Main menu

HighLight News

Powered by Drupal

Terminal-M(Ocean)ရှိ ထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         (၂၆.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃) ဦးတို့သည် အမှတ် (၁၉၆)၊ အမှတ် (၃) လမ်းမကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ Terminal-M (Ocean)တွင် ရောင်းချလျက်ရှိသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံထုတ်ပစ္စည်းများ၏ ယခင်အပတ်နှင့် ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများ ကောက်ခံခြင်းနှင့်ပစ္စည်းများ ပြတ်လပ်မှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/ မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

လှိုင်သာယာမြို့နယ်အတွင်း Modern Mart များအလိုက် ရောင်းချလျက်ရှိသော စားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်းများ၏ အခြေအနေအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၂၆.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် လှိုင်သာယာမြို့နယ်ရှိ City Mart Supermarket နှင့် Sein Gay Har Supercenter တွင် ရောင်းချလျက်ရှိသော စားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်းများ၏အခြေအနေအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် City Mart Supermarket နှင့် Sein Gay Har Supercenter တွင် ရောင်းချနေသော စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်းရှိ/ မရှိနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး ယခင်အပတ်ဈေးနှုန်းနှင့် ယခု အပတ်တွင်ရောင်းချနေသော ဈေးနှုန်းများ ကောက်ယူခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်ရှိ ဈေးများသို့ ဈေးနှုန်းကောက်ယူခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          (၂၆.၁၁.၂၀၂၅) ရက်နေ့နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃) ဦးတို့ အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်ရှိဈေးများတွင် ဈေးတာဝန်ခံနှင့်ပူးပေါင်း၍ ဈေးနှုန်းကောက်ယူခြင်းနှင့် ဈေးကွက်စောင့်ကြည့် ကွင်း ဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဒေါ်နီလာဝင်း၊ ဦးစီးမှူးက ကုန်စုံဆိုင်ရှိ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ အချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Lwin Maung Maung Co.,Ltd ဘူးသွင်းဆီထုတ်လုပ်သည့်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ (၃) ဦးတို့သည် (၂၅.၁၁.၂၀၂၅)ရက်နေ့ ညနေ(၁၆:၂၀) နာရီအချိန်တွင် အမှတ်‌(၆၇၊ ၆၈၊ ၆၉၊ ၇၀)၊ ကနောင် မင်းသားကြီးလမ်း၊ ရွှေလင်ပန်းစက်မှုဇုန်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ စားအုန်းဆီဘူးသွင်း ထုတ်လုပ်သည့်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် Lwin Maung Maung Co.,Ltd မှ ထုတ်လုပ်မှုတာဝန်ခံ ဦးပိုင်ဖြိုးသူမှ ယခုအခါတွင် IV-62 အရည်အသွေးရှိအဆင့်မြင့်စားအုန်းဆီကို “Swan”အမည်ဖြင့် ဆိုဒ်မျိုးစုံဖြင့် ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းထုတ်လုပ်မှု အထောက်အထားများ ရရှိထားပြီးဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

လှိုင်သာယာမြို့နယ်ရှိ အဆင့်မြင့်စားအုန်းဆီဘူးသွင်းထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်၍ လုပ်ငန်းရှင်အသိပညာပေးဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ (၃)ဦးတို့သည် (၂၅.၁၁.၂၀၂၅)ရက်နေ့ ညနေ(၁၇:၀၀)အချိန်တွင် အမှတ်‌(၆၇၊ ၆၈၊ ၆၉၊ ၇၀)၊ ကနောင် မင်းသားကြီးလမ်း၊ ရွှေလင်ပန်းစက်မှုဇုန်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ အဆင့်မြင့်စားအုန်း ဆီဘူးသွင်း ထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်၍ လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါ လုပ်ငန်းရှင်အား အသိပညာပေးရာတွင် ခရိုင်ဦးစီးမှူး ဦးလှစိုးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် တာဝန်များ ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း၊ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Myat Ay Kan Co.,Ltd ဘူးသွင်းဆီထုတ်လုပ်သည့်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးပါ (၃)ဦးတို့သည် (၂၅.၁၁.၂၀၂၅)ရက်နေ့ ညနေ(၁၆:၂၀)အချိန်တွင် အမှတ်‌(၂၇)၊ ဦးထွန်းညိုလမ်း၊ စက်မှုဇုန် (၁)၊ လှိုင်သာယာမြို့နယ်ရှိ စားအုန်းဆီဘူးသွင်းထုတ်လုပ်သည့်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ခဲ့ရာတွင် Myat Ay Kan Co.,Ltd မှ ထုတ်လုပ်မှုတာဝန်ခံ ဒေါ်မေအိမ့်သူမှ မိမိတို့စက်ရုံသည် ယခုအခါတွင် IV-62 အရည်အသွေးရှိအဆင့်မြင့်စားအုန်းဆီကို “ရွှေမြတ်” အမည်ဖြင့် ဆိုဒ်မျိုးစုံဖြင့် ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း ဌာနဆိုင်ရာအလိုက် ထောက်ခံချက်များအနေဖြင့် (၂၉.၈.၂၀၂၅)ရက်နေ့တွင် မြန်မာ့ကုန်ပစ္စည်း  စစ်ဆေးရေးနှင့် အရည်အသွေးစမ်းသပ်မှု ကုမ္ပဏီ(MITS)မှ စမ်းသပ်စစ်ဆေးချက်ရရှိကာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA) ထောက်ခံချက်လည်းရရှိပြီးဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

