မကွေးမြို့နေ ဦး(XXX)သည် (၂၆.၄.၂၀၂၅)ရက်နေ့တွင် (XXX) Mobile ဆိုင်မှ Tablet တစ်လုံးအား ကျပ်(၃၅၀၀၀ဝ)ဖြင့် Page Chat Box မှတစ်ဆင့် ငွေပေးချေ၍ မှာယူခဲ့ရာ (XXX) မြန်မာနိုင်ငံအနှံ့ပါဆယ်ပို့ဆောင်ရေးလုပ်ငန်းဖြင့် ပေးပို့မည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ရောက်ရှိလာခြင်းမရှိသဖြင့် ၎င်း Mobile အရောင်းဆိုင်မှ တာဝန်ရှိသူအား ဖုန်းဖြင့်ဆက်သွယ်၍ မေးမြန်းခဲ့ရာ ပစ္စည်း၏တန်ဘိုးမှာ ကျပ်(၃၅၀၀၀ဝ)မှ (၆၂၀၀၀ဝ)သို့ ဈေးနှုန်းမြင့် တက် သွားပြီဖြစ်၍ လိုအပ်ငွေ ကျပ်(၂၇၀၀၀ဝ)အစား ကျပ်(၂၀၀၀ဝ)ဈေးလျော့ထား၍ ကျပ်(၂၅၀၀၀ဝ) ထပ်မံပေးပို့ပေး ရမည်ဖြစ်ကြောင်း၊ ငွေထပ်မံပေးပို့မှသာ ပစ္စည်းအား ပြန်လည်ပေးပို့ပေးမည်ဖြစ်ကြောင်း ပြောကြား လာသဖြင့် တိုင်ကြားသူမှ ပစ္စည်းရောက်ရှိချိန်တွင် ပေးချေပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့ရာတွင် လက်ခံမှုမရှိ၍ ပေးချေထားသည့် ကျပ်(၃၅၀၀၀ဝ)အား ငွေပြန်လည်ပေးစေလိုကြောင်း တောင်း ဆိုရာတွင်လည်း လုပ်ငန်းသဘောအရ အဆင်မပြေကြောင်း ပြန်လည်ပြောကြားလာ၍ မိမိ၏နစ်နာ ဆုံးရှုံးမှုအတွက် (XXX) Mobile အရောင်းဆိုင်အား ထိရောက်စွာ အရေးယူဆောင်ရွက်ပေးပါရန် (၂၈.၄.၂၀၂၅)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားလာပါ သည်။
တိုင်ကြားမှုနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်လက်ခံ ခြင်းများ ဆောင်ရွက်ခဲ့ပြီး (XXX) Mobile ဆိုင်၏ လိပ်စာမှာ (XXX)၊ ရန်ကုန်မြို့နှင့် (XXX) မြန်မာ နိုင်ငံအနှံ့ပါဆယ်ပို့ဆောင်ရေးလုပ်ငန်း၏ လိပ်စာမှာ (XXX)၊ ရန်ကုန်မြို့တို့ဖြစ်သဖြင့် မြေပြင်တွင် အမှန်တစ်ကယ်ရှိ၊ မရှိ စုံစမ်းစစ်ဆေးပေးနိုင်ရန်နှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ပါရန် ရန်ကုန်တိုင်း ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသို့ မေတ္တာရပ်ခံ ညှိနှိုင်းအကြောင်းကြားစာ ပေးပို့ခဲ့ပါသည်။ (၁၈.၅.၂၀၂၅)ရက်နေ့တွင် Tablet ပစ္စည်းမှာ ရောင်းချလိုက်ပြီဖြစ်၍ လုပ်ငန်းရှင်မှ Wave Money ဖြင့် တိုင်ကြားသူထံသို့ ငွေလွှဲပေးပို့ထားပြီးဖြစ်ကြောင်း ဖုန်းဖြင့်ဆက်သွယ်၍ ငွေထုတ်ရန်အတွက် Code နံပါတ်အား ပေးပို့လာသည့်အတွက် တိုင်ကြားသူမှ ဆိုင်သို့သွားရောက် ထုတ်ယူခဲ့ရာတွင် ၎င်းငွေမှာ ထုတ်ယူပြီးဖြစ်ကြောင်း Wave Money ဆိုင်မှ ပြောကြားလာသဖြင့် ထပ်မံလိမ်လည်မှု အတွက် အရေးယူဆောင်ရွက်ပေးပါရန် ဌာနသို့ ဆက်သွယ်သတင်းပေးပို့လာသဖြင့် ဌာနမှ ရန်ကုန် တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်း ကြားခဲ့ပါသည်။
