Main menu

HighLight News

Powered by Drupal

အမှတ်(၂)ရပ်ကွက် အတွင်းရှိ ဆန်ဆိုင်များအား ဌာနဆိုင်ရာအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

              ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်းတို့သည်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဧပြီလ() ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေးနှင့် ကုန်ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိမရှိ စစ်ဆေးခဲ့ပြီး ဆန်အမျိုးအစားအလိုက် လက်ကျန်နှင့် ဈေးနှုန်းဈေးကွက်များကို စစ်ဆေးခဲ့ကြပါသည်။ ထို့အပြင် ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်းဖြင့် ဆိုင်းဘုတ်တင်ရောင်းချခြင်းရှိ /မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ အောင်ရတနာဆန်စက်အား ဈေးနှုန်း/ဈေးကွက်အခြေအနေနှင့် ဆန်/စပါး လက်ကျန်အား ကွင်းဆင်းဆွေးနွေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ () ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ အောင်ရတနာဆန်စက်အား ကွင်းဆင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

          သို့ဖြစ်ပါ၍ အောင်ရတနာဆန်စက် လုပ်ငန်းရှင်ဦးစန်းအောင်နှင့် ဆွေးနွေးသည်မှာ ယခုနှစ် ဆန်ဈေးပုံမှန်သာရှိပြီး အရောင်းအဝယ်အေးပါသည်။ ရန်ကုန်ဈေးကွက်သို့ မည်သို့တင်ပို့ရောင်းချကြောင်းနှင့် ဆန်အရောင်းအဝယ်ပြုလုပ်ရာတွင် ဆန်အမျိုးအစားအလိုက် ရောင်းချသည့် ဈေးနှုန်း၊ ဆန်ဈေးကွက် ပုံမှန်ဖြစ်သောကြောင့် သတ်မှတ်ထားသော ဆန်အမျိုးအစား၊ အရည်အသွေးအလိုက်ရောင်းချကြောင်း၊ MyRo သိုလှောင်ရုံ ဆန်/ စပါးလက်ကျန်စာရင်းအား ပုံမှန်ပေးသွင်းရန်တို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

အမှတ်(၂)အတွင်းရှိ အလှကုန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ () ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်  ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်အတွင်းရှိ အလှကုန်များရောင်းချသောဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါစစ်ဆေးမှုတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးရန်နှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲတို့ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများ တိုင်းခရိုင်ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကျိုက်လတ်မြို့နယ်ရှိ ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်များအား အသိပညာပေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့၊ မွန်းလွဲ (၁၅:၃၀) နာရီ အချိန်တွင် မြို့နယ်တာဝန်ခံရုံး၌ ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲတွင် ကျိုက်လတ်မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူရောင်းချရာတွင် စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သော ကုန်စည်များကို ရွေးချယ်ရောင်းချရန်နှင့်  FDA ထောက်ခံချက်ပါသော ကုန်စည်များကိုသာ ရောင်းချသင့်ကြောင်း၊ တရားမဝင် ကုန်စည်များကို ရောင်းချခြင်းမပြုလုပ်ကြရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၀) ပုဒ်မ (၂၂) အရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ဘိုကလေးမြို့နယ်အတွင်း ရောင်းချနေသော စက်သုံးဆီအရောင်းဆိုင်များသို့ လက်ကျန်စာရင်း ပေးပို့ထားမှု့အပေါ် မှန်ကန်မှုရှိ/ မရှိနှင့် ရောင်းချနေမှုအပေါ် စနစ်ကျမှုရှိ/မရှိ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။  စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ သိုလှောင်ထားရှိမှုအခြေအနေ၊ ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေး၊ သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့်သာရောင်းချကြရန်နှင့် မီးဘေးအန္တရာယ်အတွက် စီစဉ်ထားရှိမှု အခြေအနေများနှင့် အလေးချိန် အချိန်အတွယ် ပြည့်မီစွာရောင်းချနေမှုရှိ/ မရှိတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