အဆင့်မြင့်စားအုန်းဆီဘူးသွင်းထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်၍ လုပ်ငန်းရှင်အသိပညာပေးဆွေးနွေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ (၃) ဦးတို့သည် (၂၅.၁၁.၂၀၂၅)ရက်နေ့ ညနေ (၁၆:၀၀) နာရီအချိန်တွင် အမှတ်‌(၂၇)၊ ဦးထွန်းညိုလမ်း၊ စက်မှုဇုန် (၁)၊ လှိုင်သာယာမြို့နယ်ရှိ ရွှေမြတ်အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီဘူးသွင်း ထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်၍ လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါ လုပ်ငန်းရှင်အား အသိပညာပေးရာတွင် ခရိုင်ဦးစီးမှူး ဦးလှစိုးမှ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအတွက် အသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းရှင်များအား အသိပညာပေးတွေ့ဆုံဆွေးနွေးခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် စက်ရုံ၊ အလုပ်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) ပါ အကြောင်းများ၊ စားသုံးသူ များသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No. 1535 သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းမှတ်ပုံတင်ဆိုင်ရာ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

       (၂၆.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် အမှတ် (၂၄၂)၊ ဒါးပိန်လမ်းခွဲ၊ ပြည်တော်သာရပ်ကွက်၊ လှည်းကူးမြို့နယ်ရှိ ဟနာ့ခရက်လုပ်ငန်းအား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ ကြောင်းရပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက် (၁၈) ချက်နှင့် ကိုက်ညီမှုရှိ/မရှိကို DOCA Application တွင် ထည့်သွင်း၍ စစ်ဆေးခဲ့ပြီး မှတ်ပုံတင်လက်မှတ် ရရှိသူ၏တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စီးပွားရေးလုပ်ငန်း ရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများသည် (၂၆.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၁:၅၀) နာရီအချိန်တွင် အင်းစိန်မြို့နယ် လှိုင်မြစ်လမ်းပေါ်ရှိ One Stop Mart သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆောင်ရွက်ခဲ့ရာတွင် One Stop Mart သို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူမှ မိမိတို့ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းများ၊ အသင့်သောက်အချိုရည်များ၊ အရန်သင့် အစားအစာများ အဟာရဖြည့်စွက်စာများ၊ လူသုံးကုန်ပစ္စည်းများ၊ သွားတိုက်ဆေးများ၊ ဆပ်ပြာအမျိုးမျိုးတို့ တွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များအား မြန်မာလိုရေးသား ဖော်ပြထားပြီး အလေးချိန်တို့သည် ဂရမ်ဟုဖော်ပြထားကြောင်း၊ ဈေးနှုန်းလည်း ယခင်အပတ်ထက် မြင့်တက်နေခြင်းမရှိဘဲ ပစ္စည်းများလည်း ပြတ်လပ်မှုမရှိပါကြောင်း၊ သက်ဆိုင်ရာဌာန ထောက်ခံချက်များလည်းပါဝင်ပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံပြီး သတ်မှတ်ချက်နှင့်ကိုက်ညီသောပစ္စည်းများကိုသာ ရောင်းချရမည်ဖြစ်ကြောင်း  အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ကုန်စည်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေ‌ရန်၊ ထုတ်ကုန်လုံခြုံစိတ် ချရမှုရှိစေရန်၊ လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များဈေးကွက်အတွင်းသို့ မရောက်ရှိစေရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်သွားစေရန် စသည့်ရည်ရွယ်ချက်များဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိကျော်ဇောသူမုန့်မျိုးစုံနှင့် အကြော်စုံလုပ်ငန်းသို့  ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့၊ နံနက်(၀၉၀၀)နာရီအချိန်တွင် ကျွန်းလှမြို့မရဲစခန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့ဖြင့်  သွားရောက် ကွင်းဆင်း၍  ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျော်ဇောသူမုန့်မျိုးစုံနှင့် အကြော်စုံလုပ်ငန်းမှ  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်စည်အမျိုးအစား၊ အမှတ်တံဆိပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင် ကိုက်ညီမှု ရှိ/မရှိ အခြေအနေတို့ကို စစ်ဆေးရာတွင် မိမိတို့ စားသုံးသူ‌‌ရေးရာဦးစီးဌာနအတွင်း ကုန်အညွှန်းအမှတ်အသား လျှောက်ထားသည့်  စာလေးခွေကြော်၊ ပဲခွေကြော်၊ မုန့်စကြာကြော်၊ ပဲလွန်းပြာကြော်၊ ငါးမှုန့်ကြော်နှင့် ဗရာကြော် အထုတ်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ထားသည့် သတ်မှတ်ချက်များနှင့်အညီ အသေးစိတ်စိစစ်ချက်များအတိုင်း မြန်မာဘာသာဖြင့် ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားသည်ကို စိစစ်တွေ့ရှိခဲ့ရပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်တို့ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

Pages

Subscribe to RSS - HighLight News