Main menu

ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခု၏ Mobile App တစ်ခုတွင် 1024 Mb အား ငွေကျပ် ၉၉၀/- ရေးသားထားသော်လည်း အမှန် တကယ်ဝယ်ယူချိန် တွင် 300 Mb သာရရှိသောကြောင့် စားသုံးသူ ရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် တိုင် ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြား ခံရသည့် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူများထံသို့ ဆက်သွယ်အကြောင်းကြားခဲ့ရာ တာဝန်ရှိသူများသည် လိုအပ်သည့်စိစစ်မှုများဆောင်ရွက်ခဲ့ပြီးနောက် တိုင်ကြားသူမှ Sate Tine Kya Package ကို ဝယ်ယူသည့်အချိန်တွင် နည်းပညာချို့ယွင်းချက်ကြောင့် Package 1024 MB အပြည့် မရရှိဘဲ 300MB သာရရှိခြင်းဖြစ်ပါကြောင်း၊ U9 ၏ နည်းပညာဆိုင်ရာအဖွဲ့မှ ထိန်းညှိပြင်ဆင်မှုများနှင့် System မွမ်းမံပြင်ဆင်လိုက်ခြင်းကြောင့် ယခု အခါတွင် Sate Tine Kya Package(1024 MB) ကို ဝယ်ယူရရှိနိုင်ပြီဖြစ်ပါကြောင်း၊ တိုင်ကြားသူထံသို့လည်း ၈-၅-၂၀၂၆ ရက်နေ့တွင် ဖုန်းခေါ်ဆိုပြီး အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ဖြတ်တောက်ထားသောငွေများကိုလည်း တိုင်ကြား သူထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ရာ တိုင်ကြားသူမှ ၎င်းတို့၏ ဖြေရှင်းချက်အပေါ် ကျေနပ်လက်ခံ ပါကြောင်း အကြောင်းပြန်ကြားလာသဖြင့် ဌာနမှ တာဝန်ရှိသူများသည် တိုင်ကြားသူထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဆက်သွယ်ရေးကုမ္ပဏီ၏ ဖြေရှင်းပေးမှုအပေါ် ကျေနပ်မှုရှိပါကြောင်းနှင့် တိုင်ကြားမှုအား ပိတ်သိမ်းလိုကြောင်း ပြန်လည်ပြောကြားလာသဖြင့် တိုင်ကြားမှု အား ၂၀-၅-၂၀၂၆  ရက်နေ့တွင် ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။