      ကျိုက်လတ်မြို့နယ်အတွင်းရောင်းချနေသော စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ သိုလှောင်ထားရှိမှုအခြေအနေ၊ ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေး၊ သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့်သာရောင်းချကြရနနှင့် မီးဘေးအန္တရာယ်အတွက် စီစဉ်ထားရှိမှု အခြေအနေများနှင့် အလေးချိန် အချိန်အတွယ် ပြည့်မီစွာ ရောင်းချနေမှုရှိ/ မရှိတို့ကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်ရှိ  ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြိုနယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းများသည် မီးသတ်ဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဧပြီလ(၂) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဈေးကွက်အတွင်း ရောင်းချနေသော ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    အဆိုပါ စစ်ဆေးရာတွင် လက်ရှိဈေးကွက်အတွင်းရောင်းချနေသော ဆေးဝါးပစ္စည်းများတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပြည့်စုံမှု ရှိ/ မရှိနှင့် တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများရောင်းချရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုကြရန်၊ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအနေဖြင့် ဆေးဝါးများအား ဝယ်ယူစုဆောင်းသိုလှောင်မှုမရှိဘဲ လိုအပ်သည့်ဆေးဝါးများကို အပတ်စဉ် ဝယ်ယူရောင်းချလျက်ရှိပါသည်။ အဖွဲ့အနေဖြင့်လည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်၍ ဝယ်ယူစုဆောင်း သိုလှောင်ခြင်းများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးပေါင်းအဖွဲ့မှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအပေါ် သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ စားသုံးသူရေးရာဦးစီးဌာနရုံးတွင် မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          ဘိုကလေးမြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးက လုပ်ငန်းရှင်များအား ဆီအမျိုးမျိုးတွင် ချိတ်ပိတ်ဆီဘူးများအား မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များပါဝင်မှုရှိ/ မရှိ၊ FDA ထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထားသိုသိမ်းဆည်းပုံ၊ အလေးချိန်ကို ပိဿာ၊ ကျပ်သားဖြင့် ဖော်ပြထားခြင်းပါဝင်မှုရှိ/ မရှိနှင့်  ပုဇွန်တံဆိပ်ချိတ်ပိတ်ဆီဘူးများအကြောင်း၊ ဆီအတုအပ ရောနှောဆီများတွင် (ပဲဆီ၊နှမ်းဆီ၊နေကြာဆီ) များမရှိကြောင်း၊ ရောနှောဆီမဖြစ်ရန် လိုအပ်ကြောင်း၊ ခွဲတမ်းရစားဆီများကို သတ်မှတ်ရည်ညွန်းဈေးနှုန်းအတိုင်း ဆိုင်းဘုတ်တင်ရောင်းချရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်စည်များနှင့်ပက်သက်၍လည်း ဝယ်ယူရောင်းချခြင်းများမပြုရန် တိုက်တွန်းဆွေးနွေးအသိပညာပေးမှုအပေါ် သတင်းရရှိပါသည်။ အသိပညာပေးမှုအပေါ် သတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့၌ ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘ၀alk Show ကျင်းပပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ (၂.၄.၂၀၂၆)ရက်နေ့၊‌ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ထုတ်ကုန်ဘေးကင်းလုံခြုံမှယုံကြည်စိတ်ချစားသုံးသူဘ၀အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
           အဆိုပါ Talk Show အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်အေးမြမွန်က ယခု Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို‌‌ပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ-လက်‌ထောက်ကြီးကြပ်‌ရေးမှူးဦးခန့်စည်သူက ထုတ်ကုန်များ‌ဘေးကင်းလုံခြုံမှုရှိ‌စေရန် စားသုံးသူရေးရာဦးစီးဌာနအ‌နေဖြင့်‌ ကျောင်းများ၊‌ ဈေးများ၊‌ ကျေးရွာများ၊ ရပ်ကွက်များ၊ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် တက္ကသိုလ်အသီးသီးတွင် စားသုံးသူကာကွယ်‌ရေးအသိပညာ‌ပေးလုပ်ငန်းများကို‌ ဆောင်ရွက်လျက်ရှိသလို စက်လုပ်/အလုပ်ရုံများမှာလည်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ‌စေရေး အသိပညာ‌ပေးဟောပြောပွဲများကို‌ ဆောင်ရွက်လျက်ရှိပြီး ဒါအပြင်ကုန်စည်နှင့် ၀န်‌ဆောင်မှုများအား‌ ဈေးကွက်‌စောင့်ကြည့်စစ်‌ဆေးခြင်းကို သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်‌‌ပေါင်းစပ် ဆောင်ရွက်လျက်ရှိပါ‌ကြောင်းနှင့် စားသုံးသူကာကွယ်‌ရေးဥပ‌ဒေ အခန်း(၁၁)၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်‌ပေးခြင်းနှင့် ပတ်သက်ပြီး ပုဒ်မခွဲ(၂၂)နှင့်(၂၃)၊ ဒါအပြင်အခန်း(၁၂) ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံ‌ပေးထားမှုအ‌ပေါ် စားသုံးသူက‌တောင်းဆိုနိုင်သည့် အခွင့်အ‌ရေးများမှ ပုဒ်မခွဲ(၂၄)နှင့် (၂၅)တို့ကို ရှင်းလင်း‌ပြောကြားခဲ့ပြီး စီးပွား‌ရေးလုပ်ငန်းရှင်များအ‌နေဖြင့် စားသုံးသူကာကွယ်‌ရေးဥပ‌ဒေပါကုန် အညွှန်းအမှတ်အသားပါအချက်များကိုအလေးထားဆောင်ရွက်မှသာ အရည်အ‌သွေးကောင်းမွန်‌‌သော ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်မှာဖြစ်ပြီး စားသုံးသူများအတွက်လည်း ‌ဘေးအန္တရာယ်ကင်းရှင်း‌စေမှာဖြစ်ပြီး ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘ၀ကို ရရှိ‌စေနိုင်မှာဖြစ်ကြောင်း သိရှိရပါသည်။ 

