Main menu

ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal
16 Jun 2023

     ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နေ တိုင်ကြားသူ တစ်ဦးသည် ၄-၅-၂၀၂၃ ရက်နေ့တွင် ပြည်ခရိုင် ဦးစီးမှူးရုံးမှတဆင့် ၁-၅-၂၀၂၃ ရက်နေ့တွင် ပြည်မြို့၊ကားကြီးဝန်းအတွင်းရှိ မော်တော်ယာဉ်လိုင်းဖြင့် ဟင်္သာတမြို့ရှိ မိတ်ဆွေထံသို့ ကုန်ပစ္စည်းတင်ပို့ခဲ့ရာ မော်တော်ယာဉ်ဂိတ်မှ ပစ္စည်းလက်ခံသော စာရေးအနေဖြင့် မိမိအားအများရှေ့တွင် မချေမငံပြောဆို ဆက်ဆံသည့်အတွက် မိမိအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု ဖြစ်ပေါ်ခဲ့သဖြင့် တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့်ပတ်သက်၍ ပြည်ခရိုင်ဦးစီးမှူးရုံးနှင့် ပြ

16 Jun 2023

      ဧရာဝတီတိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် ၂၈-၃-၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှတဆင့် စတိုးဆိုင်တစ်ခုမှ အမှုန့်ကြိတ်စက်ကို ဝယ်ယူခဲ့ရာစက်အောက်ခြေမှ မီးပွားများထွက်၍ လဲလှယ်ရာတွင် ပစ္စည်းအစားထိုး လဲလှယ်ပေးခြင်း မရှိသောကြောင့် တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့် ပတ်သက်၍  ၂၉-၃-၂၀၂၃ ရက်နေ့တွင် ပုသိမ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက စတိုးဆိုင်ပိုင်ရှင်ကို ခေါ်ယူတွေ့ဆုံညှိနှိုင်းရာ တိုင်ကြားသူသည် ပစ္စည်းကို အသုံးပြုထားပြီးဖြစ်သဖြင့် လဲလှယ်ပေးခြင်းမပြုနိုင်ကြေ

31 May 2023

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နေ တိုင်ကြားသူသည် Online Shop Facebook Page မှ Honda Giorno 50CC Efi မော်တော်ဆိုင်ကယ်ကို ငွေကျပ်သုံးသိန်းလေးသောင်း(၃၄၀၀၀ဝိ/-)ဖြင့် ဝယ်ယူခဲ့ပြီး ကျသင့်ငွေအား KBZ pay ဖြင့်ငွေပေးချေခဲ့ကြောင်း၊ ငွေလွှဲပြီးသော်လည်း ပစ္စည်းပေးပို့လာခြင်းမရှိသည့်အတွက် ဖုန်းဖြင့်ဆက်သွယ်သော်လည်းမရသဖြင့် နစ်နာမှုအား ဖြေရှင်းဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီဌာန၏ Facebook စာမျက်နှာသို့ Messenger မှတစ်ဆင့် တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့်ပတ

12 May 2023

     မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် ဆိုင်ကယ်အရောင်းပြခန်းမှ ၁၉-၅-၂၀၂၂ ရက်နေ့တွင် TVS Dazz (အနက်) ယာယီ 05xxxx ကို ကနဦးငွေကျပ် ၇၃၅၀၀၀ နှင့် တစ်လလျှင် ၂၁၅၀၀၀ ကျပ်ဖြင့် (၈) လ အရစ်ကျဝယ်ယူခဲ့ကြောင်း၊ ယခုအချိန်တွင် ငွေအကြေအလည် ပေးချေပြီးသော်လည်း ရောင်းချသော ကုမ္ပဏီအနေဖြင့် ဆိုင်ကယ်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို အကြိမ်ကြိမ် သွားရောက်ညှိနှိုင်းတောင်းခံသော်လည်း လက်ဝယ်သို့ ပေးအပ်ခြင်းမရှိပါသဖြင့် ၁၃-၂-၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှတဆ

12 May 2023

    ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် ၁၃-၂-၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှတဆင့် ကုန်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့်ပတ်သက်၍  တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း မှ တာဝန်ရှိသူများနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းမှ ၇-၁-၂၀၂၃ ရက်နေ့တွင် ညောင်ရွှေရုံးတွင် Waybill အမှတ် MS xxxxx  နံပါတ်ဖြင့် ရန်ကုန်မြို့ရှိ သင်္ဃန်းကျွန်းမြ

Pages