Main menu

HighLight News

Powered by Drupal

ကြံခင်းမြို့၌ ကျေးရွာနေပြည်သူများလက်ဝယ်သို့ စားအုန်းဆီများ မှန်ကန်စွာ‌ရောက်ရှိစေရေး ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ကွေ့မအုပ်စု၊ ချောင်းခွကျေးရွာတွင် ဩဂုတ်လ(၆)ရက်နေ့ နံနက်ပိုင်းက ကျေးရွာနေပြည်သူများလက်ဝယ်သို့ စားအုန်းဆီများ မှန်ကန်စွာရောက်ရှိရေးအတွက် ဒေါ်ဝင်းဝင်းမော်ကျေးရွာလက်လီအရောင်းဆိုင်၌ ဆီဝယ်ယူခွင့်စာအုပ်ဖြင့် စနစ်တကျရောင်းချပေးနေမှုများအား တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထို့သို့ရောင်းချနေမှုများအား မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးကျော်ဝင်းမော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်ခင်သန္တာထိုက်၊ မြို့နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ချောင်းခွတာဝန်ခံစာရေးတို့က ကွေးမအုပ်စုရှိ အိမ်ထောင်စု ၅၀၇ စုအား စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေး တစ်ပိဿာလျှင် ၈၂၂၉/- ကျပ်ဖြင့် အိမ်ထောင်စု တစ်စုလျှင် ၅၀ ကျပ်သားနှုန်း ရောင်းချပေးနေမှု၊ စားအုန်းဆီထုတ်ယူခွင့်စာအုပ်ဖြင့် ထုတ်ယူရာတွင်  သတ်မှတ်အလေးချိန်၊ သတ်မှတ်ဈေးနှုန်းဖြင့် ကျေးရွာနေပြည်သူများ လက်ဝယ်အရောက် ရောင်းချနေမှုအား ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

MSME လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ‌ဟောပြောခြင်း

        ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်ဗိုလ်ချုပ်လမ်း၊လမ်းမတော်(မ)ရပ်ကွက်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက MSME လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ‌ဟောပြောဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ဆွေးနွေးဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းထားရှိမှုအခြေအနေများ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေအရ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍  ညွှန်ကြားချက် ထုတ်ပြန်ထားရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့် အညီ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြရမည်ဖြစ်ကြောင်း၊  ကုန်အညွှန်းအမှတ်အသား လာရောက်လျှောက်ထားရာတွင် လိုအပ်သောအချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ လိုက်နာရန် ပျက်ကွက်ခဲ့ပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များကြောင်းကို ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့နယ်အတွင်းရှိ ဆေးဆိုင်များ၊မုန့်မျိုးစုံအရောင်းဆိုင်များနှင့် စားသောက်ကုန်အမျိုးမျိုးအား ခရိုင် FDA  မှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် မြို့မနေခြည်ဈေးအတွင်းရှိ  ဆေးဆိုင်များ၊ ကုန်စုံဆိုင်များ၊ မုန့်အမျိုးမျိုးဆိုင်များ စသည့် အရောင်းဆိုင်များသို့ (၄.၈.၂၀၂၆)နေ့ နံနက် (၀၇း၃၀) နာရီအချိန်မှစ၍ ဟင်္သာတခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းသောအဖွဲ့သည် သက်တမ်းကျော်လွန်သော ဆေးဝါးများ ရောင်းချမှု ရှိ/ မရှိ၊ ကုန်ပစ္စည်းများပေါ်တွင်  မြန်မာဘာသာဖြင့် ကုန်အညွှန်းအသားဖော်ပြခြင်းများရှိ/ မရှိ၊ ငရုပ်သီးများ၊ မျှစ်များနှင့်အချိုရည်များတွင် ဆိုးဆေး ပါဝင်ခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး၍ နမူနာများရယူခြင်းများ‌ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

     ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် မြန်အောင်မြို့ပေါ်ရပ်ကွက်နှင့် မြို့မနေခြည်ဈေးအတွင်းရှိ ဆိုင်များတွင် ရောင်းချသော အစားအသောက်များ၊ ငရုတ်သီးမှုန့်၊ ပဲပြား၊ မုန့်ဖတ်များနှင့် ပြန်လည် ပြုပြင်ထုတ်ပိုးထားသော ကုန်စည်များတွင်  ဓါတုဆိုးဆေးသုံးစွဲထားမှု ရှိ/မရှိ၊  Date လွန် ကုန်စည်များ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/ မရှိ စစ်ဆေးခဲ့ပြီး၊ အသင့်စားသောက် ကုန်စည်များတွင်လည်းမြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း၊ ဓါတုဆေးသုံးစွဲသော ကုန်စည်များရောင်းချမှုမရှိဘဲ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