(၆.၅.၂၀၂၅)ရက်နေ့နှင့် (၁၆.၅.၂၀၂၅)ရက်နေ့တို့တွင် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေး ရာဦးစီးဌာနမှ (XXX) Mobile ဆိုင်နှင့် (XXX) မြန်မာနိုင်ငံအနှံ့ ပါဆယ်ပို့ဆောင်ရေးလုပ်ငန်းတို့အား မြေပြင်တွင် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်းရှိ/မရှိ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြေပြင်တွင် လုပ်ငန်းလုပ်ကိုင်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိမှု အခြေ အနေအား ပြောကြားလာပါသည်။ ထို့အပြင် တိုင်ကြားခံရသည့် စီးပွားရေးလုပ်ငန်းရှင်မှလည်း (၂၀.၆.၂၀၂၅)ရက်နေ့တွင် Tablet ဖိုးငွေ ကျပ်(၃၅၀၀၀ဝ)အား ငွေပြန်လည်အမ်းပေးမည်ဖြစ် ကြောင်း ဆက်သွယ်ရရှိခဲ့သည့်အတွက် သတ်မှတ်ရက်ထိ စောင့်ဆိုင်းပေးစေလိုပါကြောင်း ပြောကြား လာပါသည်။ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ရှိသူမှ (XXX) Mobile ဆိုင်၏ ဖုန်းနံပါတ်(၀၉-xxXXX)သို့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိပဲ ဇွန်လ (၃၀) ရက်နေ့တွင် ဆက်သွယ်ရရှိသဖြင့် (၂၀.၆.၂၀၂၅)ရက်နေ့တွင် Tablet ဖိုးငွေ ကျပ်(၃၅၀၀၀ဝ)အား ငွေပြန်လည်အမ်းပေးမည်ဟုပြောကြားထားမှုအပေါ် အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းခဲ့ ပြီးဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းတစ်ခုကို ဆက်လက်လုပ်ကိုင်မည်ဆိုပါက မိမိဆိုင်၏ အမည်၊ ဂုဏ်သိက္ခာရှိမှုသည် အလွန်အရေးကြီးကြောင်း ပြဿနာများ ဖြစ်ပေါ်လာပါကလည်း တာဝန်ယူမှု/ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အွန်လိုင်းဖြင့် ရောင်းချမည်ဆိုပါကလည်း အွန်လိုင်းမှတ်ပုံတင်ခြင်းကို ကုန်သွယ်ရေးဦးစီးဌာနတွင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်း မှတ်ပုံတင်ဆောင်ရွက်ထားခြင်းမရှိဘဲ ရောင်းချနေပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ရာ (XXX) Mobile မန်နေဂျာ(XXX) ဆိုသူမှ (၅.၇.၂၀၂၅)ရက်နေ့တွင် Tablet ဖိုးငွေ ကျပ်(၃၅၀၀၀ဝ)အား ငွေပြန်လည်ပေးမည်ဖြစ် ကြောင်း ပြောကြားလာသဖြင့် တိုင်ကြားသူ ဦး(XXX)အား ဖုန်းဖြင့်ဆက်သွယ်၍ အသိပေးခဲ့ပါသည်။
(၅.၇.၂၀၂၅)ရက်နေ့တွင် (XXX) Mobile မန်နေဂျာ ဦး(XXX)က ဖုန်းဖြင့် ဆက်သွယ်၍ Tabletဖိုးငွေ(၃၅၀၀၀ဝိ/-)ကျပ်အား (၆.၇.၂၀၂၅)ရက်နေ့တွင် ငွေလွှဲပေးမည်ဖြစ်ကြောင်း ပြောကြား လာရာ ဌာနတာဝန်ရှိသူက (၅.၇.၂၀၂၅)ရက်နေ့တွင် ငွေလွဲပေးမည်ဟု ပြောကြားထားသည့် အတွက် တိုင်ကြားသူထံသို့လည်း ချိတ်ဆက်ပြီးဖြစ်သည့်အတွက် ထပ်မံရက်ရွှေ့၍မရပါကြောင်း ပြောကြား ခဲ့ရာ မန်နေဂျာ ဦး(XXX)က Kpay ဖြင့် ငွေကျပ်(၃၅၀၀၀ဝ)အားလွှဲပေးခဲ့ပါသည်။ တိုင်ကြားသူ မှလည်း Tabletဖိုးငွေ ကျပ်(၃၅၀၀၀ဝ)အား ပြန်လည်ရရှိပြီဖြစ်သည့်အတွက် ဌာန၏ ဖြေရှင်းဆောင် ရွက်ပေးမှုအပေါ် စိတ်ကျေနပ်မှုရရှိပြီဖြစ်၍ ကြေအေးလွှာတွင် လက်မှတ်ရေးထိုးစေကာ အမှုအား (၇.၇.၂၀၂၅)ရက်နေ့တွင် ပိတ်သိမ်းနိုင်ခဲ့ပါသည်။
DOCA(မကွေး)