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့၌ ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေး

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးပွဲအား (၂-၄-၂၀၂၆)ရက်နေ့၊ ည‌‌နေ(၁၅:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာ၀န်ခံရုံးတွင် ကျင်းပပြုလုပ်သည်။
          ဆွေးနွေးပွဲတွင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံက ဆီလက်ကားကိုယ်စားလှယ်များ၊ ဆီထုတ်ကိုယ်စားလှယ်များအား ဒေးဒရဲမြို့ဆီခွဲတန်းရရှိမှုအပေါ် သတ်မှတ်ရက်အတွင်း အချိန်နှင့် တပြေးညီ ဆီထုတ်ယူပေးနိုင်ရန်၊ ဆီလက်ကားကိုယ်စားလှယ်များမှလည်း ရရှိသောဆီများကို စနစ်တကျရောင်းချသွားရန်၊ သတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီများအား လက်လီဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ စားအုန်းဆီအရောင်းဆိုင်များအနေဖြင့် စားအုန်းဆီများအား သတ်မှတ်အချိန်ကာလအတွင်း သတ်မှတ်ပမာဏ၊ သတ်မှတ်ဈေးနှုန်းအတိုင်း အလေးချိန်ပြည့်မီစွာဖြင့် ပြည်သူလူထု လက်ဝယ်အရောက် ရောင်းချသွားရန်လိုအပ်ကြောင်း၊ မလိုလားအပ်သောနေရာများသို့ မရောင်းချမိစေရန်လိုအပ်ကြောင်း၊ ကျေးရွာများသို့ ဆီအရောင်းကိုယ်စားလှယ်များမှ ရောင်းချရက်အတွင်း သတ်မှတ်ချက်နှင့် အညီရောင်းချပေးနိုင်ရန် အပတ်စဉ်ထုတ်ယူရောက်ရှိလာသည့် စားအုန်းဆီများ၏ ရောင်းလိုအား၊ ဝယ်လိုအားအခြေအနေများညီမျှရန်၊ စားသုံးသူပြည်သူများ သက်သာစွာဝယ်ယူနိုင်ရန် အဓိကထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့်လည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးခဲ့သည်။
   အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဒေးဒရဲမြို့နယ်ရှိ ဆီလက်ကားကိုယ်စားလှယ်များနှင့် လက်လီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News