“ သန်လျင်မြို့နယ် City Mart နှင့် Aeon Orange ဆိုင်များတွင် ရောင်းချနေသာ အေးခဲအစားအစာအမျိုးမျိုး၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်ရန်ရည်ရွယ်၍ City Mart နှင့် Aeon Orange ဆိုင်များတွင် ရောင်းချနေသော အေးခဲအစားအစာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိကို ဩဂုတ်လ(၁၁)ရက်နေ့၊ နေ့လယ်(၁၁:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် City Mart နှင့် Aeon Orange ဆိုင်မှ ဆိုင်မန်နေဂျာများနှင့် တွေ့ဆုံ၍ အေးခဲအစားအစာအမျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် အချက်များဖြစ်သော အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု၊ ကြိုတင်သတိပေး ချက်နှင့် သုံးစွဲပုံနည်းလမ်းတို့အား မြန်မာဘာသာဖြင့်ဖော်ပြမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြမှုမရှိသည့် အမျိုးအစားအလိုက် လိုအပ်သည့်အချက်များကို မြန်မာဘာသာဖြင့်ပြန်ထည့်ဖော်ပြပေးရန် နောက်နောင်များတွင်လည်း ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ဦးစားပေးလက်ခံဖြန့်ဖြူး ရောင်းချပေးကြရန် ဆိုင်မန်နေဂျာများနှင့်တွေ့ဆုံမှာကြားခဲ့ပြီး City Mart နှင့် Aeon Orange ဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ုကုန်)

“ကော့မှူးမြို့နယ်၌ စားသုံးဆီအမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ စားအုန်းဆီလက်လီလက်ကား အရောင်းဆိုင်များအား ဩဂုတ်လ(၁၀)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေးရှိ စားအုန်းဆီကိုယ်စားလှယ်များ စားအုန်းဆီဖြန့်ဖြူးမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့်  ကော့မှူးမြို့နယ် စားအုန်းဆီကုန်သည်များအသင်းမှ ခွဲဝေကြီးကြပ်မှုဖြင့် လက်လီလက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော ပြည်တော်သာရပ်ကွက်၊ တာလမ်းသစ်ရပ်ကွက်၊ မြို့မရပ်ကွက် အရောင်းကိုယ်စားလှယ်များနှင့် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ လက်လီကိုယ်စားလှယ်များအား သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း စနစ်တကျလုပ်ကိုင်ဆောင်ရွက်ရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချစေရေး၊ စားသုံးဆီကုန်သည်များအသင်းမှ ဖြန့်ဝေထားသည့် စားအုန်းဆီထုတ်ယူသည့် စနစ်ဖြင့်သာ စနစ်တကျ ဖြန့်ဖြူးရောင်းချစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်ဥက္ကလာပမြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်များအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမောင်ကျော်မြင့်(ဒုခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (--၂၀၂)ရက်နေ့၊ နံနက်(၁:၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတို့ ပူးပေါင်းပြီး တောင်ဥက္ကလာပမြို့နယ် နန္ဒဝင်ဈေးရှိ စားအုန်းဆီအရောင်းဆိုင်များသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။     

