Main menu

ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာလုပ်ငန်း

Powered by Drupal
Tue, 04/05/2022 - 15:47 -- admin

မြန်မာနိုင်ငံအတွင်း အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် စမ်းသပ်စစ်ဆေးမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ကို စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး  လုပ်ငန်းအဖွဲ့ (၄) နှင့် သက်ဆိုင်သည့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်ပါ Article များဖြစ်သည့် Article 5.1 နှင့် Article 5.3 ပါ အစီအမံများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

Article 5.1 - Notifications for enhanced controls or inspections    
    အဖွဲ့ဝင်သည် ၎င်း၏နယ်နမိတ်အတွင်း လူ၊ တိရစ္ဆာန်နှင့် အပင်နှင့် ကျန်းမာရေးအတွက် နယ်စပ်တွင် စားသောက်ကုန်နှင့် ယမကာများအတွက် ထိန်းချုပ်မှုနှင့် စမ်းသပ်စစ်ဆေးမှုများကို ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ ကုန်ပစ္စည်း ဝင်ရောက်မှုကို ရပ်ဆိုင်းခြင်း/ ရပ်စဲခြင်း တို့နှင့်စပ်လျဉ်း၍ အများသိရှိ စေရန် ထုတ်ပြန်ကြေညာရမည်။

Article 5.3 – Test Procedures    
     အဖွဲ့ဝင်သည် အာတီကယ် ၅.၃.၁ အရ အဖွဲ့ဝင်နိုင်ငံ သည် တင်သွင်းရန်အတွက် ကြေညာထားသော ကုန်ပစ္စည်းနမူနာ များကို ကုန်ပစ္စည်း အမှန်တကယ် ရောက်ရှိလာပြီး ပထမအကြိမ် စစ်ဆေးစမ်းသပ်မှုအဖြေမှာ ရလဒ်ကောင်းမရရှိပါက ဒုတိယအကြိမ် စစ်ဆေးရန် မေတ္တာရပ်ခံချက်အပေါ် ခွင့်ပြုပေးရမည်။ အာတီကယ် ၅.၃.၂ အရ အဖွဲ့ဝင်နိုင်ငံသည် အထက်အပိုဒ် ၅.၃.၁ အရ သွင်းကုန် တင်သွင်းသူအား အခွင့်အရေးပေးပါက စစ်ဆေးရမည့် ဓာတ်ခွဲခန်း အမည်နှင့် လိပ်စာကို ကြေညာခြင်း သို့မဟုတ် အားလုံး ခွဲခြားမှုမရှိစေပဲ အလွယ်တကူသိရှိစေရန် ဆောင်ရွက်ရမည်။ အာတီကယ် ၅.၃.၃ အရ အဖွဲ့ဝင်နိုင်ငံသည် အပိုဒ် ၅.၃.၁ အရ ဒုတိယအကြိမ် စမ်းသပ်ရရှိသောရလဒ်သည် သင့်တော်ပြီးလက်ခံနိုင်သော ကုန်ပစ္စည်းထုတ်ပေးရေးနှင့် အကောက်ခွန် ရှင်းလင်းခြင်း အတွက် ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။