ဖြေရှင်းဆောင်ရွက်ပေးမှုများ
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ရန်ကင်းနေ တိုင်ကြားသူတစ်ဦးသည် ***** ဖိနပ်ဆိုင်မှ ဖိနပ်တစ်ရံအား ကျပ်၆၅၀၀၀/-ဖြင့်ဝယ်ယူခဲ့ပြီးစတင်အသုံးပြုခဲ့ရာ ဖိနပ်အတွင်းအပြင် လည်သာများ အစိတ်စိတ်အမွှာမွှာဖြစ်ပေါ်လာသောကြောင့် ကျေနပ်မှုမရှိ၍ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။
လယ်ယာသုံးရိတ်သိမ်းခြွေလှေ့စက်ဝယ်ယူရာတွင် ဝယ်ယူသူက ကျေနပ်မှုမရှိသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားလာမှုအား ဌာနမှ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။ ဖြစ်စဉ်မှာ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၊ ဗိုလ်မြရပ်ကွက်နေ တောင်သူ ဦးဝင်းဆန်းဦးက UMG Group မှ လယ်ယာသုံးရိတ်သိမ်းခြွေလှေ့စက်တစ်လုံးကို အရစ်ကျစနစ်ဖြင့် ဝယ်ယူခဲ့ ပါကြောင်း၊ ထိုသို့ဝယ်ယူခဲ့ရာတွင် အဆိုပါရိတ်သိမ်းခြွေလှေ့စက်မှာ မကြာခဏစက်ချို့ယွင်းခြင်း၊ အပိုပစ္စည်း မရရှိနိုင်ခြင်းတို့က
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် Food Panda ဝန်ဆောင်မှုနှင့် ပတ်သက်၍ Mobile Banking ဖြင့်ငွေလွဲ၍ Order တင်ခဲ့ရာ Order Cancel ဖြစ်သွားသော်လည်း Account ထဲ့မှ ဖြတ်သွားသောငွေအား သတ်မှတ်ချိန်ကျော်လွန်သည်အထိ ပြန်လည်ပေးအပ်ခြင်းမရှိသောကြောင့် စားသုံးသူရေးရာဦးစီဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရန်မျှော်မှန်း၍ တိုင်းနှင့်ပြည်နယ်များတွင် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူပြည်သူများ၏ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးခြင်း၊သုံးစွဲခြင်းများ ဆောင်ရွက်နိုင်စေရန် စားသုံးသူကာကွယ်ပေးရေးဥပဒေပါ စားသုံးသူအခွင့်အရေးများကို သိရှိရယူနိုင်စေရန် နေရာဒေသမရွေး အသိပညာပေးခြင်းများ ဆောင်ရွက်ပြီး စားသုံး
(၁၆-၂-၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ရုံးခန်းတွင် ဌာနရှိတာဝန်ရှိသူများမှ ညှော်နံ့များကြောင့် ပတ်ဝန်းကျင်အနှောင့်အယှက် ဖြစ်နေပါ၍ စားသုံးသူ များ၏တိုင်ကြားလိုမှုများနှင့် ပတ်သက်၍ တွေ့ဆုံပြီးရှင်းလင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။ စားသုံးသူများအနေဖြင့် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ဘီစကစ်စက်ရုံမှ နေ့/ည မပြတ် ညှော်နံ့များ၊ အပူနံ့များ၊ သီချင်းသံများကြောင့် ပတ်ဝန်းကျင်ရှိ လူနေအိမ်များ အနှောင့်အယှက်ဖြစ်နေ၍ တိုင်ကြားလိုကြောင်း ဆွေး