Main menu

Online Sale နှင့်ပတ်သက်၍ တိုင်ကြားမှုအပေါ်‌ဖြေရှင်းဆောင်ရွက်ပေးမှု

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့မှ တိုင်ကြားသူ သည် မန္တ‌လေးမြို့မှမော်လမြိုင်မြို့သို့ထွက်ခွာမည့်Facebook စာမျက်နှာတွင် ရောင်းချနေသော မန္တလာမင်းကားလက်မှတ်ကို ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့ညတွင် ဖုန်းဖြင့်ဆက်သွယ်၍ လက်မှတ်နှစ်ခုံစာကို ၈၂၀၀ဝိ/-ဖြင့် K-pay မှတစ်ဆင့် လက်မှတ်ဖြတ်ခဲ့ပါကြောင်း K-pay မှ ငွေပေးချေပြီး Viber မှတစ်ဆင့် ပြေစာပေးပို့ရန် လက်မှတ်တောင်းခံခဲ့ရာ ဆက်သွယ်မရပါသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်သို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၉)ရက်နေ့တွင် တိုင်ကြား လာပါသည်။

 အဆိုပါတိုင်ကြားလာမှုနှင့်ပတ်သက်၍ Online ပေါ်မှတစ်ဆင့် ရောင်းချနေသော ဖုန်းနံပါတ်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ခရီးသွားအယောင်ဆောင်ပြီး လက်မှတ်ဖြတ်ခဲ့ရာ K-pay မှငွေလွှဲပေးပြီးပါက Viber သို့ဆက်သွယ်ရန်ပြောကြားခဲ့ပါကြောင်း သို့ရာတွင်တိုင်ကြားခံရသူနှင့် ဆက်သွယ်၍မရတော့ပါကြောင်း၊ ထပ်မံ၍ ဒီဇင်ဘာလ(၂၄))ရက်နေ့နှင့် (၂၇)ရက်နေ့များတွင် အခြားဖုန်းများဖြင့် ဆက်သွယ်သော်လည်း တိုင်ကြားထားသောလက်မှတ်ကိစ္စပြောသည်နှင့် ဖုန်းမကိုင်တော့ပါကြောင်း၊ ၂၀၂၅ခုနှစ်၊ဇန်နဝါရီလ(၄)ရက်နေ့တွင် မန္တလာမင်းကားဂိတ်မှူး ထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ မန္တလာမင်းကားဂိတ်သည် Facebook မှတစ်ဆင့်လက်မှတ် ရောင်းချခြင်းမရှိပါကြောင်း ၊ ကားဂိတ်နာမည်အား အလွဲသုံးစားလုပ်၍ ရောင်းချနေခြင်းကို သိရှိထား၍ မင်္ဂလာဒုံမြို့မရဲစခန်းတွင် အမှုဖွင့်ထားပါကြောင်း၊ ကားဂိတ်နာမည်နှင့် ဖွင့်ထားသော Accountမှာလည်း လက်မှတ်များလိမ်လည်ရောင်းချနေမှုကို အများပြည်သူများသိရှိရန် ရုပ်ရှင်သရုပ်ဆောင်များဖြင့် ဇာတ်လမ်းတိုရိုက်ကူးပြီး အသိပညာပေးခြင်းဆောင်ရွက် ထားကြောင်းစုံစမ်းသိရှိရပါသည်။        

စုံစမ်းသိရှိရသောအချက်အလက်များအား တိုင်ကြားသူထံသို့ ဖြေရှင်းဆောင်ရွက်မှုအား ရှင်းလင်းပြခဲ့ရာ ၎င်းကတိုင်ကြားထားသောအမှုသည် ဆက်သွယ်မရလိမ်လည်ခြင်း ခံရသည်ကို သိရှိရ၍ အမှုအားပိတ်သိမ်းသွားမည်ဖြစ်ပါကြောင်း၊ နောင်တွင်အလားတူဖြစ်စဉ်မျိုး မဖြစ်ပေါ် စေရန် အများပြည်သူများအား အသိပညာပေးစေလိုကြောင်းနှင့် အမှုအားစုံစမ်းပေးခဲ့မှု အ‌ပေါ် ကျေနပ်မှုရှိပါကြောင်း၊ အမှုပိတ်သိမ်းရန် သဘောတူညီပါကြောင်း တင်ပြလာပါသဖြင့် တိုင်ကြားမှုအား ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့တွင်  ပိတ်သိမ်းပြီး ဖြစ်ကြောင်း     သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)