ဖြေရှင်းဆောင်ရွက်ပေးမှုများ
ပဲခူးတိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် ၎င်း၏ Mobile Banking အကောင့်မှ အခြားသူ၏ Mobile Banking အကောင့်သို့ ငွေကျပ် သိန်း(၃၀၀)အား မှားယွင်း၍ ငွေလွှဲမိသည့် အတွက် အဆိုပါငွေအား ပြန်လည်ထုတ်ယူလိုသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

ရုပ်သံလိုင်းတစ်ခု၏ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကြည့်ရှုသူများအတွက်နစ်နာမှုများအား ပြင်ဆင်ပေးနိုင်ပါရန် ရုံးချုပ်သို့တင်ပြခဲ့ခြင်းနှင့်ပတ်သက်၍ တင်ပြသူပုဂ္ဂိုလ်နှင့် ယင်းရုပ်သံလိုင်း၊ ထားဝယ်ရုံးခွဲ၊ တာဝန်ရှိသူတို့အား ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ ၂၅ ရက်နေ့၊ နံနက်(၁၁း၃၀)နာရီအချိန်တွင် ခေါ်ယူတွေ့ဆုံညှိနှိုင်းခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် အင်တာနက်ကုမ္ပဏီတစ်ခုထံမှ ISP Service Wifi ကို လစဉ်ကြေး(၃)လလျှင် ၁၀၀,၀၀၀/-ဖြင့် ၁၂-၁၂ -၂၀၂၃ ရက်နေ့မှ စ၍သုံးစွဲခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကုန်ပိုင်းတွင် သက်တမ်းတိုးခဲ့သော်လည်း ဩဂုတ်လအတွင်း လိုင်းများမကြာခဏပြတ်တောက်နေသည့်အတွက် ဆက်လက်သုံးစွဲလိုခြင်းမရှိသောကြောင့် သက်တမ်းတိုးခဲ့သည့် (၂)လစာ လက်ကျန်သက်တမ်းများအတွက် Refund ပြန်လည်တောင်းဆိုရာတွင် ဆောင်ရွက်ပေးမှုမရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်က


၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ပထမခြောက်လပတ်(ဧပြီလမှစက်တင်ဘာလ)အတွင်း စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ Website Complain System မှတဆင့် တိုင်ကြား လာမှု(၉)မှုနှင့် Consumer Call Center မှတဆင့် တိုင်ကြားလာမှု(၃)မှု၊ စုစုပေါင်းတိုင်ကြားလာမှု (၁၂)မှုရှိပြီး တိုင်ကြားမှုများမှာ အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးဝန်ဆောင်မှုဖြင့် တိုင်ကြား လာမှု(၅)မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ပတ်သက်
