ဖြေရှင်းဆောင်ရွက်ပေးမှုများ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေ တိုင်ကြားသူတစ်ဦးသည် မူဆယ်မြို့ရှိ “***” မီနီကားလေး ရောင်းဝယ်ရေးထံမှ ငွေကျပ်(၁၅)သိန်း တန်ဖိုးရှိ အိမ်သုံးမီနီသုံးဘီးအား အွန်လိုင်းမှတစ်ဆင့် မှာယူခဲ့ရာ ကြိုတင်စရံငွေအဖြစ် ငွေကျပ် ၁,၁၈၀,၀၀၀/-အား ပေးချေလျှင် ပစ္စည်းကို ၁၈-၁၀-၂၀၂၃ ရက်နေ့အရောက် ပေးပို့ပေးမည်ဟု ပြောကြားခဲ့သဖြင့် ၁၃-၁၀-၂၀၂၃ ရက်နေ့တွင် ငွေကျပ် ၁,၁၈၀,၀၀၀/- ကို Wave Money ဖြင့် ငွေလွှဲပေးပို့ခဲ့ပြီးနောက် ပစ္စည်းပေးပို့လာခြင်

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်နေ တိုင်ကြားသူသည် ကျိုင်းတုံမြို့မှ စစ်ကိုင်းမြို့သို့ မော်တော်ယာဉ်လိုင်းတစ်ခုဖြင့် အစားအသောက်ပစ္စည်းများ ပေးပို့ရာတွင် ဝန်ဆောင်ခကျသင့်ငွေ ၁၅,၀၀၀/-ကျပ်ကို ပေးချေပြီးသော်လည်း ၁၂,၀၀၀/-ကျပ် ထပ်မံတောင်းခံသဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင် လာရောက်တိုင်ကြားခြင်း ဖြစ်ပါသည်။

မကွေးမြို့၊ xxxxxx ရပ်ကွက်နေ xxxxxx သည် (၁၂.၁၀.၂၀၂၃)ရက်နေ့တွင် မကွေးမြို့မှ မြစ်ကြီးနားမြို့သို့ ပြေးဆွဲနေသော xxxxxxကားဂိတ်သို့ ကော်ခြင်း(၁)လုံး၊ ဆန်(၁၂)ပြည်နှင့် ပဲကြော် (၅)ပိဿာပါ ပီနံအိတ်တစ်လုံး၊ ခရမ်းချဉ်သီးသေတ္တာတစ်လုံးတို့အား တန်ဆာခ(၂၈၀၀၀)ကျပ်ပေး၍ မကွေးမှ မြစ်ကြီးနား(ပမ္ပတီး)သို့ တင်ပို့ရန်အပ်နှံခဲ့ပါသည်။ (၁၄.၁၀.၂၀၂၃)ရက်နေ့ ညနေတွင် မြစ်ကြီးနားမြို့သို့ ကုန်ပစ္စည်းများရောက်ရှိသော်လည်း ဆန်(၁၂)ပြည်နှင့် ပဲကြော်(၅)ပိဿာပါ ပီနံအိတ်မှာ ရေစို၍ ပစ္စည်းများပျက်စီးသွားမှုအပေါ

ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ် ၆ ရပ်ကွက်နေ တိုင်ကြားသူသည် XXXX ကုမ္ပဏီမှ အင်တာနက် Wifi အားရယူသုံးစွဲရာတွင် အင်တာနက်လိုင်းပြတ်တောက်ခဲ့ပြီး အင်တာနက်လိုင်း ပြတ်တောက်မှု ပတ်သက်၍ ကုမ္ပဏီဘက်သို့ ဖုန်းဆက်ခေါ်ဆိုရာတွင် ခေါ်ဆိုရခက်ခဲခြင်း၊ နစ်နာမှုနှင့်ပတ်သက်၍ ကုမ္မဏီဘက်မှ ကြေညာထားသော အာမခံမှုအတိုင်းအပြည့်အဝမရရှိခြင်း၊ Call Center မှ ကျေနပ် အောင် ဖြေကြားမှုမရှိခြင်းတို့ကြောင့် ၎င်း၏နစ်နာမှုများအတွက် ကုမ္ပဏီ၏ အာမခံချက်အတိုင်း စားသုံးသူအခွင့်အရေးအပြည့်အဝ ရရှိလိုကြောင်း တင်ပြလာမှု

ကယားပြည်နယ်၊လွိုင်ကော်မြို့နယ်နေ တိုင်ကြားသူသည် လွိုင်ကော်မြို့၊ ဆိုင်ကယ်အရောင်းဆိုင် တစ်ဆိုင်က ဆိုင်ကယ်ဝယ်ယူခဲ့ရာ Owner Book မရရှိ၍ စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ် တိုင်ကြားလာပါသည်။
