Main menu

ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်း

Powered by Drupal

  မကွေးမြို့နေ ဦး(xxxx)သည် (၂.၇.၂၀၂၅)ရက်နေ့တွင် မကွေးမြို့မှ ပြင်ဦးလွင်မြို့သို့ (xxxx) ယာဉ်လိုင်းဖြင့် တန်ဆာခ ကျပ်(၄၀၀၀)ပေးချေ၍ ပစ္စည်းပေးပို့စေခဲ့ရာ ပစ္စည်းမှာ ပြင်ဦးလွင် မြို့သို့ ရောက်ရှိလာခြင်းမရှိသဖြင့် ဂိတ်သို့စုံစမ်းမေးမြန်းခဲ့ရာတွင် တာဝန်ယူမှု/ တာဝန်ခံမှုမရှိသည့် အတွက် (၇.၇.၂၀၂၅)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြား လာပါသည်။

   တိုင်ကြားမှုနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်လက်ခံ ခြင်းများ ဆောင်ရွက်ခဲ့ပြီး တိုင်ကြားသူအား မေးမြန်းခဲ့ရာ ပြင်ဦးလွင်ရှိ ဆရာတော်ကြီးအား ကပ်လှူ ရန်အတွက် ဘုရာပြိုကျေးရွာအထိ အလုပ်သမားငှား၍ ဖန်ခါးသီးအားခူးဆွတ်ခိုင်းရခြင်း ဖြစ်ပါ ကြောင်း၊ မိမိပို့ဆောင်သည့် ပစ္စည်းများမှာ တန်ဘိုးအားဖြင့်နည်းပါသော်လည်း ဂိတ်မှ တာဝန်ယူမှု/ တာဝန်ခံမှုမရှိသဖြင့် တိုင်ကြားရခြင်းသာဖြစ်ပါကြောင်းပြောကြားလာပါသည်။ (၁၁.၇.၂၀၂၅)ရက် နေ့တွင် ဌာနတာဝန်ရှိသူမှ (xxxx)ယာဉ်လိုင်း ဂိတ်တာဝန်ခံသို့ ဖုန်းဖြင့်ဆက်သွယ်၍ ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ရာ (xxxx)ယာဉ်လိုင်းမှ တိုင်ကြားသူပျောက်ဆုံးခဲ့သည့် ဖန်ခါးသီး(၂)ပြည်၊ ပဲကိတ် တောင့်(၂)ခုအတွက် လျော်ကြေးငွေ ကျပ်(၅၀၀၀ဝ)အား ပေးလျော်မည်ဖြစ်ပါကြောင်း ပြောကြား လာပါသည်။ တိုင်ကြားသူမှလျော်ကြေးငွေ ကျပ်(၅၀၀၀ဝ) ပေးလျော်မှုအပေါ် ကျေနပ်လက်ခံခဲ့ သဖြင့် (၁၄.၇.၂၀၂၅)ရက်နေ့တွင် (xxxx)ယာဉ်လိုင်းတာဝန်ရှိသူ၊ တိုင်ကြားသူတို့အား ရုံးသို့ခေါ်ယူ၍ ဌာနတာဝန်ရှိသူများ ရှေ့မှောက်တွင် လျော်ကြေးငွေ ကျပ်(၅၀၀၀ဝ)အား ပေးလျော်စေခဲ့ပြီး ယာဉ် လိုင်းမှ တာဝန်ရှိသူအား ကုန်စည်များ သယ်ယူပို့ဆောင်ခြင်း ဝန်ဆောင်မှုပြုရာတွင် ပို့ဆောင်ပေး ရမည့်ကုန်စည်များကို ပစ္စည်းပို့ဆောင်သူ ရှေ့မှောက်တွင် စနစ်တကျဖွင့်ဖောက်စစ်ဆေးပြီး ကုန်စည်၏တန်ဘိုးကိုလိုက်၍ တန်ဆာခတောင်းခံပြီး သယ်ဆောင်ခြင်း ဝန်ဆောင်မှုပေးသင့် ကြောင်း၊ ဝန်ဆောင်မှုပေးရာတွင်လည်း တာဝန်ယူမှု/ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ပေးသင့် ကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ခံဝန်ကတိလက်မှတ်ရေးထိုးစေခြင်း၊ တိုင်ကြား သူဘက်မှလည်း အမှုကျေအေးလွှာအား လက်မှတ်ရေးထိုးစေခြင်း၊ သဘောတူညီချက် ပုံစံ(၉)တွင် လက်မှတ်ရေးထိုးစေခြင်းများ ပြုလုပ်စေလျက် (၁၄.၇.၂၀၂၅)ရက်နေ့တွင် အမှုအားပိတ်သိမ်းနိုင်ခဲ့ ပါသည်။

DOCA(မကွေး)