Main menu

မြန်မာပဲတီစိမ်းများအား ဥရောပနိုင်ငံများသို့တင်ပို့ရာတွင် ဥပဒေသတ်မှတ်ချက်များနှင့်အညီ စိုက်ပျိုးထုတ်လုပ်တင်ပို့သွားနိုင်ရေး ဆောင်ရွက်ချက်များ

Powered by Drupal
Tue, 04/05/2022 - 15:14 -- admin

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဥရောပသမဂ္ဂ နိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် ၂၀၁၄ - ၂၀၁၅ ခုနှစ် မှ စတင်၍ မြန်မာပဲများတင်ပို့ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်း၍ စိုက်ပျိုးရာသီအလိုက် ကောင်းမွန်သော စိုက်ပျိုးရေးကျင့်စဉ် များ၊ ကောင်းမွန်သော ကျန်းမာသန့်ရှင်းမှုဆိုင်ရာ ကျင့်စဉ်များဖြင့် စိုက်ပျိုးနိုင်စေရေးနှင့် ပိုးသတ်ဆေး စနစ်တကျသုံးစွဲနိုင်စေရေးအတွက် တောင်သူပညာပေးသင်တန်းများပို့ချခြင်း၊ ပဲတီစိမ်းတင်ပို့မည့် ကုမ္ပဏီများအား  Processer စစ်ဆေးခြင်းနှင့် စစ်ဆေးပြီးကုမ္ပဏီများ၏ ပဲများအား ပဲရာသီအလိုက် ဥရောပသမဂ္ဂနိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပဲတင်ပို့သူများအစုအဖွဲ့တို့ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါသည်။