Main menu

ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal
21 Jun 2021

      မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ xxxxxxx Internaltional School ကျောင်းသို့ ၁၆-၁-၂၀၂၀ ရက်နေ့တွင် ငွေကျပ်(၃,၆၀၀,၀၀ဝိ/-)ကျပ် ဖြင့်ကျောင်းအပ်နှံခဲ့ရာ Covid-19 ကာလအတွင်း ကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိပါသဖြင့် ကြိုတင်ပေးသွင်းငွေများ ပြန်လည်တောင်းခံရာ ငွေပြန်အမ်းပေးခြင်း မရှိပါသဖြင့် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ တိုင်ကြားလာပါသည်။

21 Jun 2021

         ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် xxxxxxx ကလေး ဦးနှောက်ဖွံ့ဖြိုးမှုသင်တန်းကျောင်း၏ ပုံမှန်သင်ကြားရေးစနစ်မှ Online Learning Programme အဖြစ် ပြောင်းလဲပို့ချရာတွင် အချက်(၈) ချက်ကို ပြင်ဆင်ထားသည့်အပြင် ကျောင်းအပ်ခမှ ၅၀% ကို ပြန်အမ်းမည့် ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာပါသည်။

21 Jun 2021

      ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် xxx Company Limited မှ ကားအရစ်ကျဝယ်ယူရန် စရံငွေ (၃) သိန်းပေးခဲ့ကြောင်း၊ နောက်ပိုင်းတခြားကိစ္စနှင့် အဆင်မပြေပါသဖြင့် Cancel ပြန်လုပ်သည့်အချိန်တွင် Refund ငွေပြန်ပေးခြင်းမရှိသောကြောင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။  

17 Jun 2021

          ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် xxxxxxx ဆိုင်မှ xxxxxxx tab S4 အား ဝယ်ယူခဲ့ရာ အဆိုပါ ဖုန်းအား အသစ်ဟုပြောဆို၍ ရောင်းချခဲ့ပြီး warranty စစ်ဆေးချိန်တွင် ဖုန်းသက်တမ်းမှာ ရက်ပေါင်း ၇၀၀ ကျော်ရှိနေကြောင်း တွေ့ရှိရသဖြင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

16 Jun 2021

      စားသုံးသူများအနေဖြင့် ၎င်းတို့၏ လိုအပ်ချက်အရ ကုန်စည် နှင့် ဝန်ဆောင်မှုများကို ဝယ်ယူရာတွင် အရည်အသွေးပြည့်ဝသည့် ကုန်စည်များရရှိရန်နှင့် ကျေနပ်မှုရှိစေသည့် ဝန်ဆောင်မှုများကို ရရှိရန်မှာ အခြေခံလိုအပ်ချက် ဖြစ်ပေသည်။ ယင်းလိုအပ်ချက်များကို အပြည့်အဝ ရရှိစေရန်အလို့ငှာ စားသုံးသူအသိပညာပေးရေးလုပ်ငန်းများသည် အရေးပါသော အခန်းကဏ္ဍအဖြစ် ပါဝင်လျက်ရှိသည်မှာ ထင်ရှားလှပေသည်။ အသိပညာပေးမှုအပိုင်းတွင် စားသုံးသူတို့ ယေဘုယျသိထားသည့်အချက်များမှာ ဘယ်လိုပစ္စည်း၊ ဘယ်လိုဝန်ဆောင်မှုမျိုးကို ရွေးချယ်

Pages