ဖြေရှင်းဆောင်ရွက်ပေးမှုများ
ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူများသည် အိမ်ရာတိုက်ခန်းများ ဝယ်ယူမှု၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အာမခံထားသည့်ကာလအတွင်း ဆောက်လုပ်ပြီးစီးမှုမရှိခြင်း၊ စာချုပ်ပါ စည်းကမ်းချက်အတိုင်း ဆောင်ရွက်ပေးမှုမရှိခြင်း၊ ကြော်ငြာတွင် ဖော်ပြထားသည့် ဝန်ဆောင်မှုများအား ဆောင်ရွက်ပေးမှုမရှိခြင်း၊ အခွန်အခများ ပိုမိုကောက်ခံနေခြင်းတို့ကြောင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက် သွယ်တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူမျာ

ရန်ကုန်တိုင်းဒေသကြီး၊ တိုင်ကြားသူ (၂) ဦးသည် ၃-၆-၂၀၂၃ ရက်နေ့တွင် ရန်ကုန်မှ နေပြည်တော်သို့ MG ZS EV (4s2095) ကားဖြင့်လည်းကောင်း၊ ၄-၆-၂၀၂၃ ရက်နေ့ တွင် ရန်ကုန်မှ မန္တလေးသို့ MG4 EV (4S-63 88) ကားဖြင့်လည်းကောင်း အသီးသီး ခရီး ထွက်လာခဲ့ရာ လျှပ်စစ်ကားများဖြင့် ခရီးသွားရာတွင် အားသွင်းရန်အတွက် အဓိကမိုင်တိုင်များ ဖြစ်သည့် (0) မိုင်နှင့် (115) မိုင်တို့ရှိ Charging Station များတွင် EV ကားများ ဝင်ရောက်အားသွင်းရာ CCS2 Charger များ မှာအသုံးပြု၍မရဘဲ ချို့ယွင်းနေသည့်အတွက် အမြန်ဆုံး စစ်ဆေးပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နေ(ယခင်) တိုင်ကြားသူတစ်ဦးသည် ဆိုင်ကယ်အရောင်းဆိုင်တစ်ခုမှ ၁-၁၁-၂၀၂၀ ရက်နေ့တွင် Supernova 125 စိမ်း ယာယီ E xxxx ကို ငွေကျပ် ၉၈၀၀၀၀/- ငွေအကြေပေးဝယ်ယူခဲ့ပြီး ရောင်းချသော ဆိုင်ကယ်အရောင်းဆိုင်သို့ ဆိုင်ကယ်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို အကြိမ်ကြိမ် သွားရောက်ညှိနှိုင်းတောင်းခံသော်လည်း လက်ဝယ်သို့ ပေးအပ်ခြင်းမရှိပါသဖြင့် ၂၇-၇-၂၀၂၃ ရက်နေ့တွင် ကယားပြည်နယ် ဦးစီးမှူးရုံး (CICC)သို့ လူထုဆက်သွယ်ရေးနည်းလမ်း (Viber)မှ တဆင့်တိုင်ကြားလာပါသည်။

ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် ကုမ္ပဏီတစ်ခုထံမှ ဂျပန်ကျ ရေခဲသေတ္တာ(၁)လုံး ဝယ်ယူခဲ့ရာ ရေခဲသေတ္တာ၌ ချို့ယွင်းချက်ရှိနေသည့်အတွက် ဝယ်ယူ ပြီး(၁၀)ရက်အတွင်း အကြောင်းကြားခဲ့သော်လည်း တာဝန်ယူဖြေရှင်းပေးခြင်း မရှိသောကြောင့် Website Complaint System မှတစ်ဆင့် တိုင်ကြားလာပါသည်။

ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် ဆေးဝါး(၂)မျိုးကို တန်ဖိုးငွေ (၂)သိန်းကျော်ဖြင့် ရပ်ကွက်အတွင်း ရောင်းချနေသောကြောင့် ၎င်းဆေးဝါးများသည် FDA ခွင့်ပြုချက် ရှိ/မရှိနှင့် တရားဝင်ဆေးဝါးများ ဟုတ်/မဟုတ်ကို အများပြည်သူ သိရှိနိုင်စေရန်အတွက် စစ်ဆေးပေးနိုင်ပါရန် Website Complaint System မှတစ်ဆင့် တိုင်ကြားလာပါသည်။
