ဖြေရှင်းဆောင်ရွက်ပေးမှုများ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်နေ တိုင်ကြား သူတစ်ဦးသည် အမြန်ချောလုပ်ငန်း တစ်ခုဖြင့် ထားဝယ်မြို့မှ နေပြည်တော်မြို့သို့ ကမ်းဇော်ဆီပို့ဆောင်ရာတွင် ပစ္စည်းကွဲရှ ပျက်စီးခဲ့သဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ တိုင်ကြားသူတစ်ဦး သည် ပရိဘောဂပစ္စည်းအရောင်းဆိုင်တစ်ခုထံမှ ဗီဒိုနှင့် မှန်တင်ခုံအား ငွေကျပ် (၁၅)သိန်းပေးချေ၍ မှာယူခဲ့ရာ သတ်မှတ်ချိန်အတွင်း ပစ္စည်းအပ် နှံနိုင်ခြင်းမရှိသည့်အပြင် ငွေပြန်အမ်းခြင်းလည်းမရှိသောကြောင့် စားသုံး သူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် ဆက် သွယ်တိုင်ကြားလာပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် Electronic အရောင်းဆိုင်တစ်ခုမှ ၃-၂-၂၀၂၄ ရက်နေ့ တွင် ငွေ ကျပ် ၃၃၅,၀၀၀/- ဖြင့်TV ဝယ်ယူခဲ့ပြီး (၂) ပတ်အကြာ TV အသံပျောက်သွားသည့်အတွက် ဆိုင်သို့ဖုန်းဆက်မေးမြန်းခဲ့ရာ ဆိုင်မှ ပြောကြားသည့်အတိုင်း ဆောင်ရွက်ခဲ့သော်လည်း အဆင်ပြေမှုမရှိ သည့်အတွက် ပြန်လည်ပြင်ဆင်နိုင်ရေး ဆိုင်သို့ပို့ဆောင်ခဲ့ရာ (၁)ပတ်ခန့်ကြာမြင့်မည်ဟု ပြောကြား ခဲ့ပါကြ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် အင်တာနက်ကုမ္ပဏီ တစ်ခုမှ power fiber internet ကို ၂၀၁၉ ခုနှစ်မှ စတင်အသုံးပြုခဲ့ပြီး ၂၇-၃-၂၀၂၅ ရက်နေ့တွင် (၃)လစာ ငွေ ကျပ် ၈၆,၀၀၀/-ဖြင့် သက်တမ်းတိုး ဆောင်ရွက်ခဲ့ရာ ၂၈-၃-၂၀၂၅ ရက်နေ့မှ စတင်ပြီး လိုင်းပြတ်တောက်နေ ပါသဖြင့် customer service သို့ အကြိမ်ကြိမ် ဆက်သွယ်၍ ပြင်ဆင်ပေးရန် ပြောကြားသော