          အဆိုပါ တာဝန်ရှိသူများသည် ဈေးကွက်အတွင်း စားသုံးဆီရောင်းချသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး သတ်မှတ်ဈေးနှုန်း ရေးဆွဲထားသည့် လက်လီ/ လက်ကားဈေးနှုန်းများရေးသားထားသည့် Board / ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲရောင်းချရန် ခွဲတမ်းရရှိသည့် ဆီပေပါများကို တဆင့်ပြန်လည်ခွဲဝေပေးမှုအခြေအနေ၊ သတ်မှတ်ညွှန်ကြားပေးသောဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ အချိန်အတွယ်မှန်ကန်မှုရှိစေရေး မိမိရရှိသောခွဲတမ်းများကို ရပ်ကွက်နေစားသုံးသူပြည် သူများလက်ဝယ်သို့အမှန်တကယ်ရောက်ရှိ စားသုံးနိုင်ရန်ရောင်းချပေးနိုင်ရေး၊ ပြည်သူများထံ အပြည့်အဝရောင်းချပေးရန်နှင့် ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘူးသွပ်ဆီများ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဒေါ်လဲ့လဲ့ဌေး (ဒုဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၆.၈.၂၀၂၆ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ်၊  ပုဇွန်တောင်ဈေးရှိဘူးသွပ်ဆီများတွင်  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်း ရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိက ပုဇွန်တောင်ဈေးတွင် ရောင်းချနေသောဘူးသွပ်ဆီ အမှတ်တံဆိပ်များမှာ ရွှေအုံ(မြေပဲဆီ)၊ ရန်ကုန်(မြေပဲဆီ)၊ ငွေသဇင်မင်း(မြေပဲဆီ)၊ ရွှေ(ပဲဆီသန့်)၊ Meizan (မြေပဲဆီ) စံချိန်(မြေပဲဆီသန့်)၊ အမေထွား(မြေပဲဆီ)၊ ဧရာဝတီ (မြေပဲဆီသန့်)များမှာ ဥပဒေပါအခန်း(၁၈)တွင်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိကို စစ်ဆေးခဲ့ရာ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးအရာရှိက  ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ) နှင့်(ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ် ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်၊  ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ် မပြည့်စုံသော ကုန်ပစ္စည်းများအား ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ရုံးအုပ်)သည် (၅-၈-၂၀၂၆) ရက်နေ့၊ နံနက်(၁၁:၃၀)နာရီချိန်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး၌ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအဓိပ္ပါယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များ တင်ပြရန်လိုအပ် ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုအပ်ပါကြောင်း၊ ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်ထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ၊ Online Sale Owner ၏ မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale Lago များ ပြင်ဆင်ထားရန်လိုအပ်ကြောင်း Online Sale လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် Sing Up (Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်မှတ်ပုံ တင်နိုင်ကြောင်းနှင့် www.eComreg.gov.mm မှ တဆင့် မှတ်ပုံတင်လှောက်ထားနိုင်ကြောင်း၊ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online မှ ‌ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှုဥပဒေအရ၊ပုဒ်မ (၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက် လာသူများအနေဖြင့် အွန်လိုင်းစနစ်ကိုကိုယ်တိုင်လုပ်ကိုင်ခြင်းမရှိပါကလည်း   မိမိတို့ပတ်ဝန်းကျင်၌ လုပ်ကိုင်ဆောင်ရွက်သူများရှိပါက အသိပေးပြောကြားရန်လိုအပ်ကြောင်း၊ ယခုအခါ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော စားသောက်ကုန်၊ လူသုံးကုန်၊ ဝန်ဆောင်မှုစသည်တို့မှာများစွာရှိကြောင်း၊ အွန်လိုင်းစနစ်ကို မှတ်ပုံတင်ခြင်းအားဖြင့် လုပ်ငန်းလုပ်ကိုင်သူနှင့် ဝယ်ယူစားသုံးသူနှစ်ဦးနှစ်ဖက် လုံခြုံစိတ်ချရမှုရှိမည် ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကုန်စည်များအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ City Mart သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး (၅-၈-၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ 

      ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် City Mart အတွင်းရောင်းချနေသော ကုန်ပစ္စည်းများတွင်  ကုန်စည်အမျိုးအစားအလိုက် ကုန်ညွှန်းအမှတ်အသား သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို  သိသာထင်ရှားစွာ ဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ပြီး  စားသုံးသူမိဘပြည်သူများ  ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော City Martများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (/၂၀၁၉) နှင့် အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း  လိုက်နာဆောင်ရွက်ရန်နှင့်သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြိတ်မြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး ဟောပြောခြင်း

          ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့၊ ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ သာကေတရပ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ၊ ဒုခရိုင်ဦးစီးမှူးမှ စားသုံးသူ‌ရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များ၊ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ အွန်လိုင်းရောင်းချမှုများ၊ ဝယ်ယူမှုများနှင့်ပတ်သက်၍ သိရှိသတိပြုသင့်သည့်အချက်များ စသည့်သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကာ ဟောပြောပွဲအား ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ ၄၀၀ ဦးခန့်တက်‌ရောက်ခဲ့ပြီး ၁၁း၀၀ နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - HighLight News