဌာန၊ အသင်းအဖွဲ့မ

မြန်မာနိုင်ငံအတွင်း အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် စမ်းသပ်စစ်ဆေးမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ကို စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး  လုပ်ငန်းအဖွဲ့ (၄) နှင့် သက်ဆိုင်သည့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်ပါ Article များဖြစ်သည့် Article 5.1 နှင့် Article 5.3 ပါ အစီအမံများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံအတွင်း ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချလျက်ရှိသည့်  အိမ်သုံးလျှပ်စစ် နှင့် အီလက်ထရောနစ်ပစ္စည်းများ အား အရည်အသွေးအမျိုးမျိုးဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိရာ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးထားသည့် လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းများနှင့်ပတ်သက်သည့် အာဆီယံဒေသတွင်း အပြန်အလှန်လက်ခံ အသိအမှတ် ပြုသည့် အစီအစဉ် (ASEAN EEE MRA ) နှင့် စည်းမျဉ်းများအား တစ်ပြေးညီသတ်မှတ်ရေး အစီအစဉ် (AHEEERR) တို့တွင် လိုက်ပါ ဆောင်ရွက်နိုင်ရေးတို့အတွက် အိမ်သုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများ ဘေးအန္တရာယ် လုံခြုံစိတ်ချရမှုဆိုင်ရာ စည်းမျဉ်း ( EEE Safety Reg