၁။ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်နေ တိုင်ကြားသူ(၇)ဦးတို့သည် ကုမ္ပဏီတစ်ခုထံမှ ရိတ် သိမ်းခြွေလှေ့စက် ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ စက်ချို့ ယွင်းခြင်း၊ နှစ်သက်မှုမရှိပါက တစ်နာရီလျှင် ၁၀၀၀ဝိ/- ကျပ်နှုန်းဖြင့် ပြန်လည်လက်ခံမည်ဟု ပြောကြားသော် လည်းလက်ခံ ဆောင်ရွက်ပေးမှုမရှိခြင်း၊ တောင်သူများ၏ လယ်ယာပုံစံ (၇) ကို သိမ်းဆည်းထား သဖြင့် ချေးငွေမရရှိခြင်း၊ ကုမ္ပဏီမှ စက်လာရောက် သိမ်းဆည်းရာတွင် မိမိစရိတ်ဖြင့်ပို့ဆောင်ရခြင်း၊ တောင်သူများ ငွေပေးသွင်းရန်အချိန်တွင် ယခင်ကျန်သည့်ငွေကြေးပမာဏထက် ပိုမိုများပြားနေခြင်း တို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည့်အတွက် စာဖြင့် တိုင်ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ တိုင်ကြားသူ(၇)ဦးအား ညောင် လေးပင်ခရိုင်ဦးစီးမှူးရုံးသို့ခေါ်ယူ၍ တွေ့ဆုံမေးမြန်းခဲ့မှုအပေါ် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ပြန်လည် စိစစ်သုံးသပ်ပြီး တိုင်ကြားသူနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများအားခေါ်ယူ၍ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အကြိမ်ကြိမ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ခဲ့ရာ ဦးဖြူ(အမည်လွှဲ) အမည်ဖြင့် ချုပ်ဆိုထားသည့် ရိတ်သိမ်းချွေလှေ့စက်သည် ကုမ္ပဏီသို့ စက်ငှားရမ်းခအဖြစ် ထပ်မံ ပေးသွင်းရမည့် ငွေကျပ် (၈၅)သိန်းအား ၁-၆-၂၀၂၃ ရက်နေ့ တွင်လည်းကောင်း၊ ဦးနီ (အမည်လွှဲ) အမည်ဖြင့် ချုပ်ဆိုထားသည့် ရိတ်သိမ်းခြွေလှေ့စက်အတွက် ကုမ္ပဏီသို့ ထပ်မံပေးသွင်းရမည့် ငွေကျပ်(၇၅)သိန်းအား ၅-၆-၂၀၂၃ ရက်နေ့တွင်လည်းကောင်း ပေးသွင်းပြီးဖြစ်ပါ၍ ကုမ္ပဏီမှလည်း တိုင်ကြားသူများ စက်ဝယ်ယူစဉ်က အပေါင်ပစ္စည်းအဖြစ်ထားရှိသော လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)များကို တိုင်ကြားသူများထံ ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ တိုင်ကြားမှုတွင်ပါဝင်သည့် တိုင်ကြားသူ(၁)တစ်ဦးတည်းသာကျန်ရှိပြီး တိုင်ကြားသူမှ စက်(၁)စီးလျှင် ငွေကျပ်(၆၀) သိန်းဖြင့် (၂)စီးအတွက် ငွေကျပ် (၁၂၀)သိန်းအား ပေးသွင်းရမည်ဖြစ်ပြီး စက်(၁)စီးစာ ငွေကျပ် (၆၀)သိန်း ပေးသွင်းပြီးဖြစ်ပါ၍ ၁၇.၁၀.၂၀၂၃ ရက်နေ့တွင် တိုင်ကြားသူနှင့် ကုမ္ပဏီတို့ အကြား ဖုန်းဖြင့် ဆက်သွယ်ညှိနှိုင်းခဲ့ရာတွင် တိုင်ကြားသူအနေဖြင့် ကုမ္ပဏီမှ စက်(၁)စီးအတွက် ငွေကျပ်သိန်း(၆၀) ထပ်မံပေးသွင်းရန် ကုမ္ပဏီ၏ညှိနှိုင်းမှုအပေါ် တိုင်ကြားသူမှ စက်(၁)စီးအား ငွေကျပ်သိန်း(၄၀)သာ ပေးသွင်းနိုင်ပါကြောင်း ပြောကြားလာပါသဖြင့် ကုမ္ပဏီမှတာဝန်ရှိသူအား ဖုန်းဖြင့်ဆက်သွယ် ညှိနှိုင်းခဲ့ရာ ကုမ္ပဏီမှ စက်(၁)စီးအတွက် ငွေကျပ်သိန်း(၆၀)နှုန်းဖြင့်သာ ထပ်မံပေးသွင်းရမည် ဖြစ်ကြောင်း ပြန်ကြားလာခဲ့ပါသည်။ ၁၉-၃-၂၀၂၄ ရက်နေ့တွင် ကုမ္ပဏီမှ စက်တစ်စီးလျှင် ငွေကျပ် (၁၀)သိန်းစီလျှော့၍ ငွေကျပ်သိန်း(၅၀)နှုန်းဖြင့်သာ ပေးသွင်းသွားရန် အကြောင်းကြားလာသဖြင့် ဌာနမှတာဝန်ရှိသူများက တိုင်ကြားသူထံ ဖုန်းဖြင့်ဆက်သွယ်ညှိနှိုင်းခဲ့ရာ အကြောင်းပြန်ကြားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၉-၁၀-၂၀၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ တိုင်ကြားသူနှင့် တိုင်ကြားခံရသူတို့အား ထပ်မံတွေ့ဆုံညှိနှိုင်းပေးခဲ့ရာ တိုင်ကြားသူမှ စက်(၁)စီးလျှင် ငှားရမ်းခ ငွေကျပ် (၄၂)သိန်းဖြင့် စက်(၂)စီးအတွက် ငွေကျပ်(၈၄)သိန်းကို ၂၀-၁၁-၂၀၂၄ ရက်နေ့တွင် တိုင်ကြားခံရသူ စီးပွားရေးလုပ်ငန်းရှင်ထံသို့ ပြန်လည်ပေးသွင်းခဲ့ပြီး တိုင်ကြားခံရသူ စီးပွားရေး လုပ်ငန်း ရှင်မှလည်း အပေါင်ပစ္စည်းအဖြစ်ထားရှိခဲ့သော လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) သုံးစုံအား တိုင်ကြားသူထံသို့ ပြန်လည်ပေးအပ်ခဲ့သည့်အတွက် နှစ်ဦးနှစ်ဖက် စိတ်ကျေနပ်မှုရရှိသဖြင့် သဘော တူညီချက်ပုံစံ(၉)တွင် လက်မှတ်ရေးထိုးစေခဲ့ပြီး